Device တွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အထင်မှားနေတဲ့ အချက်များ

0
1190

Zawgyi version

Device တွေနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အထင်မှားနေတဲ့ အချက်များ

ကျွန်တော်တို့ထင်နေတာတွေက အနည်းငယ်မှားယွင်းနေတာလေးတွေရှိပါတယ်။ ဖုန်းကိုညလုံးပေါက်အားသွင်းခြင်းက အန္တရာယ်များတယ်လို့ တော်တော်များများက ဒီလိုထင်ကြပါတယ်။ အမှန်တော့ ဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် မဟုတ်ကြောင်း ကျွန်တော်တို့ ရှင်းပြရမယ့်အချိန်ကိုရောက်လာပါပြီ။ ကျွန်တော်တို့သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ ပြောဆိုနေတဲ့ယုံတမ်းတွေက မဟုတ်ကြောင်း ဖြေရှင်းရအောင်။

Device တွေရဲ့အလုပ်လုပ်ပုံနဲ့ ပတ်သတ်ပြီးတော့ နားလည်မှုလွဲနေတဲ့အကြောင်းအရာလေးတွေကို ကျွန်တော်တို့စုစည်းပြီးတော့ ပြထားပါတယ်။

ယုံတမ်း ၁။ megapixel များလေလေ ပုံကောင်းကောင်းရလေလေ

Megapixels နဲ့ ပုံအရည်အသွေးက မသက်ဆိုင်ပဘူး။ ပုံရဲ့အရွယ်အစားကိုသာ သက်ရောက်မှုရှိနိုင်တာပါ။ ပုံအရည်အသွေးကောင်းမွန်ဖို့အတွက် မူတည်နေတဲ့အရာတွေကတော့ optics ၊ sensor အရွယ်အစားနဲ့ ဓါတ်ပုံရိုက်တတ်မှုတွေပဲ ဖြစ်ပါတယ်။

ယုံတမ်း ၂။ ဖုန်းကိုတစ်ညလုံး အားမသွင်းသင့်ဘူး။ ဘတ်ထရီထိလိမ့်မယ်

ဒီနေ့ခေတ်ဖုန်းတွေက လီသီယမ်အိုင်းရွန်းဘတ်ထရီတွေပါဝင်လို့ အားပြည့်ချိန်မှာ အားသွင်းခြင်းကို ရပ်ပစ်လိုက်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာတောင် အားကနည်းနည်းလေးဆွဲနေတုန်းပါပဲ။ ဒါကြောင့် အားပြည့်ချိန်မှာ ဖုန်းကိုဖြုတ်လိုက်တာက ပိုက်ဆံကုန်သက်သာစေပါလိမ့်မယ်။

ယုံတမ်း ၃။ reception ကောင်းရင် အရည်အသွေးကောင်းမယ်

Reception နှုန်းမြင့်နေပေမယ့်လည်း ချိတ်ဆက်မှုက ကောင်းမွန်နေတယ်လို့ မပြောနိုင်ပါဘူး။ ညွှန်းကိန်းက လိုင်းရဲ့အားကိုပြသပေးတာဖြစ်ပါတယ်။ ဒါကတော့ အနီးစပ်ဆုံး ရေဒီယိုတာဝါကနေ ရနေတဲ့လိုင်းပါ။ ဒါဟာချိတ်ဆက်မှုအရည်အသွေး၊ အင်တာနက်လိုင်းအမြန်နှုန်းကို ပြသပေးနေတာမဟုတ်ပါဘူး။ တာဝါတစ်ခုတည်းကို အသုံးပြုနေတဲ့ဖုန်းတွေလည်း အများကြီးရှိနေခဲ့မယ်ဆိုရင်တော့ ညွှန်းကိန်းမြင့်နေရင်တောင် ချိတ်ဆက်မှုမှာ အခက်အခဲဖြစ်နိုင်ပါသေးတယ်။

ယုံတမ်း ၄။ Mac ကွန်ပျူတာတွေက ဗိုင်းရပ်စ်မကပ်နိုင်ဘူး

ဘယ်လို OS ကမှ ဗိုင်းရပ်စ်ကို အပြည့်အ၀မခုခံနိုင်ပါဘူး။ Mac မှာ ဗိုင်းရပ်စ်နည်းနေရခြင်းရဲ့ သီအိုရီအနည်းငယ်တော့ ရှိပါတယ်။ ပထမဆုံး ဗိုင်းရပ်စ်တွေက လူသုံးများတဲ့ OS ဖြစ်တဲ့ Windows ကို ဦးတည်ဖန်တီးပါတယ်။ ဒုတိယအချက်က Mac OS က အားနည်းချက်အပေါက်နည်းတယ်။ ဒါပေမယ့်လည်း ခုခံနိုင်စွမ်းအပြည့်လို့ မပြောပါဘူး။ Mac ကလည်း ကူးစက်ခံရနိုင်တယ်။

