စမတ်ဖုန်းများမှာ လုပ်ဆောင်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးများ

0
1043

Zawgyi version

ကျွန်တော်တို့အားလုံးက ဒီဂျစ်တယ်ခေတ်မှာနေနေရတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အပါမခံနိုင်တဲ့အချက်အလက်တွေကို ဖုန်းထဲမှာသိမ်းထားကြပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာတွေလုပ်သင့်သလဲ။

၁။ ဖုန်း Password ကို မကြာခဏပြောင်းလဲပါ

 

 

သင့်ရဲ့စမတ်ဖုန်းက သင့်အတွက်အရေးကြီးတဲ့အပေါ်မူတည်ပြီးတော့ Password ကို မကြာခဏဆိုသလို ပြောင်းလဲဖို့လိုအပ်ပါတယ်။ password/PIN ကို ပုံမှန်သတ်မှတ်ပြီးတော့ ပြောင်းလဲပါ။ မနှစ်ကဟာကို သုံးနေဆဲဆိုရင်တော့ တစ်ယောက်ယောက်က သိသွားနိုင်ပြီးတော့ ဒုက္ခပေးနိုင်ပါတယ်။ ဒီတော့ ပြောင်းလဲလိုက်ကြပါစို့။ သင့်ဖုန်းမှာ password တွေ၊ ဘဏ်အချက်အလက်တွေ၊ ကိုယ့်ရဲ့သတင်းအကြောင်းအရာတွေ၊ ဟိုပုံဒီပုံတွေရှိတယ်ဆိုတော့ လုံခြုံအောင်သိမ်းထားပါ။

 

၂။ ဖုန်းကို သန့်ရှင်းရေးလုပ်ပါ

 

များသောအားဖြင့် မလုပ်ဖြစ်ကြပါဘူး။ ကျွန်တော်တို့အားလုံး ဖုန်းကို အိမ်သာထဲမှာ အသုံးပြုတတ်ကြတယ်။ ဖျားနေတုန်းမှာလည်း အသုံးပြုကြတယ်။ မီးဖိုချောင်ထဲမှာလည်း အသုံးပြုတယ်။ နား၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနားမှာထားပြီးတော့ ပြောနေရတာမဟုတ်လား။ ဒီတော့ သင့်ရဲ့ဖုန်းကို သန့်ရှင်းရေးမကြာခဏလုပ်ဖို့ လိုအပ်တယ်ဆိုတာ သဘောပေါက်လိုက်ပါတော့။ အဲဒီမှာ ဒုက္ခပေးနိုင်တဲ့အကောင်လေးတွေ ပုန်းအောင်းနေနိုင်သလို လက်ဗွေတွေလည်း မကြာခဏထင်နေနိုင်ပါတယ်။ ဒီတော့ PIN ၊ password ရိုက်တဲ့နေရာလေးမှာ ကွက်ပြီးတော့ ဖုန်ကင်းနေတာမျိုး ဖြစ်နေလိမ့်မယ်။ ဖုန်တွေသုတ်ပေးပါ။

၃။ Social Media မှာ အချိန်ကုန်ဆုံးခြင်း လျှော့သုံးပါ

 

Social Media ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘ၀ရဲ့ကြီးမားသောအစိတ်အပိုင်းကြီးတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း Facebook ၊ Instagram ၊ Twitter တို့ကနေ နည်းနည်းလောက်တော့ ရုန်းထွက်သင့်ပါတယ်။ Social Media ရဲ့အချိန်တွေကို လျှော့ဖို့အတွက် သင်တစ်ပတ်လောက်မကြည့်ဖြစ်တဲ့ page နဲ့ profile တွေကို ဖယ်လိုက်ပါ။ သင်နဲ့စကားမပြောဖြစ်တဲ့သူငယ်ချင်းတွေကို ဖျက်လိုက်ပါ။ မနက်နိုးနိုးချင်း အိပ်ယာထဲမှာ ပွတ်နေမယ့်အစား အိပ်ယာထဲကထပြီးတော့ လုပ်စရာရှိတာလုပ်လိုက်ခြင်းက သင့်ကိုလန်းလန်းဆန်းဆန်းဖြစ်စေပါတယ်။ social media ကနေ ထွက်လိုက်ခြင်းက သင့်ကို ဘတ်ထရီသက်တမ်းပိုကောင်းစေနိုင်ပါသေးတယ်။

၎။ စမတ်ဖုန်းထုတ်လုပ်သူကိုလည်း သတိထားပါ

 

အရင်နှစ်တွေတုန်းက customer service ညံ့တာ၊ ဘတ်ထရီမကောင်းတာတွေနဲ့ ထုတ်လုပ်သူတွေကို ပွတ်လောရိုက်ခဲ့ကြသေးတယ်။ ဒီလို brand တွေကို သိထားပြီးတော့ နောက်တစ်ကြိမ်သုံးမယ်ဆိုရင် စဉ်းစားဖို့လိုပါပြီ။ ကျွန်တော်တို့ရဲ့ပိုက်ဆံတွေကို ကျွန်တော်တို့အသုံးပြုတဲ့အခါ သတိရှိဖို့လိုအပ်ပါတယ်။

