Mi 8 Explorer Edition ရဲ့ ကျောပြင်အဖော်အချွတ်က လိမ်ဆင်ကြီး
0
1943
Zawgyi Version
An image of the fake circuit board under the transparent back of the Xiaomi Mi 8 Explorer Edition.
Unicode Version
Xiaomi Mi 8 ဆိုတာက . . . အင်း iPhone X clone လို့ပြောရမလား။
ဒါပေမယ့်လည်း Xiaomi Mi 8 Explorer Edition ကတော့ အချက်အလက်ပိုင်းတွေကအစ ခြားနားပြီးတော့ ပြောင်မြောက်တဲ့အဖော်အချွတ်ဒီဇိုင်းကို အသုံးပြုထားပါတယ်။
ဒီနေရာမှာ ပြောချင်တာတစ်ခုကတော့ အဲဒီကောင်လေးတွေက ဖုန်းကိုတွန်းတင်ပေးနိုင်မယ်လို့ထင်လား။ အနောက်ဘက်မှာ တွေ့မြင်နေရတဲ့ အတွင်းပိုင်း circuit board ဆိုတာက ရှိုးပြထားတာဖြစ်ပြီးတော့ အောက်မှာ တကယ့် circuit ရှိပါတယ်။ ဒါကိုတော့ Android Police ရဲ့ ဖော်ထုတ်ချက်အရ သိရတာဖြစ်ပါတယ်။
တစ်နည်းပြောရမယ်ဆိုရင်တော့ စမတ်ဖုန်းအတွက် ဒီဇိုင်းသက်သက်သာ circuit board ကို ပြထားတာဖြစ်ပါတယ်။ Mi 8 ထက်တော့ ထူမသွားအောင်လုပ်ထားပါတယ်။ ဒီလိုလုပ်မယ့်အစား အသုံးဝင်တဲ့ နားကြပ်ပေါက်လေးထည့်လိုက်ပါတော့လား။ မစဉ်းစားတတ်တော့ပါဘူး။
iPhone X ဟာ နားကြပ်ပေါက်မရှိတဲ့အတွက်ကြောင့် စိတ်ဝင်စားစရာသိပ်မကောင်းတော့ဘူးလို့ ကျွန်တော်ထင်တာပဲ။
Xiaomi ကတော့ မေလတုန်းက Explorer Edition မှာ ပြထားတဲ့အရာတွေက တကယ့်အစစ်တွေလို့ ပြောထားခဲ့ပါတယ်။ ဒါကြောင့် ပြထားတဲ့အရာတွေက စတစ်ကာ၊ hologram လိုမျိုးမဟုတ်ပါဘူး။
ပုံလေးကိုမြင်လိုက်တာနဲ့ အရာအားလုံးက စီစီရီရီဖြစ်နေတာကို တွေ့မြင်ရမှာပါ။ BGA pad မပါဝင်ပါဘူး။ ဒီတော့ component တစ်ခုချင်းစီကို ဆက်သွယ်ထားတာမျိုး မရှိတော့ပါဘူး။
ဒါဆိုရင် circuit board က အစစ်ဖြစ်မယ်ထားလိုက်တော့ အလုပ်မလုပ်နိုင်တော့ပါဘူး။
Xiaomi ဟာ Mi 8 Explorer Edition ရဲ့ စွဲဆောင်မှုလေးကို အစစ်လို့ပြောထားပေမယ့်လည်း အတုဖြစ်နေခဲ့ပါတယ်။ ဒါဟာ သင့်ရဲ့မြတ်နိုးမှုကို ထိခိုက်သွားစေနိုင်ပါတယ်။ ဘယ်လောက်တောင်မှ ဆိုးရွားလိုက်လဲ။
Leave a Reply