Posted on Leave a comment


Zawgyi version




 

Unicode version

Samsung က Galaxy S9 ကိုထင်သလောက်ကျယ်ကျယ်ပြန့်ပြန့် မရောင်းချနိုင်ခဲ့ဟုဆို

Samsung က 58.4 trillion won ($52.1 billion) ရောင်းချခဲ့တဲ့အပေါ် 14.87 trillion won ($13.3 billion) အမြတ်အစွန်းရခဲ့ပေမဲ့ ဝင်ငွေက အရင်နှစ်တွေကထက် ၄ရာခိုင်နှုန်း တစ်ဖြည်းဖြည်း ကျဆင်း လာပါတယ်။ အဲ့လိုဝင်ငွေကျဆင်းရတာကလဲ စမတ်ဖုန်းနဲ့ display panel ရောင်းချခြင်း အပိုင်းမှာ လျော့ကျသွားလို့ပဲ ဖြစ်ပါတယ်။ Samsung ရဲ့ အဓိကအားထားရတဲ့ဖုန်းဖြစ်တဲ့ Galaxy S9 ကို ထုတ်လုပ် ရောင်းချခဲ့တာ သိပ်မကြာသေးဘူးဆိုပေမဲ့ ရောင်းအားက ထင်သလောက် မမြန်ဆန်ဘဲ ဖြည်းဖြည်းချင်းပဲသွားနေရပါတယ်။

ဒီလစောစောပိုင်းမှာ ကောက်ခဲ့တဲ့ စစ်တမ်းကောက်ချက်အရ 2012 ရဲ့ Galaxy S3 ကနေ စပြီး ရောင်းခဲ့တဲ့ Galaxy S flagship ထဲမှာမှ သူကရောင်းအားအဆိုးဝါးဆုံး အခြေအနေလောက်ထိကို သွားကျပါတယ်။ Samsung ရဲ့ display ပိုင်းရောင်းချမှုကလဲ ထင်သလောက်ကြီး မဟုတ်ခဲ့ပါဘူး။ အခက်အခဲတွေရှိခဲ့ပါတယ်။ iPhone X မှာသုံးထားတဲ့ flexible OLED panels တွေနဲ့ LCD shipments တွေရဲ့ဈေးနှုန်းတွေက မြင့်မားတာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုနည်းပါးပြီး ရောင်းရတဲ့ အရေအတွက်ကို သိပ်အားမရခဲ့ကြပါဘူး။

Samsung ကထင်တာက OLED ကိုစိတ်ဝင်စားမှုအရေအတွက်က မနည်းလောက်ဘူးထင်တာက Apple က နောက်ထပ် OLED သုံး iPhone အသစ် ၂ မျိုးကို မိတ်ဆက်မယ်ဆိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Samsung က သူ့ရဲ့ image sensor ရောင်းချမှုပိုင်းမှာတော့ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်ကုမ္ပဏီတွေက ယခုခေတ်စားနေတဲ့ ကင်မရာ ၂ လုံးပါတဲ့စမတ်ဖုန်းတွေမှာ Samsung ရဲ့ chip ကိုသုံးရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.