Galaxy Note9 ကိုအေမရိကန္မွာ Trade-in အစီအစဥ္နဲ႔ပရီေအာ္ဒါ ျပဳလုပ္ႏုိင္ၿပီ

0
995

Samsung အေနနဲ႔ Galaxy Note9 ကိုၾသဂုတ္လ ၉ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ကိုရီးယားထုတ္လုပ္သူဟာ Galaxy Note9 ဖုန္းကို အေမရိကန္ႏုိင္ငံမွာ ႀကိဳတင္မွာယူခြင့္ကို ဖြင့္ေပးလုိက္ၿပီ ျဖစ္ပါတယ္။ https://www.samsung.com/us/mobile/reserve/ ဆုိတဲ့ေနရာကေန ဝင္ေရာက္ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ကိုရီးယား ထုတ္လုပ္သူအေနနဲ႔ Note 9 ကိုင္ေဆာင္လိုတဲ့ သူေတြအဆင္ေျပေစဖုိ႔ အတြက္ Trade-in အစီအစဥ္နဲ႔ပရီေအာ္ဒါ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းကိုပါ ဝန္ေဆာင္မႈေပးလိုက္ပါတယ္။

ဒီအစီအစဥ္အရ Note 9 မွာယူသူေတြဟာ ေဒၚလာ၄၅၀ နီးပါးသက္သာ သြားမွာျဖစ္ပါတယ္။ Samsung ရဲ႕အေမရိကန္ဝက္ဘ္ဆိုက္မွာ နာမည္၊ အီးေမလ္းနဲ႔ ZIP code အျပင္ မွာယူတဲ့ အလုံးေရကိုပါ ထည့္ေပးရမွာပါ။ ေအာ္ပေရတာ ၆ခုနဲ႔ခ်ိတ္ဆက္ ထားၿပီး Verizon, AT&T, T-Mobile, Sprint, US Cellular နဲ႔ unlocked device ေတြထဲက ႀကိဳက္ရာကို မွာယူႏုိင္မွာ ျဖစ္ပါတယ္။ Trade-in မွာပါဝင္တဲ့ စမတ္ဖုန္းေလးမ်ိဳးကေတာ့ Samsung, Apple, LG နဲ႔  Google ဖုန္းေတြပဲ ျဖစ္ပါတယ္။

ဥပမာအေနနဲ႔ ဖုန္းအသစ္ကုိ မွာယူသူေတြဟာ   iPhone X (သို႕) Galaxy S9+ နဲ႔ Galaxy Note9  ကိုလဲလွယ္ကိုင္တြယ္လိုတယ္ ဆိုရင္ေတာ့ $450 သက္သာမွာျဖစ္ပါတယ္။  Galaxy S5 လို ၄၊၅ႏွစ္နီးပါး ကုိင္ေဆာင္ခဲ့တဲ့ ဖုန္းေတြအတြက္ဆိုရင္ေတာ့  $150 ေစ်းေလ်ာ့ေပးမွာ ျဖစ္ပါတယ္။ Galaxy Note9 မွာအခ်က္အလက္ပိုင္း အေနနဲ႔ screen ကို  6.3 inches မွာ Super AMOLED 2K display  နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။

unicode

Samsung အနေနဲ့ Galaxy Note9 ကိုသြဂုတ်လ ၉ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုရီးယားထုတ်လုပ်သူဟာ Galaxy Note9 ဖုန်းကို အမေရိကန်နိုင်ငံမှာ ကြိုတင်မှာယူခွင့်ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ https://www.samsung.com/us/mobile/reserve/ ဆိုတဲ့နေရာကနေ ဝင်ရောက်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကိုရီးယား ထုတ်လုပ်သူအနေနဲ့ Note 9 ကိုင်ဆောင်လိုတဲ့ သူတွေအဆင်ပြေစေဖို့ အတွက် Trade-in အစီအစဉ်နဲ့ပရီအော်ဒါ ပြုလုပ်နိုင်မယ့် နည်းလမ်းကိုပါ ဝန်ဆောင်မှုပေးလိုက်ပါတယ်။

ဒီအစီအစဉ်အရ Note 9 မှာယူသူတွေဟာ ဒေါ်လာ၄၅၀ နီးပါးသက်သာ သွားမှာဖြစ်ပါတယ်။ Samsung ရဲ့အမေရိကန်ဝက်ဘ်ဆိုက်မှာ နာမည်၊ အီးမေလ်းနဲ့ ZIP code အပြင် မှာယူတဲ့ အလုံးရေကိုပါ ထည့်ပေးရမှာပါ။ အော်ပရေတာ ၆ခုနဲ့ချိတ်ဆက် ထားပြီး Verizon, AT&T, T-Mobile, Sprint, US Cellular နဲ့ unlocked device တွေထဲက ကြိုက်ရာကို မှာယူနိုင်မှာ ဖြစ်ပါတယ်။ Trade-in မှာပါဝင်တဲ့ စမတ်ဖုန်းလေးမျိုးကတော့ Samsung, Apple, LG နဲ့  Google ဖုန်းတွေပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဖုန်းအသစ်ကို မှာယူသူတွေဟာ   iPhone X (သို့) Galaxy S9+ နဲ့ Galaxy Note9  ကိုလဲလှယ်ကိုင်တွယ်လိုတယ် ဆိုရင်တော့ $450 သက်သာမှာဖြစ်ပါတယ်။  Galaxy S5 လို ၄၊၅နှစ်နီးပါး ကိုင်ဆောင်ခဲ့တဲ့ ဖုန်းတွေအတွက်ဆိုရင်တော့  $150 ဈေးလျော့ပေးမှာ ဖြစ်ပါတယ်။ Galaxy Note9 မှာအချက်အလက်ပိုင်း အနေနဲ့ screen ကို  6.3 inches မှာ Super AMOLED 2K display  နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။

Leave a Reply