2018 iPhone အသစ္မွာ ဘယ္လိုကင္မရာမ်ိဳး တပ္ဆင္လာမလဲ ?

0
1184





unicode

Apple ကနေ2018 ခုနှစ်အတွက် iPhone ၃လုံးထွက်ဖို့ရှိပြီး second-generation iPhone X ဆိုရင် 5.8 inch OLED display, iPhone X Plus ကတော့ 6.5 inch OLED display နဲ့ LCD display ကိုမှ full screen 6.1 inch display (iPhone X ဒီဇိုင်းလို) တွေကိုသုံး ထားမှာဖြစ်တယ်လို့ သတင်းရထားပါတယ်။

2018 iPhone တွေအတွက် ကင်မရာပိုင်းအတွက် အနိမ့်ဆုံးခန့်မှန်းရတာကတော့ dual camera စနစ်သုံးလာမယ် ဆိုတာပါ။ ပုံမှန် 12MP ƒ/1.8 နဲ့အတူ  ƒ/2.4 telephoto ကိုသုံးလာနိုင်ပြီး dual optical image stabilization ထောက်ပံ့လာနိုင်ပါတယ်။ flash ပိုင်းအတွက်ကိုတော့ Quad-LED True Tone တွဲဖက်သုံးလာနိုင်ခြေ ရှိပါတယ်။ သို့ပေမယ့်  6.1-inch ဖုန်းမှာတော့ iPhone 8 မှာလိုမျိုး ကင်မရာတစ်လုံးသာ တပ်ဆင်ပေးနိုင်ပါတယ်။

Forbes ကလာ တဲ့ သတင်းတွေမှာတော့ 6.5-inch iPhone မှာ triple lens setup သုံးလာမယ်လို့ ဆိုပါတယ်။ ဆင်ဆာ၃ခုမှာ wide-angle ၊ telephoto lens နဲ့အတူ monochrome sensor ဆိုပြီး ပေါင်းထည့်ပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ iPhone camera lenses တွေကို Sony ကထောက်ပံ့မှာကြောင့် ဒီနှစ်ထုတ်ဖုန်းတွေမှာ IMX586 တောင်သုံးလာနိုင်ပါတယ်။

iOS 12 မှာပါဝင်လာတဲ့ Group FaceTime လုပ်ဆောင်သစ်ကို အကောင်းဆုံး အသုံးချနိုင်ဖို့ 12MP Selfie ကင်မရာသုံးလာမယ်လို့ သိရပါတယ်။ သတင်းတွေအရ 5.8လက်မ(Dual Lens) , 6.1 လက်မ (single Lens ) နဲ့  6.5 လက်မ (Triple Lens ) လို့ အကြမ်းမျဉ်းခန့်မှန်း ထားပါတယ်။

Leave a Reply