Zawgyi Version
Fitness Tracker တစ္ခုဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေအာင္၊ ၾကံ႕ခုိင္သန္စြမ္းလာေအာင္၊ က်န္းမာတဲ့အေလ့အက်င့္ေတြျဖစ္တဲ့ အစားအေသာက္၊ အိပ္စက္မႈ၊ အေနအထိုင္၊ ေလ့က်င့္ခန္းလုပ္ေဆာင္ျခင္းေတြမွာလည္း ကူညီေထာက္ပံ့ေပးသင့္ပါတယ္။
ဒီေတာ့ Fitness Tracker ေလးေတြက တကယ္ပဲအလုပ္ျဖစ္ရဲ႕လား၊ သူတို႕ေတြတုိင္းတာေနတာေတြက ဘယ္လိုအရာေတြျဖစ္မလဲ။ ဘယ္ေလာက္ေတာင္မွတိက်သလဲ။
Concept
သူတို႕ေတြတကယ္အလုပ္ျဖစ္ရဲ႕လားဆိုတာသိဖို႕အတြက္ ဘယ္လိုေတြအလုပ္လုပ္လဲဆိုတာ အရင္ဆံုးသိမွရလိမ့္မယ္။ Fitness Tracker ေတြဆိုတာ ပံုစံ၊အရြယ္အစားမ်ိဳးစံုရွိျပီးေတာ့ sensor ေတြဆိုတာလည္း brand အေပၚမွာမူတည္ျပီးေတာ့ ကြဲျပားေနၾကတာမဟုတ္လား။ ဒါေပမယ့္လည္း heart rate monitor ေပၚမွာ မူတည္ျပီးေတာ့ ကယ္လိုရီေလာင္ကၽြမ္းမႈနဲ႕ လႈပ္ရွားမႈေတြကို တြက္ခ်က္ေပးတာျဖစ္ပါတယ္။
ရိုးရွင္းပါတယ္။ ႏွလံုးအလုပ္လုပ္တာၾကမ္းေလးေလး၊ လႈပ္ရွားႏႈန္းမ်ားေလေလျဖစ္ျပီးေတာ့ ေလာင္ကၽြမ္းမယ့္ ကယ္လိုရီကလည္း မ်ားသြားမွာပါပဲ။
Diet app လိုမ်ိဳးဟာကို သံုးစြဲျပီးေတာ့ တုိင္းတာမယ္ဆိုရင္ေတာ့ အနည္းငယ္ကြဲျပားတာကို ေတြ႕ရပါလိမ့္မယ္။ ပံုမွန္သံုးစြဲေနတဲ့ပမာဏထက္ ေလွ်ာ့စားမယ္ဆိုရင္ေတာ့ အဆီေတြကို ေလာင္ကၽြမ္းတဲ့အတြက္ေၾကာင့္ အေလးခ်ိန္က်သြားမွာပါ။ ပံုမွန္ပမာဏထက္ ပိုစားမယ္ဆိုရင္ေတာ့ အဆီအျဖစ္နဲ႕ သိုေလွာင္ထားမွာျဖစ္လို႕ အေလးခ်ိန္တက္လာမွာပါ။
ဒါေလးက သခ်ၤာအရ ရိုးရွင္းတယ္ဆိုေပမယ့္လည္း problem ေတြအမ်ားၾကီးျဖစ္ေစပါတယ္။
Heart Rate Monitor
အလုပ္လုပ္ပံုကေတာ့ pulse oximetry လို႕ေခၚတဲ့နည္းပညာကိုအသံုးျပဳထားတဲ့အတြက္ အနီေအာက္ေရာင္ျခည္နဲ႕ အေရျပားကိုေဖာက္ထြင္း ေသြးရဲ႕အေရာင္ေျပာင္းလဲမႈကို စစ္ေဆးပါတယ္။ အေရာင္ေတြကေတာ့ ႏွလံုးတစ္ခ်က္ခုန္လိုက္တုိင္းမွာ oxygenation ျဖစ္မႈကို ကိုယ္စားျပဳေနပါတယ္။
