Knowledge Smartphone

ေျမာက္ကိုရီးယားမွာ စမတ္ဖုန္းသံုးခြင့္နဲ႕ပတ္သတ္ျပီး ကန္႔သတ္ခ်က္မ်ား

Zawgyi version

ခန္႕မွန္းရသေလာက္ကေတာ့ ေျမာက္ကိုရီးယားမွာ စမတ္ဖုန္းအသံုးျပဳသူအမ်ားဆံုးလူဦးေရ ၄၀ ရာခိုင္နႈန္း ေလာက္ပဲ ရွိပါတယ္။ ဒါေပမဲ့လဲ သူတို႔က အင္တာနက္ကိုအသံုးမျပဳရပါဘူး။ နုိုင္ငံထဲမွာ ရွိတဲ့ intranet ကိုပဲ အသံုးျပဳရပါတယ္။ အဲ့လုိကန္႔သတ္ထားရင္ စမတ္ဖုန္း ေတြကို ဘာလုပ္ဖို႔ သံုးၾကေတာ့မလဲ။ ေျမာက္ကိုရီးယားကလူအမ်ားစုက သူတို႔ရဲ႕ စမတ္ဖုန္းေတြကို မက္ေဆ့ခ်္ပို႔ဖို႔၊ ဖုန္းေခၚဖို႔၊ ေစ်း၀ယ္ဖို႔နဲ႔ ဂိမ္းေဆာ့ဖို႔ အတြက္ပဲ သံုးၾကရပါတယ္။

ေျမာက္ကိုရီးယားမွာရွိတဲ့ စမတ္ဖုန္းေတြမွာ သံုးလို႔ရတဲ့ app ေတြကလဲ ဂိမ္းေတြ၊ ebook readers နဲ႔ ေငြလႊဲဖို႔နဲ႔ ပတ္သတ္တဲ့ app နဲ႔ service ေတြကိုပဲ သံုးလို႔ရၾကတာျဖစ္ပါတယ္။ တစ္ကယ္လို႔ app အသစ္ကိုသြင္းခ်င္တယ္ဆိုရင္ app store ကေန လြယ္လြယ္ကူကူနဲ႔ေတာ့ ေဒါင္းလို႔မရနုိင္ပါဘူး။ နုိင္ငံက ကန္႕သတ္ထားတဲ့ အတြက္ေၾကာင့္ app အသစ္ထည့္ခ်င္ရင္ communication center ကိုသြားျပီးေတာ့ download ဆြဲရပါတယ္။ သူတို႔ဆီမွာေတာ့ အဲ့လို center ေတြက 700 ေလာက္ရွိတယ္လို႔ေျပာပါတယ္။

အသံုးမ်ားတဲ့ app ေတြထဲကမွာ ေရပန္းစားတဲ့ app ေတြကေတာ့ Netflix နဲ႔ ebook reader တို႕ပဲ ျဖစ္ပါတယ္။ ျပီးေတာ့ ေမာ္ေတာ္ဆိုင္ကယ္ျပိဳင္တဲ့ ဂိမ္းျဖစ္တဲ့ Mt. Paektu to Mt. Hanna လို႔ေခၚတဲ့ ဂိမ္းရယ္ Ullim လို႔ေခၚတဲ့ ေငြလႊဲဖို႔အတြက္ ထုတ္လုပ္ထားတဲ့ app ရယ္တို႔ပဲ ျဖစ္ပါတယ္။

သူတို႔ဆီမွာ အဓိကအသံုးမ်ားျပီး ေရပန္းစားတဲ့ စမတ္ဖုန္း brand ၄ မ်ိဳးရွိပါတယ္။ သိပ္မၾကေသးခင္က ထြက္ရွိထားတဲ့ Phurun Hanul ဆိုတဲ့ စမတ္ဖုန္းကေတာ့ မ်က္နွာျပင္ ၅.၅ လက္မရွိျပီးေတာ့ ဖုန္းေနာက္ေက်ာမွာ လက္ေဗြရာစနစ္ပါ၀င္ပါတယ္။ သူကေတာ့ ဘက္ထရီကေတာ့ 6,000mAh ပဲ ျဖစ္ပါတယ္။

