ေဒၚလာ ၁၅၀၀ နဲ႔ေရာင္းခ်သြားမယ့္ OPPO Find X Lamborghini Edition စမတ္ဖုန္း

0
933

တရုတ္စမတ္ဖုန္း OPPO အေနနဲ႔ ေနာက္ဆုံးေပၚ slider ဒီဇုိင္းနဲ႔  Find X စမတ္ဖုန္း မိတ္ဆက္တဲ့ ပဲြဲမွာ  Super VOOC charging ေထာက္ပံ့မႈပါတဲ့ Lamborghini Edition ဖုန္းကိုပါ မိတ္ဆက္ျပသခဲ့ပါတယ္။ သို႔ေပမယ့္ တရားဝင္ ေရာင္းခ်ျခင္းေတာ့ မရွိေသးပါဘူး။ ယခုေတာ့ Lamborghini Edition ဖုန္းကို ေရာင္းခ်ေပးမယ့္ ရက္ကိုသိရပါၿပီ။ OPPO Find X Lamborghini Edition ဖုန္းကို ပရီေအာ္ဒါစတင္လိုက္ၿပီ ျဖစ္ၿပီး ၾသဂုတ္ ၁၀ရက္ေန႔မွာေတာ့ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Related image

ဖုန္းမွာပါဝင္တဲ့ အခ်က္အလက္ေတြဟာ ပုံမွန္ Find X ဖုန္းနဲ႔ကြဲျပားမႈ ရွိမွာမဟုတ္ပဲ၊ Lamborghini edition ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာေတာ့ carbon fiber texture  ေလးေတြသုံးထားမွာျဖစ္ပါတယ္။ ၿပီးေတာ့ ေအာက္ဘက္မွာ Lamborghini အမွတ္တံဆိပ္ကိုပါခပ္ႏွိပ္ထားမွာပါ။ Super VOOC charging ကိုေထာက္ပံ့ေပးထားမွာျဖစ္ၿပီး 3,400mAh စြမ္းအားကို အားသြင္းဖို႔အတြက္ၾကာခ်ိန္ဟာ 0 to 100 % ရရွိဖို႔အတြက္ 30 မိနစ္သာ ၾကာမွာ ျဖစ္ပါတယ္။

Related image

မ်က္ႏွာျပင္ကေတာ့ 6.42” AMOLED panel  နဲ႔ပါ။ အခ်က္အလက္သိုေလွာင္မႈအတြက္ေတာ့ ဒီဖုန္းဟာ 8GB RAM နဲ႔ 512GB storage ဗားရွင္းတစ္မ်ိဳးထဲသာ ထုတ္လုပ္ထားပါတယ္။  ပါဝါစြမ္းအားပိုင္းမွာေတာ့ ၂၀၁၈ထြက္စမတ္ဖုန္းေတြမွာ အသုံးျပဳေနတဲ့ Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကို တပ္ဆင္ထားၿပီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ျဖစ္ပါတယ္။ သူရဲ႕ ေစ်းႏႈန္းကေတာ့ ယြမ္ 9,999 ျဖစ္ၿပီး၊ ေဒၚလာ ၁၅၀၀ က်သင့္မွာ ျဖစ္ပါတယ္။

unicode

တရုတ်စမတ်ဖုန်း OPPO အနေနဲ့ နောက်ဆုံးပေါ် slider ဒီဇိုင်းနဲ့  Find X စမတ်ဖုန်း မိတ်ဆက်တဲ့ ပွဲမှာ  Super VOOC charging ထောက်ပံ့မှုပါတဲ့ Lamborghini Edition ဖုန်းကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။ သို့ပေမယ့် တရားဝင် ရောင်းချခြင်းတော့ မရှိသေးပါဘူး။ ယခုတော့ Lamborghini Edition ဖုန်းကို ရောင်းချပေးမယ့် ရက်ကိုသိရပါပြီ။ OPPO Find X Lamborghini Edition ဖုန်းကို ပရီအော်ဒါစတင်လိုက်ပြီ ဖြစ်ပြီး သြဂုတ် ၁၀ရက်နေ့မှာတော့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဖုန်းမှာပါဝင်တဲ့ အချက်အလက်တွေဟာ ပုံမှန် Find X ဖုန်းနဲ့ကွဲပြားမှု ရှိမှာမဟုတ်ပဲ၊ Lamborghini edition ဖုန်းရဲ့နောက်ကျောဘက်မှာတော့ carbon fiber texture  လေးတွေသုံးထားမှာဖြစ်ပါတယ်။ ပြီးတော့ အောက်ဘက်မှာ Lamborghini အမှတ်တံဆိပ်ကိုပါခပ်နှိပ်ထားမှာပါ။ Super VOOC charging ကိုထောက်ပံ့ပေးထားမှာဖြစ်ပြီး 3,400mAh စွမ်းအားကို အားသွင်းဖို့အတွက်ကြာချိန်ဟာ 0 to 100 % ရရှိဖို့အတွက် 30 မိနစ်သာ ကြာမှာ ဖြစ်ပါတယ်။

မျက်နှာပြင်ကတော့ 6.42” AMOLED panel  နဲ့ပါ။ အချက်အလက်သိုလှောင်မှုအတွက်တော့ ဒီဖုန်းဟာ 8GB RAM နဲ့ 512GB storage ဗားရှင်းတစ်မျိုးထဲသာ ထုတ်လုပ်ထားပါတယ်။  ပါဝါစွမ်းအားပိုင်းမှာတော့ ၂၀၁၈ထွက်စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တပ်ဆင်ထားပြီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။ သူရဲ့ ဈေးနှုန်းကတော့ ယွမ် 9,999 ဖြစ်ပြီး၊ ဒေါ်လာ ၁၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

Leave a Reply