Zawgyi Version
စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းတစ္လံုးကိုရွာေနတယ္ဆိုရင္ေတာ့ Mi A2 က စဥ္းစားဖို႕ထိပ္ဆံုးျဖစ္ေနႏုိင္ပါတယ္။ မႏွစ္က launch လုပ္ထားတဲ့ Mi A1 ကလည္း ေဒၚလာ၂၃၀ ဆိုေတာ့ Mi A2 ကို ေဒၚလာ၂၈၀ ေပးျပီး၀ယ္ရဖို႕က စဥ္းစားခ်င္ခ်င္ျဖစ္ပါတယ္။ Mi A1 ကေတာ့ Android One ကို အသံုးျပဳထားပါတယ္။ ဘတ္ဂ်က္ဖုန္းတစ္လံုးလည္း ျဖစ္ေနျပန္ပါတယ္။
Mi A2 လည္း ဒီလိုပါပဲ။ hardware နဲ႕ ကင္မရာပိုင္းကို ျပင္ဆင္ထားပါတယ္။ Mi A2 ဟာ ေစ်းကြက္ေပါင္း ၄၀ ေက်ာ္ကိုျဖန္႕ခ်ိသြားမွာ ျဖစ္ပါတယ္။ ဒီေတာ့ အသစ္ထြက္လား၊ ၂၀၁၇ထုတ္ဘတ္ဂ်က္ဖုန္းအေကာင္းစားေလးလား။ ေရြးရေအာင္။
Xiaomi Mi A2 vs. Mi A1: Specs
Category | Xiaomi Mi A2 | Xiaomi Mi A1 |
---|---|---|
Operating System | Android 8.1 Oreo Android One |
Android 8.1 Oreo Android One |
Display | 5.99-inch 18:9 FHD+ (2160×1080) IPS LCD panel Gorilla Glass 5 |
5.5-inch 16:9 FHD (1920 x 1080) IPS LCD panel Gorilla Glass |
SoC | Octa-core Qualcomm Snapdragon 660 4×2.2GHz Kryo 260 + 4×1.8GHz Kryo 260 14nm |
Octa-core Qualcomm Snapdragon 625 Eight Cortex A53 cores up to 2.0GHz 14nm |
GPU | Adreno 512 | Adreno 506 |
RAM | 4GB/6GB | 4GB |
Storage | 32GB/64GB/128GB | 64GB |
Expandable | No | Yes, up to 128GB |
Rear camera | 12MP (f/1.75, 1.25um) + 20MP (f/1.75, 1.0um) PDAF, LED flash, 4K video recording |
12MP (f/2.2, 1.25um) + 12MP (f/2.6, 1.1um) PDAF, LED flash 1080p video recording |
Front camera | 20MP (f/1.75, 2.0um) AI portrait mode LED Selfie light Beautify 4.0 |
5MP f/2.2 lens |
Connectivity | LTE with VoLTE Wi-Fi 802.11 ac, Bluetooth 5.0 GPS, GLONASS |
LTE with VoLTE Wi-Fi 802.11 a/b/g/n, Bluetooth 4.2 3.5mm audio jack GPS, GLONASS |
Battery | 3010mAh battery Quick Charge 4.0 (India) QC3.0 (ROW) USB-C |
3010mAh battery Quick Charge 3.0 USB-C |
Fingerprint | Rear fingerprint | Rear fingerprint |
Dimensions | 158.7 x 75.4 x 7.3mm | 155.4 x 75.8 x 7.3mm |
Weight | 166g | 165g |
Colors | Black, Gold, Blue, Rose Gold | Black, Gold, Rose Gold |
ဘာေတြတူလဲဆိုေတာ့
