မ်ိဳးဆက္သစ္ Galaxy Tab S4 10.5 နဲ႔ Tab A 10.5 တို႔ကို Samsung မိတ္ဆက္

0
1046

ကိုရီးယားအီလက္ထေရာနစ္ ကုမၸဏီျဖစ္တဲ့ Samsung ဟာ Galaxy Tab S4 10.5  နဲ႔အတူ ဂ်ဳနီယာတက္ဘလက္လို႔ သတ္မွတ္ႏုိင္တဲ့ Galaxy Tab A 10.5 ကိုမိတ္ဆက္ေပးလိုက္ပါတယ္။ Tab S4 10.5 မွာ DeX နဲ႔အတူ S Pen တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။ သူ႕မွာ 10.5” Super AMOLED  နဲ႔ 2,560 x 1,600px ျဖစ္ၿပီး (16:10) အခ်ိဳးနဲ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ samsung Galaxy Tab S4 ဟာပထမဆုံး two screens ေထာက္ပံ့တဲ့ တက္ဘလက္ျဖစ္ပါတယ္။

Snapdragon 835 chipset နဲ႔ျဖစ္ၿပီး 4GB RAM သံုးထားပါတယ္။ Android 8.1 Oreo တပါတည္း သုံးႏုိင္မွာျဖစ္တဲ့အျပင္ ဘက္ထရီစြမ္းအားကေတာ့  7,300mAh နဲ႔ျဖစ္ပါတယ္။ 15W fast charger ထည့္ေပးထားပါတယ္။  LTE (Cat. 16) ဗားရွင္းနဲ႔ Wi-fi ဆိုၿပီးခြဲျခား ထုတ္ထားပါတယ္။ Wi-Fi ဗားရွင္းအတြက္ ေစ်းႏႈန္းကေတာ့ 64GB model ကို  $650 နဲ႔ 256GB storage ကို  $750 ျဖစ္ပါတယ္။ LTE model အတြက္ကေတာ့ 64GB model ကို ယူရို 760 သတ္မွတ္ထားပါတယ္။

Tab A 10.5 မွာ လုပ္ေဆာင္ခ်က္ပိုင္း ဆိုင္ရာအေနနဲ႔ Kids Mode နဲ႔အတူ ကေလးေတြနဲ႔ အဆင္ေျပေစမယ့္ App ၈မ်ိဳးအျပင္ ဂိမ္းေတြျဖစ္တဲ့  BRIO World Railway နဲ႔Toca Hair Salon 3 တုိ႔ကို တပါတည္း ထည့္သြင္းေပးလိုက္ပါတယ္။ တက္ဘလက္အသစ္ဟာ မိသားစုအကုန္ သုံးလုိ႔ရႏိုင္ေစဖုိ႔ အတြက္  Multi User Mode ထည့္ေပးထားပါတယ္။ အခ်ိန္နဲ႔ ျပကၡဒိန္ေတြအျပင္gallery ထဲကပုံေတြကို Always On Daily မွျပသေပး ေနမွာပါ။  Tab A မွာquad speaker စနစ္နဲ႔ Dolby Atmos ေထာက္ပံ့ေပးပါလိမ့္မယ္။

Galaxy Tab A 10.5 မွာ  10.5” TFT LCD နဲ႔အတူ  1,920 x 1,200px  (16:10 aspect ratio) အခ်ိဳးနဲ႔ ျဖစ္ပါတယ္။ Snapdragon 450 ပရိုဆက္ဆာကို သုံးထားမွာျဖစ္ၿပီး 3GB RAM နဲ႔အတူ 32GB storage ေပးထားပါတယ္။ကြန္ရက္ခ်ိတ္ဆက္မႈအတြက္ LTE version (Cat. 6)  နဲ႔ Wi-Fi  ဆိုၿပီးထုတ္ေပးထားပါတယ္။  7,300mAh ဘက္ထရီစြမ္းအားနဲ႔ျဖစ္ၿပီး Wi-Fi ဗားရွင္းကို ယူရို 330 ၊ LTE ဗားရွင္းကိုေတာ့ ယူရို 390 သတ္မွတ္ထားပါတယ္။ တက္ဘလက္သစ္ေတြကိုေတာ့ ၾသဂုတ္လ ၂၄ရက္ေန႔မွာ စတင္ဝယ္ယူႏုိင္မွာပါ။

