ဒေါ်လာ ၃၀ တန် Qin Feature ဖုန်းကို Xiaomi မိတ်ဆက်

0
1261


Image result for Qin Feature


Image result for Qin Feature








IR sensor



1,480mAh battery

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့ Xiao AI လုပ်ဆောင်ချက် ထည့်သွင်းပေးထားတဲ့ Keypad ဖုန်းလေး QIN ကိုထုတ်လုပ်ပေး လိုက်ပါတယ်။ အဲ့ဒီစမတ်ဖုန်းဟာ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် ပါဝင်တဲ့အပြင် 4G VoLTE ကိုပါထောက်ပံ့ပေးမယ်  Feature ဖုန်းဖြစ်ပါတယ်။ Qin မှာသာမန်  Feature ဖုန်းတွေနဲ့ ကွဲပြားစွာသူ့မှာ Mi စမတ်ဖုန်းတွေမှာသာ ပါဝင်တဲ့ IR sensor ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Qin ဖုန်းမှာ မျက်နှာပြင်အရွယ်အစား 2.8-inch QVGA color display  ရှိပြီး T9 keyboard ထည့်သွင်းပေးထားပါတယ်။ 3D စပီကာ အမျိုးအစားနဲ့ဖြစ်ကာ hybrid SIM slot နဲ့သုံးနိုင်မှာ ဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအတွက် Bluetooth 4.2, WiFi ၊ USB-C ports တွေပါဝင်ပါတယ်။ ဘက်ထရီ စွမ်းအားကတော့ 1480mAh ဖြစ်ပါတယ်။ AI voice လုပ်ဆောင်ချက်ဟာ စမတ်ဖုန်းတွေမှာသုံးနိုင်သလိုမျိုး ဘာသာစကား ၁၇မျိုးကို ဘာသာပြန်ပေးနိုင်မယ့် အပြင် ကလေးငယ်လေးတွေကိုလည်း ပုံပြင်လေးတွေ ပြောနိုင်အုံးမှာပါ။

Qin Feature ဖုန်းကို 2G နဲ့ 4G ဆိုပြီး ၂မျိုး ထုတ်ပေးထားပြီး 2G အမျိုးအစားမှာတော့ MT6260A-ARM7 chips နဲ့ 8MB RAM ၊ 16MB storage သုံးနိုင်မှာဖြစ်ကာ Nucleus OS ကိုထည့်ပေးထားပါတယ်။ 4G version မှာတော့ SC9820E-A53, 256MB RAM မှာ Android အခြေပြု MOCOR5 နဲ့ထုတ်ပေးထားပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၁၉၉(သို့) ဒေါ်လာ ၂၉ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Feature ဖုန်းလေးတွေထဲမှာတော့ 4G စွမ်းဆောင်ချက်ပါဝင်ပြီး လုပ်ဆောင်ချက်ကောင်းမွန်တဲ့ ဖုန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

Xiaomi Qin AI Specifications

2.8-inch (320 x 240 pixels) QVGA display

1.3GHz dual-core SC9820E ARM Cortex A53 processor with ARM Mali T82 GPU

256MB RAM, 512MB internal storage, expandable memory with microSD

Android-based Mocor 5 OS Hybrid Dual SIM (nano- nano / microSD)

3.5mm audio jack, AAC 1511 box speakers

IR sensor

Dimensions: 132mm×53.8mm×8.5mm

4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2 LE, GPS, USB Type-C

1,480mAh battery

Leave a Reply