Zawgyi Version
အေဒၚအပ်ိဳၾကီးေတြက သင္ရည္းစားထားတာ သိခ်င္မွသိေတာ့မွာပါ။
Facebook ကေတာ့ ရည္းစားရွာတဲ့၀န္ေဆာင္မႈေလးကို စတင္စမ္းသပ္ေနပါျပီ။
Twitter သံုးစြဲသူတစ္ေယာက္ျဖစ္တဲ့ @wongmjane ကေတာ့ အဲဒီ၀န္ေဆာင္မႈေလးအတြက္ sign-up screen ေလး ေတြ႕ျမင္ရေၾကာင္းေရးသားထားတဲ့ tweet ေလးကို ေသာၾကာေန႕က တင္ခဲ့ပါတယ္။
Facebook က Facebook Dating ေလးကို စတင္စမ္းသပ္ေနပါျပီ။ ကၽြန္မကေတာ့ signup screen ကို မသြားႏုိင္ေသးပါဘူး။ သူတို႕ဟာ ၀န္ထမ္းမဟုတ္တဲ့သူေတြစမ္းလို႕မရေအာင္လုပ္ထားပါတယ္။ ဟုတ္ပါတယ္။ ထြက္မွမထြက္ေသးတာလို႕ ေရးသားထားတာျဖစ္ပါတယ္။
Facebook is internally testing Facebook Dating.
I can’t go past the signup screen because they are not activating all non-employee Dating profiles because, well, it’s “pre-launch” 😉 pic.twitter.com/VQFHUJIkuX
— Jane Manchun Wong (@wongmjane) August 3, 2018
Facebook ကိုယ္စားလွယ္တစ္ေယာက္ကေတာ့ ဒီစမ္းသပ္မႈကို အခုလိုပဲအတည္ျပဳေပးခဲ့ပါတယ္။
ကၽြန္ေတာ္တို႕ဟာ Facebook Dating ကို အတြင္းမွာစမ္းသပ္ေနပါျပီ။ feature အသစ္ေတြလည္း လုပ္ေဆာင္ေနပါတယ္။ ဒီထက္ေျပာျပစရာေတာ့ ေလာေလာဆယ္မရွိေသးပါဘူး။
ေမလတုန္းကက်င္းပခဲ့တဲ့ Facebook ရဲ႕ F8 developers conference မွာ CEO Mark Zuckerberg က ရည္းစားရွာတဲ့၀န္ေဆာင္မႈေလးကိုလုပ္ေဆာင္ေနေၾကာင္း ေၾကညာခဲ့ပါတယ္။
ဒါဟာ ခဏတာအေပ်ာ္သေဘာမဟုတ္ဘဲ ေရရွည္တည္တံ့တဲ့စံုတြဲေတြျဖစ္လာေစဖို႕အတြက္လို႕ သူကေျပာခဲ့ပါတယ္။ ဒီ feature ေလးဟာ သံုးစြဲသူေတြသံုးခ်င္မွ သံုးလို႕ရေအာင္လုပ္ထားပါတယ္။ dating profile ေလးကလည္း မသံုးဘူးဆိုရင္ အမ်ားကို ျပသေနမွာမဟုတ္ပါဘူး။
@wongmjane ရဲ႕ tweet ထဲမွာေတာ့ သင့္ရဲ႕လက္ရွိFacebook သူငယ္ခ်င္းေတြက dating profile ကို ေတြ႕ျမင္ႏိုင္မွာမဟုတ္ဘူးလို႕ ေရးသားထားပါတယ္။ သံုးစြဲသူေတြအေနနဲ႕ သူတို႕ရဲ႕ gender နဲ႕ လက္ရွိေနထိုင္ရာျမိဳ႕၊ ဘယ္လိုမ်ိဳးကိုစိတ္၀င္စားသလဲဆိုတာေတြ ေရးသားေပးရမွာျဖစ္ပါတယ္။
Facebook က သံုးစြဲသူေတြကို သူတို႕ရဲ႕အခ်က္အလက္နဲ႕ပတ္သတ္ျပီးေတာ့ ယံုၾကည္ဖို႕ ေမွ်ာ္မွန္းထားပါတယ္။ ဒီႏွစ္အေစာပိုင္းတုန္းကလည္း Cambridge Analytica အရွဳပ္ေတာ္ပံုျဖစ္ထားတာဆိုေတာ့ ျဖစ္လာႏုိင္ပါ့မလား။ Facebook သံုးစြဲသူေပါင္း ၈၇မီလ်ံရဲ႕အခ်က္အလက္ေတြကို ႏုိင္ငံေရးအတြက္အသံုးျပဳဖို႕ ေပးခဲ့တာပါ။
