OPPO F9 စီးရီးဖုန္းသစ္ေတြကို ၾသဂုတ္လ ၁၅ရက္ေန႔မွာ မိတ္ဆက္သြားမည္

0
837

OPPO အေနနဲ႔ F9  စီးရီးစမတ္ဖုန္းေတြကို ကိုင္ေဆာင္ထားတဲ့ ဓာတ္ပုံေတြ ထြက္ေပၚလာၿပီး ေနာက္မွာေတာ့ စမတ္ဖုန္းသစ္ေတြကို ၾသဂုတ္လ ၁၅ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ေတြမွာ  notch နဲ႔ VOOC charging ေထာက္ပံ့မွာ ပါဝင္လာမွာျဖစ္ၿပီး OPPO  F9 နဲ႔ OPPO  F9 Pro ဆိုၿပီး ထြက္လာမွာပါ။ အြန္လိုင္းမွာေတာ့ promo images  ေတြထြက္လာေနၿပီး ဖုန္းကို Sunrise Red နဲ႔ Twilight Blue အေရာင္ ၂မ်ိဳးနဲ႔ ထုတ္ေပးသြားမွာ ျဖစ္ပါတယ္။

စမတ္ဖုန္းေတြကို ေၾကာ္ျငာထားတဲ့ ပုံအရေရစိုဒဏ္ခံႏုိင္စြမ္းပါ ထည့္ေပးလာႏိုင္ပါတယ္။ အင္ဒိုနီးရွားႏုိင္ငံမွာ စတင္ေၾကညာေနၿပီး billboard ေတြနဲ႔ေၾကညာထားၿပီး သူ႕မွာ VOOC အားသြင္းစနစ္ ေထာက္ပံ့မွာျဖစ္ၿပီး ၅မိနစ္ၾကာ အားသြင္းတာနဲ႔ ၂နာရီၾကာ ဖုန္းေျပာဆိုမႈေတြ ျပဳလုပ္ႏုိင္မွာပါ။ ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ စိန္ပြင့္သ႑ာန္ ေရာင္ေျပးလိုင္းေလးေတြနဲ႔ ျဖစ္ၿပီး၊ဘဲဥပုံ လက္ေဗြဖတ္စနစ္တပ္ဆင္ေပးထားပါတယ္။

OPPO F9 မွာေတာ့ မ်က္ႏွာျပင္ ၆.၃ လက္မရွိၿပီး 19:5:9 1080×2280 pixels ႐ုပ္ထြက္နဲ႔ ေထာက္ပ့ံလာပါမယ္။ Screen-to Body Ratio က ၉၀.၈ ရာခိုင္ႏႈန္းအထိ ရွိလာပါမယ္။ ေက်ာဘက္ကင္မရာႏွစ္လံုးက 16MP+16MP ျဖစ္ၿပီး ေရွ႕ကင္မရာက 25MP ျဖစ္ပါတယ္။ RAM6GB နဲ႔အတူ Storage 128GB ပါ၀င္လာပါမယ္။ microSD မွ တစ္ဆင့္ ထပ္မံ တိုးျမႇင့္ႏုိင္ပါမယ္။ ဘက္ထရီ စြမ္းအားပိုင္းမွာေတာ့ 3400 mAh ပါ၀င္ပါမယ္။

F9 Pro မွာေတာ့ 6.3-inch IPS LCD display  နဲ႔အတူ 2280 x 1080p ကိုသုံးလာမွာပါ။ မ်က္ႏွာျပင္ကာကြယ္ႏုိင္စြမ္းအတြက္  Gorilla Glass သုံးထားမွာျဖစ္တဲ့အျပင္ MediaTek Helio P60 chipset  နဲ႔ထြက္လာမွာပါ။ 6GB RAM  နဲ႔တြဲလ်က္ 128GB အခ်က္အလက္သိုေလွာင္မႈနဲ႔ ျဖစ္ၿပီး 256GB အထိထပ္မံတိုးျမင့္ႏိုင္ ပါလိမ့္မယ္။ ကင္မရာပိုင္းမွာေတာ့ 16MP ကင္မရာ ၂လုံးကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး  25MP အေရွ႕ဘက္ကင္မရာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ 3400mAh ဘက္ထရီနဲ႔အတူ VOOC fast charging ေထာက္ပံ့ေပးပါလိမ့္မယ္။