Android One ကေတာ့ အဓိကပါပဲ။ user experience ရွင္းရွင္းေလးျမင္ရမွာပါ။ Mi A2 ကေတာ့ Android 8.1 Oreo ကိုအသံုးျပဳထားပါတယ္။ Android P update ကိုလည္း မၾကာခင္ရမယ္လို႕ ေျပာထားပါတယ္။
Mi A1 ကေတာ့ MIUI ေပၚမွာ pure Android skin ေပးႏုိင္တဲ့အတြက္ေၾကာင့္ မႏွစ္ကအေကာင္းဆံုးျဖစ္ခဲ့ပါတယ္။ Mi A2 ကလည္း ဒီလမ္းစဥ္ကို လုိက္ပါလိမ့္မယ္။ ဘတ္ဂ်က္ဆိုေတာ့ အေကာင္းၾကီးမဟုတ္ေပမယ့္လည္း hardware ေလးေတြကို အဆင့္ျမွင့္ထားေပးပါတယ္။ မလုပ္တာထက္စာရင္ ေကာင္းတာေပါ့ေလ။
Motorola’s Moto G series ကေတာ့ လြတ္ထြက္ေနပါတယ္။ ဒါေပမယ့္လက္ရွိ Moto G6 series ကေတာ့ Xiaomi, Honor နဲ႕ အျခားသူေတြေပးႏုိင္တဲ့အရာမ်ိဳး မရွိေသးပါဘူး။
ဘတ္ထရီကေတာ့ မႏွစ္ကလိုပါပဲ။ Mi A2 မွာ 3000mAh ကို အသံုးျပဳထားပါတယ္။ Mi A1 ကေတာ့ 3010mAh ပါ။ တစ္ေန႕တာေလာက္ေတာ့ အဆင္ေျပပါတယ္။ Mi A2 ကို စမ္းသံုးၾကည့္ေတာ့ အရမ္းသံုးျပီးေနာက္မွာ ၁၀% က်န္ေနပါေသးတယ္။
ဘာေတြမတူညီလဲ
အဓိကျခားနားခ်က္ကေတာ့ အတြင္းပိုင္း hardware ေတြပါပဲ။ Mi A1 မွာအသံုးျပဳထားတဲ့ Snapdragon 625 chipset ေတြက benchmark score ေတြ သိပ္မမိုက္ပါဘူး။ ဒါေပမယ့္လည္း သူ႕ရဲ႕ efficiency နဲ႕ performance ေတြေၾကာင့္ ဟန္ခ်က္ညီတယ္လို႕ဆိုရမယ္။ Mi A2 ရဲ႕ Snapdragon 660 ကေတာ့ လက္ရွိအပိုင္းမွာ အျမန္ဆံုးလို႕ဆိုရမွာပါ။
Snapdragon 660 ရဲ႕ performance ကေတာ့ Snapdragon 820 နဲ႕ ယွဥ္လုိက္ရင္ အတူတူေလာက္ပါပဲ။ core အတူတူေလာက္ပါ။ Mi A2 ကေတာ့ မမ္မိုရီတိုးလာပါတယ္။ 6GB RAM နဲ႕ 128GB storage ရႏုိင္ပါတယ္။
Storage မွာ မမ္မိုရီကဒ္ေတာ့စိုက္လို႕မရပါဘူး။ Mi A1 မွာကေတာ့ hybrid SIM card tray ပါတဲ့အတြက္ေၾကာင့္ ဆင္းတစ္ကဒ္နဲ႕ မမ္မိုရီသံုးလို႕ရပါတယ္။ Mi A2 ကေတာ့ မရႏုိင္ပါဘူး။
နားၾကပ္ေပါက္ကေတာ့ မထည့္ေတာ့ဘူးထင္ပါတယ္။ နားၾကပ္ေပါက္အတြက္ထည့္မယ္ေနရာကို ရွင္းခ်င္တဲ့အတြက္ေၾကာင့္လို႕ ေျပာဆိုထားပါတယ္။
အမ်ားၾကီးမေျပာင္းလဲတာကေတာ့ အရည္အေသြးပါပဲ။ ၅.၉၉လက္မ IPS LCD panel ကို ဆက္လက္အသံုးျပဳထားပါတယ္။ 18:9 form factor အျဖစ္နဲ႕သံုးထားလို႕ Xiaomi ကို Mi A1 နဲ႕ ဆက္လက္တူေနေစပါတယ္။ Mi A2 ကေတာ့ hardware navigation key မျဖစ္ေတာ့ပါဘူး။
တိုးတက္မႈအပို္င္းမွာ Mi A2 ကို အိႏၵိ္ယမွာေရာင္းတဲ့အခါ Quick Charge 4.0 support ထည့္သြင္းေပးမွာပါ။ global ကေတာ့ QC3.0 နဲ႕ပါ။ QC4.0 ပါတဲ့ဖုန္းကို ေစ်းကြက္ထဲမွာ မ်ားမ်ားမျမင္ရေသးပါဘူး။ ဘတ္ဂ်က္ဆိုရင္ ျမင္ကိုမျမင္ရတာပါ။ ဒါဟာ ၾကိဳဆိုရမွာပါ။ QC4.0 ေပးႏုိင္တဲ့ wall charger မရွိဘူးဆိုေတာ့ 45W ေပးႏုိင္တဲ့ USB-PD charger ကို ရွာရေတာ့မွာပါ။ Xiaomi ကေတာ့ standard 5V/2A charger ကိုသာ ထည့္သြင္းေပးမွာပါ။
