Enterprise Trending

ဗိုင္းရပ္စ္တုိက္ခုိက္မႈေၾကာင့္ iPhone ရဲ႕ supplier တစ္ဦးျဖစ္သူ TSMC စက္ရံုမ်ားပိတ္သိမ္း

Zawgyi Version

အဲဒီကုမၸဏီဟာ Apple ၊ Qualcomm နဲ႕ အျခားလုပ္ငန္းေတြအတြက္ ပရိုဆက္ဆာေတြ ေထာက္ပံ့ေပးေနတာပါ။

Taiwan Semiconductor Manufacturing Co. ဟာ သူတို႕ရဲ႕ကြန္ပ်ဴတာစနစ္ထဲမွာ ကြန္ပ်ဴတာဗိုင္းရပ္စ္တုိက္ခိုက္မႈကိုေတြ႕ရွိအျပီးမွာ စက္ရံုအေတာ္မ်ားမ်ားကိုပိတ္သိမ္းခဲ့တယ္လို႕ Bloomberg က တင္ျပထားပါတယ္။

TSMC ဟာ ကမာၻေပၚမွာ အၾကီးဆံုးေသာ semiconductor ထုတ္လုပ္သူတစ္ေယာက္ျဖစ္ျပီးေတာ့ ADM, Apple, Nvidia, နဲ႕ Qualcomm တို႕ကိုေထာက္ပံ့ေပးေနသူလည္း ျဖစ္ပါတယ္။ သူ႕ရဲ႕စက္ပစၥည္းအေတာ္မ်ားမ်ားကို ဗုိင္းရပ္စ္ေတြကူးစက္ေနတာျဖစ္ျပီး စက္ရံုအလိုက္ကူးစက္မႈကေတာ့ ကြဲျပားပါတယ္လို႕ သိရပါတယ္။ အေတာ္မ်ားမ်ားကေတာ့ လုုပ္ငန္းျပန္စေနေပမယ့္လည္း အျခားစက္ရံုေတြကေတာ့ မနက္ျဖန္အထိ အလုပ္ျပန္စႏုိင္မွာ မဟုတ္ေသးပါဘူး။ ဒါဟာ ဟက္ကာတစ္ေယာက္ေၾကာင့္ ဒီလိုတုိ္က္ခိုက္ခံရတာမဟုတ္ႏုိင္ဘူးလို႕ ဆိုပါတယ္။

TSMC ဟာ အရင္တုန္းကလည္း ဗိုင္းရပ္စ္တုိက္ခိုက္မႈကို ခံရဖူးတယ္လို႕ CFO Lora Ho ကိုယ္တုိင္ကေျပာထားပါတယ္။ ဒါေပမယ္လည္း ဒီတစ္ေခါက္ကေတာ့ ထုတ္လုပ္မႈလုိင္းကို ပထမဆံုးအေနနဲ႕ ကူးစက္ခံရတာျဖစ္ပါတယ္။ အခုကူးစက္ခံရတာဟာ Apple အတြက္ထုတ္လုပ္ေနတဲ့ ပရိိုဆက္ဆာေတြမွာလား၊ ဘယ္အတြက္လဲဆိုတာကေတာ့ မေျပာထားပါဘူး။ ဒါ့အျပင္ ၀င္ေငြကိုပါ ထိခိုက္ေစႏုိင္လားလည္း မသိခဲ့ရပါဘူး။

ေႏွာင့္ေႏွးမႈဆိုတာ ကုမၸဏီအတြက္ကေတာ့ အေရးၾကီးတဲ့အခ်က္တစ္ခုပဲျဖစ္ပါတယ္။ နည္းပညာလုပ္ငန္းေတြဟာ အခ်ိန္နဲ႕တစ္ေျပးညီထြက္ရွိႏုိင္ေအာင္ ၾကိဳးစားေနရတာျဖစ္ပါတယ္။ ေမလတုန္းက Apple ရဲ႕ A12 chip ကို စတင္ထုတ္လုပ္ခဲ့ျပီးေတာ့ ဒီႏွစ္ iPhone ေတြအတြက္အသံုးျပဳႏုိင္ေစဖို႕ ေမွ်ာ္မွန္းထားပါတယ္။ ဒါဟာ 7nm process ကို ပထမဆံုးအသံုးျပဳထားတာျဖစ္လို႕ chip ေတြက ပိုမိုျမန္ဆန္၊ ေသးငယ္၊ အက်ိဳးရွိလာေစမွာပါ။