unicode

OPPO အနေနဲ့ F9  စီးရီးစမတ်ဖုန်းတွေကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး နောက်မှာတော့ စမတ်ဖုန်းသစ်တွေကို သြဂုတ်လ ၁၅ရက်နေ့မှာ မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ စမတ်ဖုန်းသစ်တွေမှာ  notch နဲ့ VOOC charging ထောက်ပံ့မှာ ပါဝင်လာမှာဖြစ်ပြီး OPPO  F9 နဲ့ OPPO  F9 Pro ဆိုပြီး ထွက်လာမှာပါ။ အွန်လိုင်းမှာတော့ promo images  တွေထွက်လာနေပြီး ဖုန်းကို Sunrise Red နဲ့ Twilight Blue အရောင် ၂မျိုးနဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေကို ကြော်ငြာထားတဲ့ ပုံအရရေစိုဒဏ်ခံနိုင်စွမ်းပါ ထည့်ပေးလာနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ကြေညာနေပြီး billboard တွေနဲ့ကြေညာထားပြီး သူ့မှာ VOOC အားသွင်းစနစ် ထောက်ပံ့မှာဖြစ်ပြီး ၅မိနစ်ကြာ အားသွင်းတာနဲ့ ၂နာရီကြာ ဖုန်းပြောဆိုမှုတွေ ပြုလုပ်နိုင်မှာပါ။ ဖုန်းရဲ့နောက်ကျောဘက်မှာ စိန်ပွင့်သဏ္ဍာန် ရောင်ပြေးလိုင်းလေးတွေနဲ့ ဖြစ်ပြီး၊ဘဲဥပုံ လက်ဗွေဖတ်စနစ်တပ်ဆင်ပေးထားပါတယ်။

OPPO F9 မှာတော့ မျက်နှာပြင် ၆.၃ လက်မရှိပြီး 19:5:9 1080×2280 pixels ရုပ်ထွက်နဲ့ ထောက်ပံ့လာပါမယ်။ Screen-to Body Ratio က ၉၀.၈ ရာခိုင်နှုန်းအထိ ရှိလာပါမယ်။ ကျောဘက်ကင်မရာနှစ်လုံးက 16MP+16MP ဖြစ်ပြီး ရှေ့ကင်မရာက 25MP ဖြစ်ပါတယ်။ RAM6GB နဲ့အတူ Storage 128GB ပါဝင်လာပါမယ်။ microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါမယ်။ ဘက်ထရီ စွမ်းအားပိုင်းမှာတော့ 3400 mAh ပါဝင်ပါမယ်။

F9 Pro မှာတော့ 6.3-inch IPS LCD display  နဲ့အတူ 2280 x 1080p ကိုသုံးလာမှာပါ။ မျက်နှာပြင်ကာကွယ်နိုင်စွမ်းအတွက်  Gorilla Glass သုံးထားမှာဖြစ်တဲ့အပြင် MediaTek Helio P60 chipset  နဲ့ထွက်လာမှာပါ။ 6GB RAM  နဲ့တွဲလျက် 128GB အချက်အလက်သိုလှောင်မှုနဲ့ ဖြစ်ပြီး 256GB အထိထပ်မံတိုးမြင့်နိုင် ပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ 16MP ကင်မရာ ၂လုံးကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး  25MP အရှေ့ဘက်ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ 3400mAh ဘက်ထရီနဲ့အတူ VOOC fast charging ထောက်ပံ့ပေးပါလိမ့်မယ်။

 

Leave a Reply