Facebook က ရည္းစားရွာတဲ့ ၀န္ေဆာင္မႈကို စမ္းသပ္ေန

0
1804
Hand holding smart phone with sending heart

Facebook က ေမလအေစာပိုင္းမွာ က်င္းပျပဳလုပ္ခဲ့တဲ့ F8 Developer Conference မွာ ရည္စားရွာေဖြတဲ့ လုပ္ေဆာင္ခ်က္ကို သူ႔ရဲ႕ လူမႈကြန္ရက္မွာ ထည့္သြင္းေပးဖို႔ ဖန္တီးေနတယ္လို႔ ေၾကညာခဲ့ပါတယ္။ အခုေတာ့ အေမရိကန္မွ Facebook ရဲ႕ ၀န္ထမ္းမ်ားဟာ ဌာနတြင္းမွာ အဲဒီ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။ App သုေတသီ တစ္ဦး ျဖစ္သူ Jane Manchun Wong က Facebook ရဲ႕ Source Code မ်ားထဲမွာ အဲဒီလုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္တဲ့ ကုဒ္မ်ားကို ေတြ႕ရတယ္လို႔ တြစ္တာမွာ ပို႔စ္တင္ထားပါတယ္။

Facebook မွာ သီးျခား ပရိုဖိုင္တစ္ခုကို ဖန္တီး၍ ၾကင္ဖက္ရွာရမွာ ျဖစ္တဲ့အတြက္ သင့္ရဲ႕ Privacy ကိုလည္း စိတ္ပူစရာ မလိုပါဘူး။ သီးျခား ပရိုဖုိင္ျဖင့္ သင္ စိတ္၀င္စားတဲ့ လူမ်ားကို Add ၿပီး ဆက္သြယ္ႏုိင္မွာ ျဖစ္ပါတယ္။

သင္ မန္ဘာ၀င္ထားတဲ့ Group မ်ား၊ သင္ စိတ္၀င္စားတဲ့ Events မ်ားမွာ သင္နဲ႔ စိတ္တူ ကိုယ္တူ ၾကင္ဖက္ကို ရွာေဖြႏုိင္မွာပါ။ Messenger App မွာ မဟုတ္ဘဲ အဲဒီလူမ်ားနဲ႔ ဆက္သြယ္စကားေျပာႏုိင္မွာပါ။ ဒီ၀န္ေဆာင္မႈကို သံုးရင္ သင့္ရဲ႕ လိင္၊ ေနထုိင္တဲ့ တည္ေနရာ၊ စိတ္၀င္စားတဲ့ လိင္မ်ားကို ျဖည့္စြက္ေပးရမွာ ျဖစ္ပါတယ္။

မတ္ဇူကာဘတ္က Facebook ရဲ႕ ရည္းစားရွာေဖြတဲ့ လုပ္ေဆာင္ခ်က္ဟာ အေပ်ာ္သေဘာ မဟုတ္ဘဲ ေရရွည္ လက္တြဲခ်င္သူမ်ားအတြက္ ျဖစ္တယ္လို႔ ရိုမန္႔တစ္ ဆန္စြာ ေျပာထားပါတယ္။ Facebook ဟာ ေစ်းေရာင္း၊ ေစ်း၀ယ္ျခင္း အပါအ၀င္ လုပ္ေဆာင္ခ်က္မ်ားစြာကို သူ႔ရဲ႕ လူမႈကြန္ရက္မွာ စမ္းသပ္ေလ့ရွိပါတယ္။ လူႀကိဳက္မ်ားတဲ့ လုပ္ေဆာင္ခ်က္မ်ားကိုသာ အမ်ားျပည္သူမ်ား အသံုးျပဳဖို႔ ျဖန္႔ခ်ီေပးေလ့ရွိပါတယ္။ ယခု ရည္းစားရွာတဲ့ လုပ္ေဆာင္ခ်က္ဟာလည္း အမ်ားျပည္သူ သံုးဖို႔ တကယ္ထြက္လာမလားဆိုတာ မေသခ်ာေသးပါဘူး။

unicode

Facebook က ရည်းစားရှာတဲ့ ဝန်ဆောင်မှုကို စမ်းသပ်နေ

Facebook က မေလအစောပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ F8 Developer Conference မှာ ရည်စားရှာဖွေတဲ့ လုပ်ဆောင်ချက်ကို သူ့ရဲ့ လူမှုကွန်ရက်မှာ ထည့်သွင်းပေးဖို့ ဖန်တီးနေတယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ အမေရိကန်မှ Facebook ရဲ့ ဝန်ထမ်းများဟာ ဌာနတွင်းမှာ အဲဒီ လုပ်ဆောင်ချက်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ App သုတေသီ တစ်ဦး ဖြစ်သူ Jane Manchun Wong က Facebook ရဲ့ Source Code များထဲမှာ အဲဒီလုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ ကုဒ်များကို တွေ့ရတယ်လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။

Facebook မှာ သီးခြား ပရိုဖိုင်တစ်ခုကို ဖန်တီး၍ ကြင်ဖက်ရှာရမှာ ဖြစ်တဲ့အတွက် သင့်ရဲ့ Privacy ကိုလည်း စိတ်ပူစရာ မလိုပါဘူး။ သီးခြား ပရိုဖိုင်ဖြင့် သင် စိတ်ဝင်စားတဲ့ လူများကို Add ပြီး ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

သင် မန်ဘာဝင်ထားတဲ့ Group များ၊ သင် စိတ်ဝင်စားတဲ့ Events များမှာ သင်နဲ့ စိတ်တူ ကိုယ်တူ ကြင်ဖက်ကို ရှာဖွေနိုင်မှာပါ။ Messenger App မှာ မဟုတ်ဘဲ အဲဒီလူများနဲ့ ဆက်သွယ်စကားပြောနိုင်မှာပါ။ ဒီဝန်ဆောင်မှုကို သုံးရင် သင့်ရဲ့ လိင်၊ နေထိုင်တဲ့ တည်နေရာ၊ စိတ်ဝင်စားတဲ့ လိင်များကို ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။

မတ်ဇူကာဘတ်က Facebook ရဲ့ ရည်းစားရှာဖွေတဲ့ လုပ်ဆောင်ချက်ဟာ အပျော်သဘော မဟုတ်ဘဲ ရေရှည် လက်တွဲချင်သူများအတွက် ဖြစ်တယ်လို့ ရိုမန့်တစ် ဆန်စွာ ပြောထားပါတယ်။ Facebook ဟာ ဈေးရောင်း၊ ဈေးဝယ်ခြင်း အပါအဝင် လုပ်ဆောင်ချက်များစွာကို သူ့ရဲ့ လူမှုကွန်ရက်မှာ စမ်းသပ်လေ့ရှိပါတယ်။ လူကြိုက်များတဲ့ လုပ်ဆောင်ချက်များကိုသာ အများပြည်သူများ အသုံးပြုဖို့ ဖြန့်ချီပေးလေ့ရှိပါတယ်။ ယခု ရည်းစားရှာတဲ့ လုပ်ဆောင်ချက်ဟာလည်း အများပြည်သူ သုံးဖို့ တကယ်ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.