Unicode Version

အဲဒီကုမ္ပဏီဟာ Apple ၊ Qualcomm နဲ့ အခြားလုပ်ငန်းတွေအတွက် ပရိုဆက်ဆာတွေ ထောက်ပံ့ပေးနေတာပါ။
Taiwan Semiconductor Manufacturing Co. ဟာ သူတို့ရဲ့ကွန်ပျူတာစနစ်ထဲမှာ ကွန်ပျူတာဗိုင်းရပ်စ်တိုက်ခိုက်မှုကိုတွေ့ရှိအပြီးမှာ စက်ရုံအတော်များများကိုပိတ်သိမ်းခဲ့တယ်လို့ Bloomberg က တင်ပြထားပါတယ်။
TSMC ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးသော semiconductor ထုတ်လုပ်သူတစ်ယောက်ဖြစ်ပြီးတော့ ADM, Apple, Nvidia, နဲ့ Qualcomm တို့ကိုထောက်ပံ့ပေးနေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စက်ပစ္စည်းအတော်များများကို ဗိုင်းရပ်စ်တွေကူးစက်နေတာဖြစ်ပြီး စက်ရုံအလိုက်ကူးစက်မှုကတော့ ကွဲပြားပါတယ်လို့ သိရပါတယ်။ အတော်များများကတော့ လုပ်ငန်းပြန်စနေပေမယ့်လည်း အခြားစက်ရုံတွေကတော့ မနက်ဖြန်အထိ အလုပ်ပြန်စနိုင်မှာ မဟုတ်သေးပါဘူး။ ဒါဟာ ဟက်ကာတစ်ယောက်ကြောင့် ဒီလိုတိုက်ခိုက်ခံရတာမဟုတ်နိုင်ဘူးလို့ ဆိုပါတယ်။
TSMC ဟာ အရင်တုန်းကလည်း ဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရဖူးတယ်လို့ CFO Lora Ho ကိုယ်တိုင်ကပြောထားပါတယ်။ ဒါပေမယ်လည်း ဒီတစ်ခေါက်ကတော့ ထုတ်လုပ်မှုလိုင်းကို ပထမဆုံးအနေနဲ့ ကူးစက်ခံရတာဖြစ်ပါတယ်။ အခုကူးစက်ခံရတာဟာ Apple အတွက်ထုတ်လုပ်နေတဲ့ ပရိုဆက်ဆာတွေမှာလား၊ ဘယ်အတွက်လဲဆိုတာကတော့ မပြောထားပါဘူး။ ဒါ့အပြင် ဝင်ငွေကိုပါ ထိခိုက်စေနိုင်လားလည်း မသိခဲ့ရပါဘူး။
နှောင့်နှေးမှုဆိုတာ ကုမ္ပဏီအတွက်ကတော့ အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ နည်းပညာလုပ်ငန်းတွေဟာ အချိန်နဲ့တစ်ပြေးညီထွက်ရှိနိုင်အောင် ကြိုးစားနေရတာဖြစ်ပါတယ်။ မေလတုန်းက Apple ရဲ့ A12 chip ကို စတင်ထုတ်လုပ်ခဲ့ပြီးတော့ ဒီနှစ် iPhone တွေအတွက်အသုံးပြုနိုင်စေဖို့ မျှော်မှန်းထားပါတယ်။ ဒါဟာ 7nm process ကို ပထမဆုံးအသုံးပြုထားတာဖြစ်လို့ chip တွေက ပိုမိုမြန်ဆန်၊ သေးငယ်၊ အကျိုးရှိလာစေမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.