Huawei MATE 20 နဲ႔ MATE 20 PRO တိုရဲ႕ ကင္မရာအခ်က္အလက္မ်ား ထြက္ရွိလာ

0
988

စမတ္ဖုန္း ထုတ္လုပ္သူ Huawei ရဲ႕အသစ္ထြက္လာမယ့္ Mate စီးရီးဖုန္းေတြျဖစ္တဲ့ MATE 20 နဲ႔ MATE 20 PRO တုိ႔ရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာ၃လုံးတပ္ဆင္ လာမွာျဖစ္ပါတယ္။ သူ႕မွာပရုိဆက္ဆာပိုင္းအတြက္ Kirin 980 နဲ႔ျဖစ္ၿပီး ဂရပ္ဖစ္ပိုင္းမွာေတာ့ ကုမၸဏီက ထုတ္တဲ့  Mali GPU သုံးလာမွာပါ။ Huawei Mate 20 ကို codenamed အေနနဲ႔ Hima လို႔ေပးထားၿပီး ေမာ္ဒယ္နံပါတ္  HMA-AL00 နဲ႔ HMA-TL00 ဆိုၿပီး တရုတ္မွာအသိအမွတ္ျပဳ ယူထားပါတယ္။ Mate 20 Pro ကိုေတာ့ codenamed Laya လို႔ေပးထားပါတယ္။

ဒီေန႔မွာေတာ့ အဲ့ဒီ Mate စီးရီးဖုန္းေတြမွာ သုံးလာမယ့္ ကင္မရာအခ်က္အလက္ေတြ ေပါက္ၾကားထြက္ရွိလာပါတယ္။ Mate 20 ရဲ႕ေနာက္ေက်ာဘက္မွာ 12MP+20MP+8MP ကင္မရာေတြ သုံးလာျဖစ္ၿပီး Mate 20 Pro မွာေတာ့ 40MP+20MP+8MP setup နဲ႔လာမယ္လို႔ သိရပါတယ္။ စမတ္ဖုန္း ၂မ်ိဳးလုံးမွာ Sony ရဲ႕ IMX300 နဲ႕ IMX600 sensors ေတြသုံးလာမွာျဖစ္ၿပီး၊တတိယ ကင္မရာအတြက္ ဆင္ဆာကိုေတာ့ CMOS telephoto lens အသစ္ကို သုံးလာမွာပါ။

Huawei အေနနဲ႔ၿပီးခဲ့တဲ့ႏွစ္ကထြက္ခဲ့တဲ့  Mate 10 စီးရီးဖုန္းေတြမွာ ပုံမွန္  LCD panel နဲ႔အတူ Mate 10 Pro မွာေတာ့ AMOLED screen ကိုသုံးခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာထြက္မယ့္ Mate 20 စီးရီးဖုန္းေတြမွာလည္းမ်က္ႏွာျပင္အပိုင္းအတြက္ မတူညီတဲ့ပုံစံေတြ သုံးလာမယ္လို႔ သိရပါတယ္။ လက္ရွိမွာ Mate 20 စီးရီးဖုန္းေတြကို ျပဳလုပ္ေနတဲ့ စက္ရုံသတင္း အခ်က္အလက္ေတြအရ Mate 20 Pro မွာ ပုံမွန္ OLED screen ကို သုံးလာမွာမဟုတ္ဘဲ curved OLED screen ကိုသုံးလာမယ္လို႔ ဆိုပါတယ္။