unicode

ကိုရီးယားအီလက်ထရောနစ် ကုမ္ပဏီဖြစ်တဲ့ Samsung ဟာ Galaxy Tab S4 10.5  နဲ့အတူ ဂျုနီယာတက်ဘလက်လို့ သတ်မှတ်နိုင်တဲ့ Galaxy Tab A 10.5 ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ Tab S4 10.5 မှာ DeX နဲ့အတူ S Pen တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ သူ့မှာ 10.5” Super AMOLED  နဲ့ 2,560 x 1,600px ဖြစ်ပြီး (16:10) အချိုးနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် samsung Galaxy Tab S4 ဟာပထမဆုံး two screens ထောက်ပံ့တဲ့ တက်ဘလက်ဖြစ်ပါတယ်။

Snapdragon 835 chipset နဲ့ဖြစ်ပြီး 4GB RAM သုံးထားပါတယ်။ Android 8.1 Oreo တပါတည်း သုံးနိုင်မှာဖြစ်တဲ့အပြင် ဘက်ထရီစွမ်းအားကတော့  7,300mAh နဲ့ဖြစ်ပါတယ်။ 15W fast charger ထည့်ပေးထားပါတယ်။  LTE (Cat. 16) ဗားရှင်းနဲ့ Wi-fi ဆိုပြီးခွဲခြား ထုတ်ထားပါတယ်။ Wi-Fi ဗားရှင်းအတွက် ဈေးနှုန်းကတော့ 64GB model ကို  $650 နဲ့ 256GB storage ကို  $750 ဖြစ်ပါတယ်။ LTE model အတွက်ကတော့ 64GB model ကို ယူရို 760 သတ်မှတ်ထားပါတယ်။

Tab A 10.5 မှာ လုပ်ဆောင်ချက်ပိုင်း ဆိုင်ရာအနေနဲ့ Kids Mode နဲ့အတူ ကလေးတွေနဲ့ အဆင်ပြေစေမယ့် App ၈မျိုးအပြင် ဂိမ်းတွေဖြစ်တဲ့  BRIO World Railway နဲ့Toca Hair Salon 3 တို့ကို တပါတည်း ထည့်သွင်းပေးလိုက်ပါတယ်။ တက်ဘလက်အသစ်ဟာ မိသားစုအကုန် သုံးလို့ရနိုင်စေဖို့ အတွက်  Multi User Mode ထည့်ပေးထားပါတယ်။ အချိန်နဲ့ ပြက္ခဒိန်တွေအပြင်gallery ထဲကပုံတွေကို Always On Daily မှပြသပေး နေမှာပါ။  Tab A မှာquad speaker စနစ်နဲ့ Dolby Atmos ထောက်ပံ့ပေးပါလိမ့်မယ်။

Galaxy Tab A 10.5 မှာ  10.5” TFT LCD နဲ့အတူ  1,920 x 1,200px  (16:10 aspect ratio) အချိုးနဲ့ ဖြစ်ပါတယ်။ Snapdragon 450 ပရိုဆက်ဆာကို သုံးထားမှာဖြစ်ပြီး 3GB RAM နဲ့အတူ 32GB storage ပေးထားပါတယ်။ကွန်ရက်ချိတ်ဆက်မှုအတွက် LTE version (Cat. 6)  နဲ့ Wi-Fi  ဆိုပြီးထုတ်ပေးထားပါတယ်။  7,300mAh ဘက်ထရီစွမ်းအားနဲ့ဖြစ်ပြီး Wi-Fi ဗားရှင်းကို ယူရို 330 ၊ LTE ဗားရှင်းကိုတော့ ယူရို 390 သတ်မှတ်ထားပါတယ်။ တက်ဘလက်သစ်တွေကိုတော့ သြဂုတ်လ ၂၄ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။

Leave a Reply