အသက္ ၁၁ ႏွစ္ မျပည့္ေသးတဲ့ ကေလးမ်ားအား ဖုန္း ေပးမသံုးသင့္ေၾကာင္း စိတ္ပညာရွင္ သတိေပး

0
964

စမတ္ဖုန္းမ်ားဟာ အိတ္ေဆာင္ ကြန္ျပဴတာငယ္ေလးမ်ားလို အစြမ္းထက္လာၾကပါၿပီ။ ဖုန္းမ်ားကေန အင္တာနက္မွ ဗဟုသုတမ်ား ေလ့လာႏုိင္ျခင္း၊ လူမႈကြန္ရက္မ်ားမွာ သူငယ္ခ်င္းမ်ား ရွာေဖြႏုိင္ျခင္းမ်ားေၾကာင့္ လူေတြဟာ စမတ္ဖုန္းကို စြဲလမ္းစြာ အသံုးျပဳလာၾကပါတယ္။ လူႀကီးမ်ားသာမက ကေလးမ်ားဟာလည္း စမတ္ဖုန္းကို စြဲလမ္းစြာ သံုးလာၾကပါတယ္။ အခုေတာ့ စိတ္ပညာရွင္ တစ္ဦး ျဖစ္သူ Dr Jon Golding က အသက္ ၁၁ ႏွစ္ မျပည့္ေသးတဲ့ ကေလးမ်ားအား ဖုန္း ေပးမသံုးသင့္ေၾကာင္း ေျပာလိုက္ပါတယ္။

လူမႈကြန္ရက္မ်ားဟာ ကေလးမ်ားအား စိတ္ဓါတ္က်ျခင္း ၊ စိတ္လႈပ္ရွားေစျခင္းမ်ားကို ျဖစ္ေပၚေစပါတယ္လို႔ သူက ရွင္းျပပါတယ္။ အသက္ ၈ ႏွစ္နဲ ၁၁ အၾကား ကေလးငယ္ ဆယ္ဦးမွာ ေလးဦးဟာ စမတ္ဖုန္း တစ္လံုး ပိုင္ဆိုင္ေနပါတယ္။ အသက္ ၁၃ ႏွစ္ေတာင္ မျပည့္ေသးတဲ့ ကေလးမ်ားဟာ Facebook နဲ႔ Twitter တို႔မွာ ကိုယ္ပိုင္ အေကာင့္မ်ားျဖင့္ အသံုးျပဳေနၾကပါတယ္။ မိဘမ်ားဟာ အျခား ကေလးမ်ားလိုပဲ သူတို႔ရဲ႕ ကေလးမ်ားအား စမတ္ဖုန္းမ်ား ၀ယ္ေပးထားၾကပါတယ္။

အသက္ ၁၁ ႏွစ္မျပည့္ေသးသူမ်ားကို ဖုန္း ကိုင္ခြင့္ မေပးတဲ့ ဥပေဒေတာ့ ျပဌာန္းဖို႔ မလြယ္ကူပါဘူး။ ဒါေပမယ့္ ကေလးအား ဖုန္း အသံုးျပဳခြင့္ေပးတာနဲ႔ ပတ္သက္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္မ်ားကိုေတာ့ မိဘမ်ားက လိုက္နာသင့္ပါတယ္။ အသက္ ၁၁ ႏွစ္ေအာက္ကေလးမ်ားကို တစ္ရက္လွ်င္ ႏွစ္နာရီသာ လူမႈကြန္ရက္မ်ားကို အသံုးျပဳခြင့္ေပးသင့္ပါတယ္လို႔ Dr Jon Golding က ေျပာပါတယ္။