ဒီနည္းပညာကလည္း ျပီးျပည့္စံုတဲ့အေနအထားကို မေရာက္ေသးပါဘူး။ အျခားအရာေတြက oxygenation ကို အက်ိဳးသက္ေရာက္ႏုိ္င္လို႕ပါပဲ။ ဥပမာ အေလးမေနတဲ့အခ်ိန္မွာ လက္ေတြနဲ႕ အျခားေနရာေတြရဲ႕ oxygenation က တူညီႏုိင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ခါးမွာ၀တ္ဆင္ထားတဲ့ ကိရိယာက လက္မွာ၀တ္ဆင္ထားတဲ့ ကိရိယာထက္ ပိုေကာင္း ပိုတိက်တယ္လို႕ သတ္မွတ္ႏုိင္ပါတယ္။
ဒီထက္ေကာင္းတဲ့ ကိရိယာေတြကေတာ့ သင္လုပ္ေဆာင္ေနတဲ့ျဖစ္ရပ္ကို ခန္႕မွန္းျပီး (ေျပးျခင္း၊ လမ္းေလွ်ာက္ျခင္း၊ အေလးမျခင္း) ေသြးခုန္ႏႈန္းကို အလိုအေလ်ာက္ခ်ိန္ညွိေပးနုို္င္ပါတယ္။ ဒီေတာ့ တြက္ခ်က္ခန္႕မွန္းတဲ့အဆင့္မဟုတ္ေတာ့ဘဲ ခန္႕မွန္းတယ္ဆိုတဲ့အဆင့္ကို ျပန္ေရာက္သြားပါတယ္။
ဒါတင္မကေသးပါဘူး။ Heart rate တစ္ခုတည္းက ကယ္လိုရီေလာင္ကၽြမ္းမႈအတြက္ တစ္ခုတည္းေသာ ညႊန္ကိန္းမဟုတ္ပါဘူး။ ႏွလံုးကျမန္ျမန္ညွစ္ေလ ေအာက္ဆီဂ်င္မ်ားမ်ားလိုအပ္ေလျဖစ္ျပီးေတာ့ စြမ္းအင္ကိုလည္း မ်ားမ်ားသံုးစြဲရပါတယ္။ ဒီေတာ့ စြမ္းအင္ပိုင္းအရ ပိုမိုသံုးစြဲတယ္လို႕ ေျပာႏုိင္ပါတယ္။
လက္ေတြ႕မွာေတာ့ Heart Rate ကို နည္းလမ္းေပါင္းစံုက တုိးေစႏုိင္ပါတယ္။ ႏွလံုးခုန္းႏႈန္းက အားေကာင္းတဲ့အတြက္ေၾကာင့္ အၾကိမ္ေရနည္းေနတာလည္း ျဖစ္ႏုိင္ပါတယ္။ ေသြးဖိအား၊ ေလဖိအား၊ ေဘးပတ္၀န္းက်င္အပူခ်ိန္၊ စိတ္ခံစားမႈ၊ ဒါေတြအားလံုးက သက္ေရာက္မႈေတြရွိေနႏုိင္ပါတယ္။
ဒါေပမယ့္လည္း Fitness Tracker ေကာင္းတစ္ခုဆိုတာ Heart Rate တစ္ခုတည္းကို မူတည္ေနတာမဟုတ္ပါဘူး။ လႈပ္ရွားမႈေတြ၊ အရင္တုန္းကျဖစ္ခဲ့တဲ့ ပံုစံေတြကို machine learning နဲ႕ အသံုးျပဳျပီးေတာ့ တြက္ခ်က္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း တိက်တဲ့ျဖစ္စဥ္ေတာ့ မဟုတ္ေသးပါဘူး။