ေနာက္ဆံုးအခ်က္ကေတာ့ ကင္မရာပါပဲ။ dual 12MP + 20MP camera ေတြကို ေနာက္ဘက္မွာထည့္ထားတဲ့အတြက္ေၾကာင့္ ေန႕အခ်ိန္နဲ႕ အလင္းအားနည္းခ်ိန္ ႏွစ္မ်ိဳးလံုးအတြက္ အဆင္ေျပပါတယ္။ 20MP အေရွ႕ကင္မရာကေတာ့ အေကာင္းဆံုးျဖစ္ေစပါတယ္။
Upgrade လုပ္သင့္လား။
Mi A1 ကလည္း အသက္ေလးရလာပါျပီ။ ဒါေပမယ့္ Mi A2 က hardware upgrade ေတြကိုလည္း ထည့္သြင္းစဥ္းစားရမွာပါ။ ကင္မရာကေတာ့ ေဒၚလာ၃၀၀ေအာက္ဖုန္းတစ္လံုးအတြက္ အေကာင္းဆံုးျဖစ္ေနပါတယ္။ Mi A1 ထက္ေတာ့ ေဒၚလာ၅၀ပိုေနပါတယ္။ ဒါကလညး္ ဆြဲေဆာင္မႈတစ္ခုျဖစ္လာႏုိင္ပါတယ္။
Mi A1 ကိုလက္ရွိအသံုးျပဳေနျပီးေတာ့ hardware ေကာင္းေကာင္း၊ 18:9 panel ကို လိုက္ရွာေနမယ္ဆုိရင္ေတာ့ စဥ္းစားမေနနဲ႕။ Mi A2 ပါပဲ။ အိႏိၵယကို ၾသဂုတ္လ၈ရက္ေန႕မွာ launch လုပ္မွာျဖစ္ျပီးေတာ့ ေစ်းႏႈန္းနဲ႕ ရရွိနုိင္မယ့္ေစ်းကြက္ေတြကို ဆက္လက္တင္ျပေပးသြားမွာမို႕ ေစာင့္ၾကည့္ေနေစခ်င္ပါတယ္။
Unicode Version
စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတစ်လုံးကိုရှာနေတယ်ဆိုရင်တော့ Mi A2 က စဉ်းစားဖို့ထိပ်ဆုံးဖြစ်နေနိုင်ပါတယ်။ မနှစ်က launch လုပ်ထားတဲ့ Mi A1 ကလည်း ဒေါ်လာ၂၃၀ ဆိုတော့ Mi A2 ကို ဒေါ်လာ၂၈၀ ပေးပြီးဝယ်ရဖို့က စဉ်းစားချင်ချင်ဖြစ်ပါတယ်။ Mi A1 ကတော့ Android One ကို အသုံးပြုထားပါတယ်။ ဘတ်ဂျက်ဖုန်းတစ်လုံးလည်း ဖြစ်နေပြန်ပါတယ်။
Mi A2 လည်း ဒီလိုပါပဲ။ hardware နဲ့ ကင်မရာပိုင်းကို ပြင်ဆင်ထားပါတယ်။ Mi A2 ဟာ ဈေးကွက်ပေါင်း ၄၀ ကျော်ကိုဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ ဒီတော့ အသစ်ထွက်လား၊ ၂၀၁၇ထုတ်ဘတ်ဂျက်ဖုန်းအကောင်းစားလေးလား။ ရွေးရအောင်။
Xiaomi Mi A2 vs. Mi A1: Specs
Category | Xiaomi Mi A2 | Xiaomi Mi A1 |
---|---|---|
Operating System | Android 8.1 Oreo Android One |
Android 8.1 Oreo Android One |
Display | 5.99-inch 18:9 FHD+ (2160×1080) IPS LCD panel Gorilla Glass 5 |
5.5-inch 16:9 FHD (1920 x 1080) IPS LCD panel Gorilla Glass |
SoC | Octa-core Qualcomm Snapdragon 660 4×2.2GHz Kryo 260 + 4×1.8GHz Kryo 260 14nm |
Octa-core Qualcomm Snapdragon 625 Eight Cortex A53 cores up to 2.0GHz 14nm |
GPU | Adreno 512 | Adreno 506 |