စမတ္ဖုန္းသစ္ေတြမွာ လက္ရွိ Huawei ဖုန္းေတြမွာ ထည့္သြင္းေပးလ်က္ရွိတဲ့ GPU Turbo ပါေထာက္ပံ့လာမွာ ျဖစ္ပါတယ္။ Mate 20 ရဲ႕ Antutu စမ္းသပ္ခ်က္ အမွတ္ေတြထြက္ရွိထားၿပီး  ေပါက္ၾကားထြက္လာတဲ့ အမွတ္မွာ  356,918 points အထိရရွိထားတာကိုေတြ႕ရပါတယ္။ လက္ရွိထြက္ထားတဲ့ စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S9 plus, Sony Xperia XZ2  တို႔ကိုအေကာင္းဆုံး ယွဥ္ၿပိဳင္ႏုိင္ပါတယ္။

unicode

စမတ်ဖုန်း ထုတ်လုပ်သူ Huawei ရဲ့အသစ်ထွက်လာမယ့် Mate စီးရီးဖုန်းတွေဖြစ်တဲ့ MATE 20 နဲ့ MATE 20 PRO တို့ရဲ့ နောက်ကျောဘက်မှာ ကင်မရာ၃လုံးတပ်ဆင် လာမှာဖြစ်ပါတယ်။ သူ့မှာပရိုဆက်ဆာပိုင်းအတွင်း Kirin 980 နဲ့ဖြစ်ပြီး ဂရပ်ဖစ်ပိုင်းမှာတော့ ကုမ္ပဏီက ထုတ်တဲ့  Mali GPU သုံးလာမှာပါ။ Huawei Mate 20 ကို codenamed အနေနဲ့ Hima လို့ပေးထားပြီး မော်ဒယ်နံပါတ်  HMA-AL00 နဲ့ HMA-TL00 ဆိုပြီး တရုတ်မှာအသိအမှတ်ပြု ယူထားပါတယ်။ Mate 20 Pro ကိုတော့ codenamed Laya လို့ပေးထားပါတယ်။

ဒီနေ့မှာတော့ အဲ့ဒီ Mate စီးရီးဖုန်းတွေမှာ သုံးလာမယ့် ကင်မရာအချက်အလက်တွေ ပေါက်ကြားထွက်ရှိလာပါတယ်။ Mate 20 ရဲ့နောက်ကျောဘက်မှာ 12MP+20MP+8MP ကင်မရာတွေ သုံးလာဖြစ်ပြီး Mate 20 Pro မှာတော့ 40MP+20MP+8MP setup နဲ့လာမယ်လို့ သိရပါတယ်။ စမတ်ဖုန်း ၂မျိုးလုံးမှာ Sony ရဲ့ IMX300 နဲ့ IMX600 sensors တွေသုံးလာမှာဖြစ်ပြီး၊တတိယ ကင်မရာအတွက် ဆင်ဆာကိုတော့ CMOS telephoto lens အသစ်ကို သုံးလာမှာပါ။

Huawei အနေနဲ့ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့  Mate 10 စီးရီးဖုန်းတွေမှာ ပုံမှန်  LCD panel နဲ့အတူ Mate 10 Pro မှာတော့ AMOLED screen ကိုသုံးခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာထွက်မယ့် Mate 20 စီးရီးဖုန်းတွေမှာလည်းမျက်နှာပြင်အပိုင်းအတွက် မတူညီတဲ့ပုံစံတွေ သုံးလာမယ်လို့ သိရပါတယ်။ လက်ရှိမှာ Mate 20 စီးရီးဖုန်းတွေကို ပြုလုပ်နေတဲ့ စက်ရုံသတင်း အချက်အလက်တွေအရ Mate 20 Pro မှာ ပုံမှန် OLED screen ကို သုံးလာမှာမဟုတ်ဘဲ curved OLED screen ကိုသုံးလာမယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းသစ်တွေမှာ လက်ရှိ Huawei ဖုန်းတွေမှာ ထည့်သွင်းပေးလျက်ရှိတဲ့ GPU Turbo ပါထောက်ပံ့လာမှာ ဖြစ်ပါတယ်။ Mate 20 ရဲ့ Antutu စမ်းသပ်ချက် အမှတ်တွေထွက်ရှိထားပြီး  ပေါက်ကြားထွက်လာတဲ့ အမှတ်မှာ  356,918 points အထိရရှိထားတာကိုတွေ့ရပါတယ်။ လက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S9 plus, Sony Xperia XZ2  တို့ကိုအကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါတယ်။

Leave a Reply