official announcement အၾကိဳေၾကညာလိုက္တဲ့ Galaxy Note 9
0
1357
Zawgyi Version
samsunggalaxynote9webpage
Unicode Version
Galaxy Note 9 ရဲ့ပေါက်ကြားမှုနောက်တစ်ခုကတော့ ဒီနေ့မှာထွက်ပေါ်ခဲ့တာပါ။ အခုကတော့ Samsung ဆီကနေ တိုက်ရိုက်ကြားရတာပါ။
နယူးဇီလန်ဝက်ဘ်ဆိုက်မှာ Galaxy Note 9 အတွက် ပေ့ချ်လေးတင်ထားတာပါ။ မကြေညာခင်တစ်ပတ်အလိုမှာတွေ့မြင်ရတာပါ။ Evan Blass ရဲ့ တွေ့ရှိချက်နဲ့အတူ Galaxy Note 9 အပြာလေးကို အဝါရောင် S Pen လေးရယ် အော်ဒါလင့်ပါတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း အဲဒီလင့်ကတော့ ဘယ်ကိုမှ ခေါ်မသွားပါဘူး။
Galaxy Note 9 ကတော့ အရင်တုန်းကပေါက်ကြားထားတဲ့ပုံတွေလိုပါပဲ။ အနောက်ကင်မရာနှစ်လုံး ၊ လက်ဗွေဖတ်စက်ကိုအောက်မှာ တွေ့မြင်ရပြီးတော့ 3.5mm headphone jack, USB-C port နဲ့ S Pen ကို အောက်မှာ တွေ့မြင်ရမှာပါ။ အပြာရောင်ဖုန်းနဲ့ အဝါရောင် S Pen လေးဆိုတော့ combo ပေးနိုင်မလားပဲ။
Galaxy Note 9 ကို သြဂုတ်လ ကိုးရက်နေ့မှာ တကယ်မိတ်ဆက်မှာပါ။ ကောလာဟလတွေအရ Snapdragon 845 processor, 4000mAh battery အသုံးပြုထားပြီးတော့ ကင်မရာကို ရင်ခုန်ရမယ်လို့ ပြောချင်ပါတယ်။
Leave a Reply