Posted on Leave a comment

ကမာၻၾကီးလံုးတဲ့ဘက္မွာရပ္တည္လုိက္တဲ့ Google Maps အဖြဲ႕သားမ်ား

Zawgyi Version

ဒီတစ္ပတ္ထဲမွာေတာ့ Google က သူ႕ရဲ႕ Maps ၀န္ေဆာင္မႈထဲကို feature အသစ္ေတြထည့္ေပးလိုက္ပါတယ္။ သံုးစြဲသူေတြကို စားေသာက္ဆိုင္နဲ႕ခ်ိတ္ဆက္ေပးတာမ်ိဳးေပါ့။ တည္ေနရာဖြင့္ထားတဲ့အခ်ိန္မွာလည္း ဘတ္ထရီစားသက္သာတာမ်ိဳးေလးေတြ။ ဒီထက္ပိုျပီးေတာ့ စိတ္၀င္စားစရာေကာင္းတာကေတာ့ ကမာၻျပားတယ္ဆိုတာလက္ခံထားသူေတြအတြက္ေတာ့ စိတ္မေကာင္းစရာပါပဲ။

ဒီေန႕မွာေတာ့ Google Maps ဟာ ကမာၻအျပားပံုကေန သံုးဖက္ျမင္အၾကြပံုစံေလး ေျပာင္းသြားပါျပီ။ ဒါကိုေတာ့ Google က 3D Globe Mode လို႕နာမည္ေပးထားပါတယ္။ အရင္တုန္းက Greenland ဟာ Africa နဲ႕ အရြယ္တူေနေပမယ့္လည္း အခုဆိုရင္ေတာ့ ခ်ဲ႕ၾကည့္လုိက္ရင္ အရြယ္အစားစေကးကို ေတြ႕ျမင္ရမွာျဖစ္လို႕ စိတ္တုိင္းက်ေလာက္မွာပါ။

ဒီတစ္ပတ္အေစာပိုင္းမွာလည္း feature အသစ္ေလးေတြကို ထည့္သြင္းေပးခဲ့ပါတယ္။ ဒါနဲ႕ယွဥ္လိုက္မယ္ဆိုရင္ေတာ့ ဒီတစ္ခုက လိုအပ္တဲ့အရာတစ္ခုလို႕ ေျပာရမွာပါ။ ဒါေၾကာင့္ Maps အဖြဲ႕က ကမာၻျပားတဲ့ဘက္မွာ မဟုတ္ဘူးဆိုတာ သိသာသြားပါတယ္။ 3D Globe Mode ကိုေတာ့ desktop မွာပဲျမင္ႏုိင္ဦးမွာပါ။ ဒီေတာ့ maps.google.com ကိုသြားျပီး zoom ခ်ဲ႕ၾကည့္လုိက္ေနာ္။

Unicode Version

ဒီတစ်ပတ်ထဲမှာတော့ Google က သူ့ရဲ့ Maps ဝန်ဆောင်မှုထဲကို feature အသစ်တွေထည့်ပေးလိုက်ပါတယ်။ သုံးစွဲသူတွေကို စားသောက်ဆိုင်နဲ့ချိတ်ဆက်ပေးတာမျိုးပေါ့။ တည်နေရာဖွင့်ထားတဲ့အချိန်မှာလည်း ဘတ်ထရီစားသက်သာတာမျိုးလေးတွေ။ ဒီထက်ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာကတော့ ကမ္ဘာပြားတယ်ဆိုတာလက်ခံထားသူတွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။
ဒီနေ့မှာတော့ Google Maps ဟာ ကမ္ဘာအပြားပုံကနေ သုံးဖက်မြင်အကြွပုံစံလေး ပြောင်းသွားပါပြီ။ ဒါကိုတော့ Google က 3D Globe Mode လို့နာမည်ပေးထားပါတယ်။ အရင်တုန်းက Greenland ဟာ Africa နဲ့ အရွယ်တူနေပေမယ့်လည်း အခုဆိုရင်တော့ ချဲ့ကြည့်လိုက်ရင် အရွယ်အစားစကေးကို တွေ့မြင်ရမှာဖြစ်လို့ စိတ်တိုင်းကျလောက်မှာပါ။
ဒီတစ်ပတ်အစောပိုင်းမှာလည်း feature အသစ်လေးတွေကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါနဲ့ယှဉ်လိုက်မယ်ဆိုရင်တော့ ဒီတစ်ခုက လိုအပ်တဲ့အရာတစ်ခုလို့ ပြောရမှာပါ။ ဒါကြောင့် Maps အဖွဲ့က ကမ္ဘာပြားတဲ့ဘက်မှာ မဟုတ်ဘူးဆိုတာ သိသာသွားပါတယ်။ 3D Globe Mode ကိုတော့ desktop မှာပဲမြင်နိုင်ဦးမှာပါ။ ဒီတော့ maps.google.com ကိုသွားပြီး zoom ချဲ့ကြည့်လိုက်နော်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.