Smartphone Trending

အိႏၵိယမွာ Galaxy S9+ ကို ေက်ာ္တက္သြားတဲ့ OnePlus 6

အိႏၵိယဟာ အလြန္ႀကီးမားတဲ့စမတ္ဖုန္း ေစ်းကြက္ႀကီး ျဖစ္တဲ့အတြက္ ဖုန္း ကုမၸဏီမ်ား မ်က္စိက်တဲ့ ႏုိင္ငံျဖစ္ပါတယ္။ Counterpoint ရဲ႕ သုေတသန စစ္တမ္းအရ ယခုႏွစ္ ဒုတိယ ကြာတားမွာ သမိုင္းေၾကာင္းတစ္ေလွ်ာက္တြင္ OnePlus ဟာ Samsung ထက္ အိႏၵိယမွာ စြမ္းရည္ျမင့္ ဖုန္းမ်ားကို ပိုမို ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

အိႏၵိယတြင္ ဒုတိယ ကြာတားမွာ ေရာင္းအား အေကာင္းဆံုး စြမ္းရည္ျမင့္ ဖုန္း စာရင္းမွာ OnePlus 6 က ဦးေဆာင္ေနၿပီး စြမ္းရည္ျမင့္ ဖုန္းေစ်းကြက္ရဲ႕ ၃၀ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားပါတယ္။ Samsung Galaxy S9+ က နံပါတ္ ၂ ေနရာမွာ ရပ္တည္ေနၿပီး ေစ်းကြက္ေ၀စုရဲ႕ ၁၂ ရာခုိင္ႏႈန္းကို အုပ္စိုးထားပါတယ္။ တတိယေနရာမွာ OnePlus 5T ရွိေနၿပီး ေစ်းကြက္ေ၀စုရဲ႕ ၁၀ ရာခုိင္ႏႈန္းကို ရရွိထားပါတယ္။

Apple ရဲ႕ iPhone 8 နဲ႔ iPhone X တို႔ဟာ သက္တမ္း အနည္းငယ္ ၾကာသြားၿပီ ျဖစ္တဲ့အတြက္ ဒုတိယကြာတားမွာ အိႏၵိယတြင္ ေရာင္းအား မေကာင္းခဲ့ပါဘူး။ ဒါ့အျပင္ အခြန္မ်ားလည္း တိုးျမွင့္ခဲ့တဲ့အတြက္ အိုင္ဖုန္းမ်ားရဲ႕ ေစ်းႏႈန္းဟာ ယခင္ကထက္ ပိုမိုျမင့္မားလာပါတယ္။

Counterpoint က စြမ္းရည္ျမင့္ ဖုန္းလို႔ ဆိုရာမွာ ရူပီး ၃၀၀၀၀ နဲ႔ အထက္မ်ားျပားတဲ့ ဖုန္းမ်ားကို ဆိုလိုပါတယ္။ ေဒၚလာအားျဖင့္ ၄၄၀ နဲ႔ အထက္ျဖစ္ပါတယ္။ ေဒၚလာ ၄၄၀ ကို အေျခခံ ေစ်းႏႈန္း သတ္မွတ္တာ နည္းပါးေပမယ့္ OnePlus နဲ႔ ကုမၸဏီ အခ်ိဳ႕ဟာ ရူပီး ၄၀၀၀၀ ေအာက္ စြမ္းရည္ျမင့္ ဖုန္းမ်ားျဖင့္ ေစ်းကြက္ကို ထိုးေဖာက္ေနပါတယ္။

unicode

အိန္ဒိယမှာ Galaxy S9+ ကို ကျော်တက်သွားတဲ့ OnePlus 6

အိန္ဒိယဟာ အလွန်ကြီးမားတဲ့စမတ်ဖုန်း ဈေးကွက်ကြီး ဖြစ်တဲ့အတွက် ဖုန်း ကုမ္ပဏီများ မျက်စိကျတဲ့ နိုင်ငံဖြစ်ပါတယ်။ Counterpoint ရဲ့ သုတေသန စစ်တမ်းအရ ယခုနှစ် ဒုတိယ ကွာတားမှာ သမိုင်းကြောင်းတစ်လျှောက်တွင် OnePlus ဟာ Samsung ထက် အိန္ဒိယမှာ စွမ်းရည်မြင့် ဖုန်းများကို ပိုမို ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယတွင် ဒုတိယ ကွာတားမှာ ရောင်းအား အကောင်းဆုံး စွမ်းရည်မြင့် ဖုန်း စာရင်းမှာ OnePlus 6 က ဦးဆောင်နေပြီး စွမ်းရည်မြင့် ဖုန်းဈေးကွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Samsung Galaxy S9+ က နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး ဈေးကွက်ဝေစုရဲ့ ၁၂ ရာခိုင်နှုန်းကို အုပ်စိုးထားပါတယ်။ တတိယနေရာမှာ OnePlus 5T ရှိနေပြီး ဈေးကွက်ဝေစုရဲ့ ၁၀ ရာခိုင်နှုန်းကို ရရှိထားပါတယ်။

Apple ရဲ့ iPhone 8 နဲ့ iPhone X တို့ဟာ သက်တမ်း အနည်းငယ် ကြာသွားပြီ ဖြစ်တဲ့အတွက် ဒုတိယကွာတားမှာ အိန္ဒိယတွင် ရောင်းအား မကောင်းခဲ့ပါဘူး။ ဒါ့အပြင် အခွန်များလည်း တိုးမြှင့်ခဲ့တဲ့အတွက် အိုင်ဖုန်းများရဲ့ ဈေးနှုန်းဟာ ယခင်ကထက် ပိုမိုမြင့်မားလာပါတယ်။

Counterpoint က စွမ်းရည်မြင့် ဖုန်းလို့ ဆိုရာမှာ ရူပီး ၃၀၀၀၀ နဲ့ အထက်များပြားတဲ့ ဖုန်းများကို ဆိုလိုပါတယ်။ ဒေါ်လာအားဖြင့် ၄၄၀ နဲ့ အထက်ဖြစ်ပါတယ်။ ဒေါ်လာ ၄၄၀ ကို အခြေခံ ဈေးနှုန်း သတ်မှတ်တာ နည်းပါးပေမယ့် OnePlus နဲ့ ကုမ္ပဏီ အချို့ဟာ ရူပီး ၄၀၀၀၀ အောက် စွမ်းရည်မြင့် ဖုန်းများဖြင့် ဈေးကွက်ကို ထိုးဖောက်နေပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.