RAM | 4GB/6GB | 4GB |
Storage | 32GB/64GB/128GB | 64GB |
Expandable | No | Yes, up to 128GB |
Rear camera | 12MP (f/1.75, 1.25um) + 20MP (f/1.75, 1.0um) PDAF, LED flash, 4K video recording |
12MP (f/2.2, 1.25um) + 12MP (f/2.6, 1.1um) PDAF, LED flash 1080p video recording |
Front camera | 20MP (f/1.75, 2.0um) AI portrait mode LED Selfie light Beautify 4.0 |
5MP f/2.2 lens |
Connectivity | LTE with VoLTE Wi-Fi 802.11 ac, Bluetooth 5.0 GPS, GLONASS |
LTE with VoLTE Wi-Fi 802.11 a/b/g/n, Bluetooth 4.2 3.5mm audio jack GPS, GLONASS |
Battery | 3010mAh battery Quick Charge 4.0 (India) QC3.0 (ROW) USB-C |
3010mAh battery Quick Charge 3.0 USB-C |
Fingerprint | Rear fingerprint | Rear fingerprint |
Dimensions | 158.7 x 75.4 x 7.3mm | 155.4 x 75.8 x 7.3mm |
Weight | 166g | 165g |
Colors | Black, Gold, Blue, Rose Gold | Black, Gold, Rose Gold |
ဘာတွေတူလဲဆိုတော့
Android One ကတော့ အဓိကပါပဲ။ user experience ရှင်းရှင်းလေးမြင်ရမှာပါ။ Mi A2 ကတော့ Android 8.1 Oreo ကိုအသုံးပြုထားပါတယ်။ Android P update ကိုလည်း မကြာခင်ရမယ်လို့ ပြောထားပါတယ်။
Mi A1 ကတော့ MIUI ပေါ်မှာ pure Android skin ပေးနိုင်တဲ့အတွက်ကြောင့် မနှစ်ကအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ Mi A2 ကလည်း ဒီလမ်းစဉ်ကို လိုက်ပါလိမ့်မယ်။ ဘတ်ဂျက်ဆိုတော့ အကောင်းကြီးမဟုတ်ပေမယ့်လည်း hardware လေးတွေကို အဆင့်မြှင့်ထားပေးပါတယ်။ မလုပ်တာထက်စာရင် ကောင်းတာပေါ့လေ။
Motorola’s Moto G series ကတော့ လွတ်ထွက်နေပါတယ်။ ဒါပေမယ့်လက်ရှိ Moto G6 series ကတော့ Xiaomi, Honor နဲ့ အခြားသူတွေပေးနိုင်တဲ့အရာမျိုး မရှိသေးပါဘူး။
ဘတ်ထရီကတော့ မနှစ်ကလိုပါပဲ။ Mi A2 မှာ 3000mAh ကို အသုံးပြုထားပါတယ်။ Mi A1 ကတော့ 3010mAh ပါ။ တစ်နေ့တာလောက်တော့ အဆင်ပြေပါတယ်။ Mi A2 ကို စမ်းသုံးကြည့်တော့ အရမ်းသုံးပြီးနောက်မှာ ၁၀% ကျန်နေပါသေးတယ်။
ဘာတွေမတူညီလဲ
အဓိကခြားနားချက်ကတော့ အတွင်းပိုင်း hardware တွေပါပဲ။ Mi A1 မှာအသုံးပြုထားတဲ့ Snapdragon 625 chipset တွေက benchmark score တွေ သိပ်မမိုက်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ efficiency နဲ့ performance တွေကြောင့် ဟန်ချက်ညီတယ်လို့ဆိုရမယ်။ Mi A2 ရဲ့ Snapdragon 660 ကတော့ လက်ရှိအပိုင်းမှာ အမြန်ဆုံးလို့ဆိုရမှာပါ။