Smartwatch ေတြရဲ႕အားနည္းခ်က္ကေတာ့ heart rate ကို တစ္မိနစ္မွာ တစ္ၾကိမ္ေလာက္သာ တုိ္င္းတာတဲ့ျဖစ္စဥ္ကို အသံုးျပဳထားျခင္းပါပဲ။ ဒီေတာ့ သာမန္အခ်ိန္နဲ႕ အျမင့္ဆံုး Heart Rate ကို အခ်ိဳးခ်လိုက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ Gym မွာ အားကစားလုပ္ရင္းေလာင္ကၽြမ္းသြားတဲ့ ကယ္လိုရီေတြက သင့္အတြက္ အက်ိဳးနည္းေစႏုိင္ပါတယ္။ ဒါ့အျပင္ မီးဖိုေခ်ာင္ထဲမွာ ခဏတာ ကခုန္လုိက္တဲ့ျဖစ္ရပ္ကို smartwatch က သိခ်င္မွသိမွာပါ။ သင့္ကို ေစာေစာထ လမ္းေလွ်ာက္ဖို႕ေလာက္လည္း ေျပာေနႏုိင္ပါတယ္။
ဒီေတာ့ Fitness Tracker ေလးက ဒီလိုအရာေတြကို ေျခရာခံတာအဆင္မေျပတဲ့အတြက္ေၾကာင့္ ၾကိဳးစားပမ္းစားေလ့က်င့္ခန္းလုပ္ရမွာပါ။ ဘယ္လိုအခ်ိ္န္မွာ အသံုးျပဳသင့္လဲဆိုေတာ့ အေျပးသမားတစ္ေယာက္၊ အေလးမသူတစ္ေယာက္၊ တစ္ေန႕ကို အေလးခ်ိန္ဘယ္ေလာက္ရွိလဲဆိုတာၾကည့္မယ္ဆိုတာေလာက္ေပါ့။
တကယ္ေရာ အလုပ္ျဖစ္ရဲ႕လား
Smartwatch ေတြ တြက္ခ်က္တဲ့ညီမွ်ျခင္းကေတာ့ ကယ္လိုရီအ၀င္နဲ႕အထြက္ပါပဲ။ ဒါကိုလည္း fitness expert, bodybuilder, nutritionist အမ်ားစုက လက္ခံထားပါတယ္။ အားလံုးေတာ့မဟုတ္ပါဘူး။
ကယ္လိုရီအျပင္ အျခားအရာေတြျဖစ္တဲ့ ဇီ၀ျဖစ္စဥ္၊ ေဟာ္မနု္း၊ အင္ဆူလင္ပမာဏ၊ အူဘတ္တီးရီးယား၊ အာဟာရပါ၀င္မႈႏႈန္းေတြနဲ႕လည္း သက္ဆုိင္ေနတယ္လို႕ လူအခ်ိဳ႕ကယံုၾကည္ၾကပါတယ္။ သူတို႕ေတြကေတာ့ အစားအေသာက္နဲ႕ ေနထိုင္မႈစနစ္ကို ျပဳျပင္ၾကပါတယ္။ သူတို႕အတြက္ကေတာ့ Fitness Tracker ေတြက အလုပ္လုပ္ပံုတစ္မ်ိဳးပါ။
စားသံုးလိုက္တဲ့ကယ္လိုရီထက္ေလာင္ကၽြမ္းရင္ အေလးခ်ိန္ေလ်ာ့က်မယ္ဆိုပဲ။ ဒီေတာ့ တစ္ေန႕တာ ကယ္လိုရီဘယ္ေလာက္ေလာင္ကၽြမ္းပါသလဲ။
သူတို႕ေတြကေတာ့ Active Metabolic Rate (AMR) ကို အသံုးျပဳျပီးေတာ့ တြက္ခ်က္ၾကပါတယ္။ ဒါဟာ တစ္ေန႕တာအတြက္ ဇီ၀ျဖစ္စဥ္ကိုအေထာက္အကူျပဳရမယ့္ ကယ္လိုရီပမာဏကို တြက္ခ်က္တာျဖစ္ပါတယ္။ Basal Metabolic Rate (BMR) အသက္ရွဳခ်ိန္နဲ႕ စဥ္းစားတဲ့အခ်ိန္မွာသံုးလိုက္တဲ့ ကယ္လိုရီပမာဏကိုတြက္ခ်က္တာလည္း အသံုးျပဳၾကပါတယ္။
