5G Smartphone ကို ေရာင္းခ်ေပးလိုက္တဲ့ Motorola

0
1232

လာမယ့္ႏွစ္မွာေတာ့ 5G ဆက္သြယ္မႈကို အသံုးျပဳႏုိင္ဖို႔ ကုမၸဏီမ်ားက အၿပိဳင္အဆိုင္ ႀကိဳးစားေနၾကပါတယ္။ အခုေတာ့ 5G Smartphone ကို Motorola က ေၾကညာလိုက္ပါတယ္။ Moto Z3 ျဖစ္ပါတယ္။ အေမရိကန္မွာ Verizon ကေန ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Verizon က လာမယ့္ႏွစ္မွာ 5G ကြန္ယက္ကို စတင္ ၀န္ေဆာင္မႈေပးမွာ ျဖစ္ၿပီး 5G Mod ကို ၀ယ္ယူ၍ Moto Z3 မွာ 5G ကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

5G MotoMod ရဲ႕ ေစ်းႏႈန္းကို ယခုႏွစ္ကုန္မွာ ေၾကညာမွာ ျဖစ္ပါတယ္။ ဖုန္းရဲ႕ ေစ်းႏႈန္းကေတာ့ ၄၈၀ ေဒၚလာ ျဖစ္ပါတယ္။ Verizon ကေန တစ္လလွ်င္ ေဒၚလာ ၂၀ ျဖင့္ ၂၄ လ အရစ္က်၀ယ္ယူႏုိင္ပါတယ္။ သူ႔မွာ ထူးျခားတာက ယခင္ႏွစ္ထုတ္ စြမ္းရည္ျမင့္ Qualcomm Snapdragon 835 SoC ထည့္သြင္းထားပါတယ္။

မ်က္ႏွာျပင္ အရြယ္အစားမွာ ၆ လက္မ ျဖစ္ၿပီး အရည္အေသြးမွာ 1080x2160p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အမ်ိဳးအစားမွာ Super AMOLED ျဖစ္ပါတယ္။ အေနာက္ဘက္မွာ Dual-LED Flash နဲ႔ အတူ 12MP+12MP Camera မ်ားကို တပ္ဆင္ထားပါတယ္။ ၈၄ ဒီဂရီ ျမင္ကြင္းက်ယ္ ဓါတ္ပံုမ်ား ရိုက္ကူးႏုိင္တဲ့ 8MP Camera ကို အေရွ႕ဘက္မွာ ထည့္ေပးထားပါတယ္။

သူ႔မွာ 4GB RAM , 64GB Internal Storage မ်ားပါပါတယ္။ ဘက္ထရီကေတာ့ 3000mAh ျဖစ္ပါတယ္။ Stock Android 8.1 Oreo ထည့္သြင္းထားပါတယ္။ ပါ၀ါခလုတ္ကိုဘယ္ဘက္မွာ တပ္ဆင္ထားပါတယ္။ လက္ေဗြရာ ကိရိယာကို ညာဘက္မွာ ထည့္သြင္းထားပါတယ္။ Ceramic Black တစ္ေရာင္ထဲသာ ထုတ္လုပ္ေပးထားပါတယ္။ ယခုလ ၁၆ ရက္ေန႔မွာေရာင္းမွာပါ။

unicode

5G Smartphone ကို ရောင်းချပေးလိုက်တဲ့ Motorola

လာမယ့်နှစ်မှာတော့ 5G ဆက်သွယ်မှုကို အသုံးပြုနိုင်ဖို့ ကုမ္ပဏီများက အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ 5G Smartphone ကို Motorola က ကြေညာလိုက်ပါတယ်။ Moto Z3 ဖြစ်ပါတယ်။ အမေရိကန်မှာ Verizon ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Verizon က လာမယ့်နှစ်မှာ 5G ကွန်ယက်ကို စတင် ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး 5G Mod ကို ဝယ်ယူ၍ Moto Z3 မှာ 5G ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

5G MotoMod ရဲ့ ဈေးနှုန်းကို ယခုနှစ်ကုန်မှာ ကြေညာမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းကတော့ ၄၈၀ ဒေါ်လာ ဖြစ်ပါတယ်။ Verizon ကနေ တစ်လလျှင် ဒေါ်လာ ၂၀ ဖြင့် ၂၄ လ အရစ်ကျဝယ်ယူနိုင်ပါတယ်။ သူ့မှာ ထူးခြားတာက ယခင်နှစ်ထုတ် စွမ်းရည်မြင့် Qualcomm Snapdragon 835 SoC ထည့်သွင်းထားပါတယ်။

မျက်နှာပြင် အရွယ်အစားမှာ ၆ လက်မ ဖြစ်ပြီး အရည်အသွေးမှာ 1080x2160p ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားမှာ Super AMOLED ဖြစ်ပါတယ်။ အနောက်ဘက်မှာ Dual-LED Flash နဲ့ အတူ 12MP+12MP Camera များကို တပ်ဆင်ထားပါတယ်။ ၈၄ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံများ ရိုက်ကူးနိုင်တဲ့ 8MP Camera ကို အရှေ့ဘက်မှာ ထည့်ပေးထားပါတယ်။

သူ့မှာ 4GB RAM , 64GB Internal Storage များပါပါတယ်။ ဘက်ထရီကတော့ 3000mAh ဖြစ်ပါတယ်။ Stock Android 8.1 Oreo ထည့်သွင်းထားပါတယ်။ ပါဝါခလုတ်ကိုဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို ညာဘက်မှာ ထည့်သွင်းထားပါတယ်။ Ceramic Black တစ်ရောင်ထဲသာ ထုတ်လုပ်ပေးထားပါတယ်။ ယခုလ ၁၆ ရက်နေ့မှာရောင်းမှာပါ။

Leave a Reply