စစ္တမ္းတစ္ခုအရ မိဘမ်ားရဲ႕ ၄၀ ရာခုိင္ႏႈန္းဟာ အသက္ ၁၆ ႏွစ္ မျပည့္ေသးသူမ်ားအား ဖုန္း မ၀ယ္ေပးခ်င္ဘူးလို႔ ေျပာပါတယ္။ ၆၇ ရာခုိင္ႏႈန္းဟာ ကေလးမ်ား ဖုန္း ကိုင္ရမယ့္ အရြယ္အား ဥပေဒမ်ား ျပဌာန္းျခင္းျဖင့္ သတ္မွတ္ေပးေစလိုတယ္လို႔ သိရပါတယ္။ အခ်ိဳ႕ မိဘမ်ားကလည္း ကေလးမ်ား စမတ္ဖုန္း သံုးျခင္းေၾကာင့္ အိပ္စက္ျခင္းကို ထိခိုက္ေစမွာကို စိတ္ပူေနၾကပါတယ္။

unicode

အသက် ၁၁ နှစ် မပြည့်သေးတဲ့ ကလေးများအား ဖုန်း ပေးမသုံးသင့်ကြောင်း စိတ်ပညာရှင် သတိပေး

စမတ်ဖုန်းများဟာ အိတ်ဆောင် ကွန်ပြူတာငယ်လေးများလို အစွမ်းထက်လာကြပါပြီ။ ဖုန်းများကနေ အင်တာနက်မှ ဗဟုသုတများ လေ့လာနိုင်ခြင်း၊ လူမှုကွန်ရက်များမှာ သူငယ်ချင်းများ ရှာဖွေနိုင်ခြင်းများကြောင့် လူတွေဟာ စမတ်ဖုန်းကို စွဲလမ်းစွာ အသုံးပြုလာကြပါတယ်။ လူကြီးများသာမက ကလေးများဟာလည်း စမတ်ဖုန်းကို စွဲလမ်းစွာ သုံးလာကြပါတယ်။ အခုတော့ စိတ်ပညာရှင် တစ်ဦး ဖြစ်သူ Dr Jon Golding က အသက် ၁၁ နှစ် မပြည့်သေးတဲ့ ကလေးများအား ဖုန်း ပေးမသုံးသင့်ကြောင်း ပြောလိုက်ပါတယ်။

လူမှုကွန်ရက်များဟာ ကလေးများအား စိတ်ဓါတ်ကျခြင်း ၊ စိတ်လှုပ်ရှားစေခြင်းများကို ဖြစ်ပေါ်စေပါတယ်လို့ သူက ရှင်းပြပါတယ်။ အသက် ၈ နှစ်နဲ ၁၁ အကြား ကလေးငယ် ဆယ်ဦးမှာ လေးဦးဟာ စမတ်ဖုန်း တစ်လုံး ပိုင်ဆိုင်နေပါတယ်။ အသက် ၁၃ နှစ်တောင် မပြည့်သေးတဲ့ ကလေးများဟာ Facebook နဲ့ Twitter တို့မှာ ကိုယ်ပိုင် အကောင့်များဖြင့် အသုံးပြုနေကြပါတယ်။ မိဘများဟာ အခြား ကလေးများလိုပဲ သူတို့ရဲ့ ကလေးများအား စမတ်ဖုန်းများ ဝယ်ပေးထားကြပါတယ်။

အသက် ၁၁ နှစ်မပြည့်သေးသူများကို ဖုန်း ကိုင်ခွင့် မပေးတဲ့ ဥပဒေတော့ ပြဌာန်းဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ကလေးအား ဖုန်း အသုံးပြုခွင့်ပေးတာနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်များကိုတော့ မိဘများက လိုက်နာသင့်ပါတယ်။ အသက် ၁၁ နှစ်အောက်ကလေးများကို တစ်ရက်လျှင် နှစ်နာရီသာ လူမှုကွန်ရက်များကို အသုံးပြုခွင့်ပေးသင့်ပါတယ်လို့ Dr Jon Golding က ပြောပါတယ်။

စစ်တမ်းတစ်ခုအရ မိဘများရဲ့ ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၆ နှစ် မပြည့်သေးသူများအား ဖုန်း မဝယ်ပေးချင်ဘူးလို့ ပြောပါတယ်။ ၆၇ ရာခိုင်နှုန်းဟာ ကလေးများ ဖုန်း ကိုင်ရမယ့် အရွယ်အား ဥပဒေများ ပြဌာန်းခြင်းဖြင့် သတ်မှတ်ပေးစေလိုတယ်လို့ သိရပါတယ်။ အချို့ မိဘများကလည်း ကလေးများ စမတ်ဖုန်း သုံးခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေမှာကို စိတ်ပူနေကြပါတယ်။

Leave a Reply