တစ္ျခားဖုန္းေတြကေတာ့ iPhone ပံုစံမ်ိဳးထုတ္လုပ္ထားတဲ့ Pyongyang Touch နဲ႔ Samsung Galaxy S7 နဲ႔တူတဲ့ Jindallae တို႔ပဲျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီစမတ္ဖုန္းေတြကလဲ ေစ်းမခ်ိဳသာပါဘူး။ သူတို႔ဆီမွာ $800 ထိကိုရွိပါတယ္တဲ့။

Unicode version

မြောက်ကိုရီးယားမှာရှိတဲ့ စမတ်ဖုန်းသုံးခွင့်နဲ့ ကန့်သတ်ချက်များ
ခန့်မှန်းရသလောက်ကတော့ မြောက်အမေရိကမှာ လူဦးရေ ၄၀ ရာခိုင်နှုန်း လောက်က စမတ်ဖုန်းတွေရှိကြပါတယ်။ ဒါပမဲ့ သူတို့က အင်တာနက်ကိုအသုံးမပြုရပါဘူး။ နိုင်ငံထဲမှာ ရှိတဲ့ intranet ကိုပဲ အသုံးပြုရပါတယ်။ အဲ့လိုကန့်သတ်ထားရင် စမတ်ဖုန်း တွေကို ဘာလုပ်ဖို့ သုံးကြတော့မလဲ။ မြောက်ကိုရီးယားကလူအများစုက သူတို့ရဲ့ စမတ်ဖုန်းတွေကို မက်ဆေ့ချ်ပို့ဖို့၊ ဖုန်းခေါ်ဖို့၊ ဈေးဝယ်ဖို့နဲ့ ဂိမ်းဆော့ဖို့ အတွက်ပဲ သုံးကြရပါတယ်။
မြောက်အမေရိကမှာရှိတဲ့ စမတ်ဖုန်းတွေမှာ သုံးလို့ရတဲ့ app တွေကလဲ ဂိမ်းတွေ၊ ebook readers နဲ့ ငွေလွှဲဖို့နဲ့ ပတ်သတ်တဲ့ app နဲ့ service တွေကိုပဲ သုံးလို့ရကြတာဖြစ်ပါတယ်။ တစ်ကယ်လို့ app အသစ်ကိုသွင်းချင်တယ်ဆိုရင် app store ကနေ လွယ်လွယ်ကူကူနဲ့တော့ ဒေါင်းလို့မရနိုင်ပါဘူး။ နိုင်ငံက ကန့်သတ်ထားတဲ့ အတွက်ကြောင့် app အသစ်ထည့်ချင်ရင် communication center ကိုသွားပြီးတော့ download ဆွဲရပါတယ်။ သူတို့ဆီမှာတော့ အဲ့လို center တွေက 700 လောက်ရှိတယ်လို့ပြောပါတယ်။
အသုံးများတဲ့ app တွေထဲကမှာ ရေပန်းစားတဲ့ app တွေကတော့ Netflix နဲ့ ebook reader တို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ မော်တော်ဆိုင်ကယ်ပြိုင်တဲ့ ဂိမ်းဖြစ်တဲ့ Mt. Paektu to Mt. Hanna လို့ခေါ်တဲ့ ဂိမ်းရယ် Ullim လို့ခေါ်တဲ့ ငွေလွှဲဖို့အတွက် ထုတ်လုပ်ထားတဲ့ app ရယ်တို့ပဲ ဖြစ်ပါတယ်။
သူတို့ဆီမှာ အဓိကအသုံးများပြီး ရေပန်းစားတဲ့ စမတ်ဖုန်း brand ၄ မျိုးရှိပါတယ်။ သိပ်မကြသေးခင်က ထွက်ရှိထားတဲ့ Phurun Hanul ဆိုတဲ့ စမတ်ဖုန်းကတော့ မျက်နှာပြင် ၅.၅ လက်မရှိပြီးတော့ ဖုန်းနောက်ကျောမှာ လက်ဗွေရာစနစ်ပါဝင်ပါတယ်။ သူကတော့ ဘက်ထရီကတော့ 6,000mAh ပဲ ဖြစ်ပါတယ်။
တစ်ခြားဖုန်းတွေကတော့ iPhone ပုံစံမျိုးထုတ်လုပ်ထားတဲ့ Pyongyang Touch နဲ့ Samsung Galaxy S7 နဲ့တူတဲ့ Jindallae တို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီစမတ်ဖုန်းတွေကလဲ ဈေးမချိုသာပါဘူး။ သူတို့ဆီမှာ $800 ထိကိုရှိပါတယ်တဲ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.