BMR, AMR ရဖုိ႕အတြက္ဆုိရင္ေတာ့ အေလးခ်ိန္၊ အရပ္၊ လိင္ စတာေတြလိုအပ္ပါတယ္။ အရပ္ရွည္တဲ့သူက ကယ္လိုရီပိုလိုအပ္ပါတယ္။ ဒါေၾကာင့္ ေတာင့္ေတာင့္တင္းတင္းေတြက အစာပိုစားၾကတာေပါ့။ အမ်ိဳးသားနဲ႕ အမ်ိဳးသမီးမွာလည္း ကယ္လိုရီေလာင္ကၽြမ္းမႈျခင္း မတူညီၾကပါဘူး။
ဒါေပမယ့္လည္း ကိုယ္အေလးခ်ိန္တူ၊ အရပ္တူတဲ့လူႏွစ္ေယာက္က ကယ္လိုရီေလာင္ကၽြမ္းမႈ မတူႏုိင္ပါဘူး။ ဒါက အဓိကအခက္အခဲတစ္ခုျဖစ္ေနပါတယ္။
ေဟာ္မုန္းက ဒီေနရာမွာ အဓိကပါ၀င္ေနပါတယ္။ testosterone လယ္ဗယ္မ်ားေလေလ၊ ကယ္လိုရီေလာင္ကၽြမ္းေလေလ၊ ၾကြက္သားပိုမ်ားေလေလေပါ့။ throid hormone, cortisol level, insulin ေတြလည္း စဥ္းစားရမွာပါ။ ေဟာ္မုန္းက အေရးပါတယ္ဆိုတာ မယံုဘူးလား။ steroid သံုးတဲ့သူကို ၾကည့္လုိက္ေလ။ အျခားသူထက္ fitness tracker ေလးမွာ ကိန္းေတြက ပိုမ်ားလာႏုိင္ပါတယ္။ ဒါေၾကာင့္သံုးပါလို႕ေျပာခ်င္တာမဟုတ္ပါဘူး။ ေဟာ္မုန္းရဲ႕ အေရးပါမႈကို ေျပာခ်င္တာပါ။
ဒီေတာ့ ကၽြန္ေတာ္ကိုင္ေနတဲ့ Fitness Tracker ကို လႊင့္ပစ္ရမလား
ကယ္လိုရီအ၀င္၊အထြက္ကို ေသခ်ာတြက္ခ်က္ႏုိင္မယ္ဆိုရင္ေတာ့ အေလးခ်ိန္တက္၊က်ကို ပိုမိုခန္႕မွန္းႏုိင္မွာပါ။ ကယ္လိုရီေလာင္ကၽြမ္းမႈနဲ႕ အျခားအရာေတြကလည္း ကူညီေပးႏုိင္ပါတယ္။ ျပီးေတာ့ သူတို႕ကိုအသံုးျပဳထားျပီးေတာ့ ကုိယ္အေလးခ်ိန္က်သြားတဲ့သူေတြလည္း ကၽြန္ေတာ္ျမင္ဖူးပါတယ္။ ဒီေတာ့ အလုပ္ျဖစ္ပါတယ္။
ကၽြန္ေတာ္တို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြ၊ ဘယ္လိုေကာင္းမြန္ေအာင္လုပ္ေဆာင္မလဲဆိုတာကို ျပန္ၾကည့္ႏုိင္ပါတယ္။ Gym သြားျပီးေတာ့ ကယ္လိုရီေလာင္ကၽြမ္းမႈကို သိေနျခင္းကလည္း အားျဖစ္ေစတယ္မဟုတ္လား။ သူတို႕ေတြက ကယ္လိုရီေလာင္ကၽြမ္းမႈတုိင္းတာျခင္းေလာက္သာ မကပါဘူး။ အိပ္ခ်ိန္၊ တရားထိုင္ျခင္းေတြကိုလည္း မွတ္သားေပးႏုိင္ပါတယ္။ သူတို႕ေတြရဲ႕အနာဂတ္ကလည္း စိတ္၀င္စားစရာေကာင္းေနပါတယ္။ ပေရာဂ်က္ေတြလည္း လုပ္ေနတယ္ဆိုေတာ့ ပိုေကာင္းႏုိင္ပါတယ္။