ယုံတမ်း ၅။ incognito mode က သင့်အချက်အလက်တွေကို ကာကွယ်ပေးနိုင်တယ်

သုံးစွဲသူအတော်များများက “incognito” mode ဖွင့်လိုက်ချိန်မှာ browser window ဘာပြောသလဲဆိုတာ မဖတ်ကြပါဘူး။ တကယ့်က သူဟာ local မှာသိမ်းထားတဲ့အချက်အလက်တွေကိုသာ ဖျက်ဆီးပါတယ်။ ၀င်ထားတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ internet providers မှာရှိတဲ့အချက်အလက်တွေကတော့ ဒီအတိုင်းရှိနေဆဲပါပဲ။

ယုံတမ်း ၆။ “Refresh” ခလုတ်က အလုပ်တွေပိုမြန်စေတယ်

“Refresh” ခလုတ်က နောက်ဆုံးပြောင်းလဲမှုတွေကို တွေ့မြင်ရအောင် လုပ်ဆောင်ပေးပါတယ်။ ဖိုဒါနာမည်ပြောင်းလိုက်တယ် ဒါပေမယ့် အဟောင်းကို တွေ့မြင်နေရတုန်းဆိုရင်တော့ “Refresh” ခလုတ်ကို နှိပ်လိုက်ချိန်မှာ အသစ်ကိုမြင်ရမှာဖြစ်ပါတယ်။ ခလုတ်ကိုနှိပ်ဖို့ ၁-၂စက္ကန့်လောက်သုံးလိုက်တာဆိုတော့ မြန်လာတယ်လို့ ထင်သွားရတာဖြစ်ပါတယ်။

ယုံတမ်း ၇။ မူရင်းအားသွင်းကြိုးကို အသုံးပြုသင့်

မူရင်းပစ္စည်းတွေက သင့်ရဲ့ gadget တွေကို မြန်မြန်အားသွင်းနိုငတယ်။ ဒါပေမယ့် အရည်အသွေးမြင့်အခြားပစ္စည်းတွေကလည်း သင့်ရဲ့ဖုန်းကို ကွန်ပျူတာကို ခြိမ်းခြောက်နိုင်သလားဆိုတာကတော့ မဟုတ်ပြန်ပါဘူး။ ဈေးပေါတဲ့ပစ္စည်းတွေကတော့ ပျက်စီးစေနိုငပါတယ်။ ဒါကြောင့် ငွေကိုသက်သာစေချင်လို့ မူရင်းမဟုတ်တာကို ရွေးမယ်ဆိုရင်တော့ ဈေးနဲ့ ထုတ်လုပ်သူကို ကြည့်ပါ။ ပြီးတော့ အားအမြန်နှုန်းနဲ့ လက်ရှိဖုန်းအနေအထားကို ဆုံးဖြတ်ပါ။

ယုံတမ်း ၈။ USB ကို နည်းမှန်စွာဖြုတ်သင့်

USB-drive တွေနဲ့အလုပ်လုပ်နေရသူတွေအတွက် ဘာခလုတ်မှမနှိပ်ဘဲနဲ့ ဖြုတ်လေ့ရှိပါတယ်။ “safe remove” option ရွေးချိန်မှာ လုပ်ဆောင်ပေးတာကတော့ အဲဒီ USB-drive ထဲကို ကူးပြောင်းမှုတွေရှိနေသေးလားဆိုတာကို စစ်ဆေးပေးတာဖြစ်ပါတယ်။

ယုံတမ်း ၉။ ဖုန်းကိုဘတ်ထရီအားမကျသေးရင် အားသွင်းလို့မရဘူး

ဒီနေ့ခေတ် လီသီယမ်အိုင်းရွန်းဘတ်ထရီတွေအတွက် အလုပ်မဖြစ်ပါဘူး။ သူတို့တွေက ၄၀-၈၀% အထိ ထိန်းထားနိုင်ပါတယ်။ ဒါကြောင့် လုံးဝကျသွားချိန်အထိ စောင့်စရာမလိုအပ်ပါဘူး။

၁၀။ လေဆိပ် scanner တွေက မမ်မိုရီကဒ်တွေကို ပျက်စီးစေနိုင်

X-ray scanner တွေကို လေဆိပ်မှာအသုံးပြုထားတဲ့အတွက်ကြောင့် ဒီဂျစ်တယ်ကင်မရာမဟုတ်တဲ့ ဖလင်တွေကို ပျက်စီးစေနိုင်ပေမယ့် မမ်မိုရီကဒ်ထဲက ဒေတာတွေကိုတော့ မပျက်စီးပါဘူး။

သင်ရော ဒီအထဲကဘယ်ယုံတမ်းတွေကို ယုံနေသေးလဲ။

 

 

 

Leave a Reply