၅။ စမတ်ဖုန်းကင်မရာကို မကြာခဏအသုံးပြုပါ

လွန်ခဲ့တဲ့ငါးနှစ်လောက်နဲ့ယှဉ်လိုက်မယ်ဆိုရင် စမတ်ဖုန်းပေါ်က သင့်ကင်မရာက ပိုကောင်းလာသလို ပိုမိုက်တဲ့ပုံရိပ်တွေကို ပေးစွမ်းနိုင်နေပါပြီ။ တစ်ရက်ကို တစ်ပုံလောက်ရိုက်မယ်ဆိုရင် settings တွေအားလုံးကို ရင်းနှီးနေမှာပါ။ မသိဘူးဆိုရင်တောင် သင်ယူရင်းနဲ့ ဓါတ်ပုံပညာမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

၆။ Hype ဖြစ်လို့ဝယ်တာထက် Review တွေကို အရင်ဖတ်ပါ

ဒီတစ်ခုတော့ အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးက ဖုန်းရဲ့အချက်လက်ကိုကြည့်လိုက်တယ်။ ဟာအမိုက်စားပဲလို့ တွေးလိုက်တယ်။ ကြော်ငြာတွေကလည်း စိတ်ကိုဖမ်းစားနိုင်တာကိုး။ ဒီတော့ ၀ယ်လိုက်တယ်။ ဒါပေမယ့် ၀ယ်လိုက်တဲ့အချိန်မှာ ကျွန်တော်တို့မှန်းထားသလောက် မကောင်းဘူး။ ဒီနှစ်မှာတော့ review တွေကိုဖတ်ပြီးမှသာ ၀ယ်ယူဖို့ အကြံပေးချင်ပါတယ်။

၇။ ကျွန်တော်တို့ဖုန်းနဲ့ နည်းပညာကို ကျန်းမာရေးအတွက် အသုံးပြုပါ။

 

ကျွန်တော်တို့ဖုန်းမှာ GPS နဲ့ sensor တွေအများကြီးပါဝင်ပါတယ်။ အခုဆိုရင် ကျန်းမာ၊ ကြံ့ခိုင်ရေးအတွက် အသုံးပြုနိုင်နေပြီ။ Strava ၊ Runtastic တို့လို app တွေအများကြီးက ဖုန်းတစ်လုံးနဲ့ သင့်ကိုယ်ကို ကျန်းမာကြံ့ခိုင်အောင် ကူညီပေးနိုင်ပါတယ်။

၈။ ဖုန်းကို အခြေအနေကောင်းကောင်းမှာထားပါ

https://i1.wp.com/www.telcoworld.com.au/wp-content/uploads/2017/01/smartphone-care-620x161.jpg?resize=666%2C173&ssl=1

ဖုန်းကိုသန့်ရှင်းအောင် ထားခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောခဲ့ပြီးပါပြီ။ သန့်ရှင်းပြီးတော့ ကောင်းကောင်းကိုင်ခဲ့မယ်ဆိုရင် ပြန်ရောင်းတဲ့အခါမှာလည်း ကောင်းကောင်းရနိုင်ပါတယ်။ မှန်ကပ်တွေ၊ ဆီလီကွန်ကာဗာတွေကို အသုံးပြုပါ။ ပြန်ရောင်းတဲ့အခါ ဈေးတန်တာပေါ့။

၉။ မလိုအပ်တဲ့ မသုံးတော့တဲ့ App နဲ့ ဖိုဒါတွေကို ဖျက်လိုက်ပါ

တစ်ပတ်လောက်မသုံးဖြစ်တော့ဘူးဆိုရင် ကျွန်တော်ကတော့ အသုံးမလိုဘူးဆိုပြီးတော့ ဖျက်ပစ်တတ်ပါတယ်။ ဖုန်းကို နေရာလွတ်ထားခြင်းက ကောင်းတဲ့အကျင့်တစ်ခုပါ။ app ရှာချင်တဲ့အခါမှာ လွယ်ကူတာကို တွေ့ရပါလိမ့်မယ်။ ကြည့်ရတာလည်း ရှင်းလင်းနေပါတယ်။ ဒီတော့ သန့်သန့်လေးနေတတ်တဲ့သူဆိုတာ ဖုန်းကိုကြည့်တာနဲ့ သိနိုင်ပါတယ်။ မဟုတ်လည်း ဟန်ဆောင်ကြတာပေါ့။

၁၀။ IFTTT ကို အသုံးပြုပြီး အားထုတ်မှုနည်းနည်းနဲ့လုပ်ဆောင်မှုများများ အသုံးပြုပါ

 

သင့်ရဲ့စမတ်ဖုန်းက အရင်ကထက်ပိုပြီးတော့ စမတ်ဖြစ်လာပါတယ်။ IFTTT ကို အသုံးပြုမယ်ဆိုရင် စဉ်းစားနေစရာမလိုအပ်ဘဲနဲ့ ရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးတွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ Vivo Funtouch ဖုန်းတွေမှာဆိုရင် WIFI ကို ဖွင့်နိုင်တဲ့ ဒါမှမဟုတ် စာဖတ်ချိန်မှာ မျက်စိထိခိုက်မှုနည်းစေမယ့် mode ကို ဖွင့်နိုင်တဲ့ အစွမ်းတွေရှိပါတယ်။ တကယ်လို့ အဲဒီလို feature မရှိဘူးဆိုရင်တော့ IFTTT လိုမျိုး app ကို အသုံးပြုလိုက်ပါ။ GPS နေရာတစ်ခုကို သတ်မှတ်ထားပြီး အဲဒီနေရာရောက်ရင် WIFI ပိတ်ဖို့၊ အလုပ်ပြန်စချိန်မှာ မက်ဆေ့ခ်ျလေးပို့ပေးဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

 

Leave a Reply