အသစ္ထြက္ရွိမယ့္ iPhone ေတြရဲ႕ ဗြီဒီယိုဖိုင္ထြက္လာ

0
2039

Zawgyi version

Apple က iPhone အသစ္ ၃ မ်ိဳးထြက္ရွိမယ္လို႔ လြန္ခဲ့တဲ့ တစ္လေလာက္က ေျပာခဲ့ပါတယ္။ အရင္ရက္ပိုင္းေလာက္ကပဲ ဖုန္းအသစ္ေတြရဲ႕ အေရွ႕၊ ေနာက္ေက်ာဘက္နဲ႕ ေဘးဘက္ေတြရဲ႕ ဒီဇုိင္းေတြထြက္ရွိလာပါတယ္။ ခုေတာ့ ဖုန္းအသစ္ေတြရဲ႕ ဒီဇိုင္းနဲ႕ အရြယ္အစားေတြကို ဗြီဒီယိုဖုိင္ေလးနဲ႔ ျပခဲ့ပါေသးတယ္။

မ်က္နွာျပင္ ၆.၅ လက္မ ရွိျပီး OLED သံုးထားတဲ့ iPhone XS Plus ဖုန္းကေတာ့ ေစ်းအၾကီးဆံုးပဲ ျဖစ္ပါတယ္။ LCD သံုးထားတဲ့ ၆.၁ လက္မရွိတဲ့ iPhone X ဒီဇိုင္းပံုစံနဲ႔ ဖုန္းကေတာ့ ေစ်းသက္သာပါတယ္။ ေနာက္တစ္ခုကေတာ့ မ်က္နွာျပင္ ၅.၈ လက္မနဲ႔ OLED ကိုအသံုးျပဳထားတဲ့ iPhone XS တို႔ပဲ ျဖစ္ပါတယ္။

ဗြီဒီယိုဖိုင္ေလးကေတာ့ အခ်ိန္အားျဖင့္ ၃ မိနစ္ပဲ ၾကာျမင့္ပါတယ္။ ကင္မရာပိုင္းကိုၾကည့္မယ္ဆိုရင္ ၅.၈ လက္မရွိတဲ့ iPhone XS ကို ကင္မရာ ၂ လံုးတပ္ဆင္ေပးထားျပီး ၆.၁ လက္မရွိတဲ့ ဖုန္းကိုေတာ့ ကင္မရာ ၁ လံုးပဲ တပ္ဆင္ေပးထားေပမယ့္ ၆.၅ လက္မရွိတဲ့ iPhone XS Plus ကေတာ့ ကင္မရာ ၃ လံုးလို႔လဲ သတင္းေတြမွာ ေတြ႔ေနရပါတယ္။ ဆင္ဆာေတြကေတာ့ wide-angle ၊ telephoto lens နဲ႔ monochrome sensor ဆုိျပီး ၃ ခုထည့္ေပးထားပါတယ္။

Second-generation iPhone နဲ႔ iPhone XS ၾကား screen size ျခားနားခ်က္ကေတာ့ ၀.၃ လက္မပဲ ရွိပါတယ္။ iPhone XS Plus ရဲ႕ မ်က္နွာျပင္က ၆.၅ လက္မ ဆိုေတာ့ အနည္းငယ္ ၾကီးမားတယ္လို႔ ထင္ရပါတယ္။

 

Unicode version

Apple က iPhone အသစ် ၃ မျိုးထွက်ရှိမယ်လို့ လွန်ခဲ့တဲ့ တစ်လလောက်က ပြောခဲ့ပါတယ်။ အရင်ရက်ပိုင်းလောက်ကပဲ ဖုန်းအသစ်တွေရဲ့ အရှေ့၊ နောက်ကျောဘက်နဲ့ ဘေးဘက်တွေရဲ့ ဒီဇိုင်းတွေထွက်ရှိလာပါတယ်။ ခုတော့ ဖုန်းအသစ်တွေရဲ့ ဒီဇိုင်းနဲ့ အရွယ်အစားတွေကို ဗွီဒီယိုဖိုင်လေးနဲ့ ပြခဲ့ပါသေးတယ်။
မျက်နှာပြင် ၆.၅ လက်မ ရှိပြီး OLED သုံးထားတဲ့ iPhone XS Plus ဖုန်းကတော့ ဈေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ LCD သုံးထားတဲ့ ၆.၁ လက်မရှိတဲ့ iPhone X ဒီဇိုင်းပုံစံနဲ့ ဖုန်းကတော့ ဈေးသက်သာပါတယ်။ နောက်တစ်ခုကတော့ မျက်နှာပြင် ၅.၈ လက်မနဲ့ OLED ကိုအသုံးပြုထားတဲ့ iPhone XS တို့ပဲ ဖြစ်ပါတယ်။
ဗွီဒီယိုဖိုင်လေးကတော့ အချိန်အားဖြင့် ၃ မိနစ်ပဲ ကြာမြင့်ပါတယ်။ ကင်မရာပိုင်းကိုကြည့်မယ်ဆိုရင် ၅.၈ လက်မရှိတဲ့ iPhone XS ကို ကင်မရာ ၂ လုံးတပ်ဆင်ပေးထားပြီး ၆.၁ လက်မရှိတဲ့ ဖုန်းကိုတော့ ကင်မရာ ၁ လုံးပဲ တပ်ဆင်ပေးထားပေမယ့် ၆.၅ လက်မရှိတဲ့ iPhone XS Plus ကတော့ ကင်မရာ ၃ လုံးလို့လဲ သတင်းတွေမှာ တွေ့နေရပါတယ်။ ဆင်ဆာတွေကတော့ wide-angle ၊ telephoto lens နဲ့ monochrome sensor ဆိုပြီး ၃ ခုထည့်ပေးထားပါတယ်။
Second-generation iPhone နဲ့ iPhone XS ကြား screen size ခြားနားချက်ကတော့ ဝ.၃ လက်မပဲ ရှိပါတယ်။ iPhone XS Plus ရဲ့ မျက်နှာပြင်က ၆.၅ လက်မ ဆိုတော့ အနည်းငယ် ကြီးမားတယ်လို့ ထင်ရပါတယ်။

Leave a Reply