Snapdragon 660 ရဲ့ performance ကတော့ Snapdragon 820 နဲ့ ယှဉ်လိုက်ရင် အတူတူလောက်ပါပဲ။ core အတူတူလောက်ပါ။ Mi A2 ကတော့ မမ်မိုရီတိုးလာပါတယ်။ 6GB RAM နဲ့ 128GB storage ရနိုင်ပါတယ်။
Storage မှာ မမ်မိုရီကဒ်တော့စိုက်လို့မရပါဘူး။ Mi A1 မှာကတော့ hybrid SIM card tray ပါတဲ့အတွက်ကြောင့် ဆင်းတစ်ကဒ်နဲ့ မမ်မိုရီသုံးလို့ရပါတယ်။ Mi A2 ကတော့ မရနိုင်ပါဘူး။
နားကြပ်ပေါက်ကတော့ မထည့်တော့ဘူးထင်ပါတယ်။ နားကြပ်ပေါက်အတွက်ထည့်မယ်နေရာကို ရှင်းချင်တဲ့အတွက်ကြောင့်လို့ ပြောဆိုထားပါတယ်။
အများကြီးမပြောင်းလဲတာကတော့ အရည်အသွေးပါပဲ။ ၅.၉၉လက်မ IPS LCD panel ကို ဆက်လက်အသုံးပြုထားပါတယ်။ 18:9 form factor အဖြစ်နဲ့သုံးထားလို့ Xiaomi ကို Mi A1 နဲ့ ဆက်လက်တူနေစေပါတယ်။ Mi A2 ကတော့ hardware navigation key မဖြစ်တော့ပါဘူး။
တိုးတက်မှုအပိုင်းမှာ Mi A2 ကို အိန္ဒိယမှာရောင်းတဲ့အခါ Quick Charge 4.0 support ထည့်သွင်းပေးမှာပါ။ global ကတော့ QC3.0 နဲ့ပါ။ QC4.0 ပါတဲ့ဖုန်းကို ဈေးကွက်ထဲမှာ များများမမြင်ရသေးပါဘူး။ ဘတ်ဂျက်ဆိုရင် မြင်ကိုမမြင်ရတာပါ။ ဒါဟာ ကြိုဆိုရမှာပါ။ QC4.0 ပေးနိုင်တဲ့ wall charger မရှိဘူးဆိုတော့ 45W ပေးနိုင်တဲ့ USB-PD charger ကို ရှာရတော့မှာပါ။ Xiaomi ကတော့ standard 5V/2A charger ကိုသာ ထည့်သွင်းပေးမှာပါ။
နောက်ဆုံးအချက်ကတော့ ကင်မရာပါပဲ။ dual 12MP + 20MP camera တွေကို နောက်ဘက်မှာထည့်ထားတဲ့အတွက်ကြောင့် နေ့အချိန်နဲ့ အလင်းအားနည်းချိန် နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်။ 20MP အရှေ့ကင်မရာကတော့ အကောင်းဆုံးဖြစ်စေပါတယ်။
Upgrade လုပ်သင့်လား။
Mi A1 ကလည်း အသက်လေးရလာပါပြီ။ ဒါပေမယ့် Mi A2 က hardware upgrade တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ ကင်မရာကတော့ ဒေါ်လာ၃၀၀အောက်ဖုန်းတစ်လုံးအတွက် အကောင်းဆုံးဖြစ်နေပါတယ်။ Mi A1 ထက်တော့ ဒေါ်လာ၅၀ပိုနေပါတယ်။ ဒါကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။
Mi A1 ကိုလက်ရှိအသုံးပြုနေပြီးတော့ hardware ကောင်းကောင်း၊ 18:9 panel ကို လိုက်ရှာနေမယ်ဆိုရင်တော့ စဉ်းစားမနေနဲ့။ Mi A2 ပါပဲ။ အိန္ဒိယကို သြဂုတ်လ၈ရက်နေ့မှာ launch လုပ်မှာဖြစ်ပြီးတော့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့်ဈေးကွက်တွေကို ဆက်လက်တင်ပြပေးသွားမှာမို့ စောင့်ကြည့်နေစေချင်ပါတယ်။