ဧျပီလတုန္းက Facebook ဟာ ၂၀၁၈ ပထမကြာတားမွာ Facebook ေပၚကို အသံုးျပဳခ်ိန္ေတြတက္လာခဲ့တယ္လို႕ သတင္းထုတ္ျပန္ထားပါတယ္။
Unicode Version
အဒေါ်အပျိုကြီးတွေက သင်ရည်းစားထားတာ သိချင်မှသိတော့မှာပါ။
Facebook ကတော့ ရည်းစားရှာတဲ့ဝန်ဆောင်မှုလေးကို စတင်စမ်းသပ်နေပါပြီ။
Twitter သုံးစွဲသူတစ်ယောက်ဖြစ်တဲ့ @wongmjane ကတော့ အဲဒီဝန်ဆောင်မှုလေးအတွက် sign-up screen လေး တွေ့မြင်ရကြောင်းရေးသားထားတဲ့ tweet လေးကို သောကြာနေ့က တင်ခဲ့ပါတယ်။
Facebook က Facebook Dating လေးကို စတင်စမ်းသပ်နေပါပြီ။ ကျွန်မကတော့ signup screen ကို မသွားနိုင်သေးပါဘူး။ သူတို့ဟာ ဝန်ထမ်းမဟုတ်တဲ့သူတွေစမ်းလို့မရအောင်လုပ်ထားပါတယ်။ ဟုတ်ပါတယ်။ ထွက်မှမထွက်သေးတာလို့ ရေးသားထားတာဖြစ်ပါတယ်။
Facebook ကိုယ်စားလှယ်တစ်ယောက်ကတော့ ဒီစမ်းသပ်မှုကို အခုလိုပဲအတည်ပြုပေးခဲ့ပါတယ်။
ကျွန်တော်တို့ဟာ Facebook Dating ကို အတွင်းမှာစမ်းသပ်နေပါပြီ။ feature အသစ်တွေလည်း လုပ်ဆောင်နေပါတယ်။ ဒီထက်ပြောပြစရာတော့ လောလောဆယ်မရှိသေးပါဘူး။
မေလတုန်းကကျင်းပခဲ့တဲ့ Facebook ရဲ့ F8 developers conference မှာ CEO Mark Zuckerberg က ရည်းစားရှာတဲ့ဝန်ဆောင်မှုလေးကိုလုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။
ဒါဟာ ခဏတာအပျော်သဘောမဟုတ်ဘဲ ရေရှည်တည်တံ့တဲ့စုံတွဲတွေဖြစ်လာစေဖို့အတွက်လို့ သူကပြောခဲ့ပါတယ်။ ဒီ feature လေးဟာ သုံးစွဲသူတွေသုံးချင်မှ သုံးလို့ရအောင်လုပ်ထားပါတယ်။ dating profile လေးကလည်း မသုံးဘူးဆိုရင် အများကို ပြသနေမှာမဟုတ်ပါဘူး။
@wongmjane ရဲ့ tweet ထဲမှာတော့ သင့်ရဲ့လက်ရှိFacebook သူငယ်ချင်းတွေက dating profile ကို တွေ့မြင်နိုင်မှာမဟုတ်ဘူးလို့ ရေးသားထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ gender နဲ့ လက်ရှိနေထိုင်ရာမြို့၊ ဘယ်လိုမျိုးကိုစိတ်ဝင်စားသလဲဆိုတာတွေ ရေးသားပေးရမှာဖြစ်ပါတယ်။
Facebook က သုံးစွဲသူတွေကို သူတို့ရဲ့အချက်အလက်နဲ့ပတ်သတ်ပြီးတော့ ယုံကြည်ဖို့ မျှော်မှန်းထားပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း Cambridge Analytica အရှုပ်တော်ပုံဖြစ်ထားတာဆိုတော့ ဖြစ်လာနိုင်ပါ့မလား။ Facebook သုံးစွဲသူပေါင်း ၈၇မီလျံရဲ့အချက်အလက်တွေကို နိုင်ငံရေးအတွက်အသုံးပြုဖို့ ပေးခဲ့တာပါ။
ဧပြီလတုန်းက Facebook ဟာ ၂၀၁၈ ပထမကွာတားမှာ Facebook ပေါ်ကို အသုံးပြုချိန်တွေတက်လာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။