ကၽြန္ေတာ္တို႕ ဘာလုပ္ရမလဲဆိုတာက သူတို႕ေတြရဲ႕လုပ္ေဆာင္ခ်က္မွာ အကန္႕အသတ္ရွိတယ္ဆိုတာ လက္ခံထားပါ။ သူတို႕ရဲ႕ရလဒ္ကို တရားေသမယူပါနဲ႕။ ကၽြန္ေတာ္တို႕ကို တုိင္းတာေပးႏုိင္တာထက္ ကၽြန္ေတာ္တို႕ရဲ႕ကိုယ္ထည္ၾကီးက သာလြန္ေနတယ္လို႕ မွတ္ယူထားပါ။ သူတို႕လုပ္ႏုိင္တာေလာက္ မရုိးရွင္းပါဘူး။ ဒီကိုယ္ထည္ၾကီးက ရိုးရွင္းမတဲ့လား။
Unicode Version
Fitness Tracker တစ်ခုဟာ ကိုယ်အလေးချိန်လျော့ကျအောင်၊ ကြံ့ခိုင်သန်စွမ်းလာအောင်၊ ကျန်းမာတဲ့အလေ့အကျင့်တွေဖြစ်တဲ့ အစားအသောက်၊ အိပ်စက်မှု၊ အနေအထိုင်၊ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းတွေမှာလည်း ကူညီထောက်ပံ့ပေးသင့်ပါတယ်။
ဒီတော့ Fitness Tracker လေးတွေက တကယ်ပဲအလုပ်ဖြစ်ရဲ့လား၊ သူတို့တွေတိုင်းတာနေတာတွေက ဘယ်လိုအရာတွေဖြစ်မလဲ။ ဘယ်လောက်တောင်မှတိကျသလဲ။
Concept
သူတို့တွေတကယ်အလုပ်ဖြစ်ရဲ့လားဆိုတာသိဖို့အတွက် ဘယ်လိုတွေအလုပ်လုပ်လဲဆိုတာ အရင်ဆုံးသိမှရလိမ့်မယ်။ Fitness Tracker တွေဆိုတာ ပုံစံ၊အရွယ်အစားမျိုးစုံရှိပြီးတော့ sensor တွေဆိုတာလည်း brand အပေါ်မှာမူတည်ပြီးတော့ ကွဲပြားနေကြတာမဟုတ်လား။ ဒါပေမယ့်လည်း heart rate monitor ပေါ်မှာ မူတည်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ လှုပ်ရှားမှုတွေကို တွက်ချက်ပေးတာဖြစ်ပါတယ်။
ရိုးရှင်းပါတယ်။ နှလုံးအလုပ်လုပ်တာကြမ်းလေးလေး၊ လှုပ်ရှားနှုန်းများလေလေဖြစ်ပြီးတော့ လောင်ကျွမ်းမယ့် ကယ်လိုရီကလည်း များသွားမှာပါပဲ။
Diet app လိုမျိုးဟာကို သုံးစွဲပြီးတော့ တိုင်းတာမယ်ဆိုရင်တော့ အနည်းငယ်ကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ပုံမှန်သုံးစွဲနေတဲ့ပမာဏထက် လျှော့စားမယ်ဆိုရင်တော့ အဆီတွေကို လောင်ကျွမ်းတဲ့အတွက်ကြောင့် အလေးချိန်ကျသွားမှာပါ။ ပုံမှန်ပမာဏထက် ပိုစားမယ်ဆိုရင်တော့ အဆီအဖြစ်နဲ့ သိုလှောင်ထားမှာဖြစ်လို့ အလေးချိန်တက်လာမှာပါ။
ဒါလေးက သင်္ချာအရ ရိုးရှင်းတယ်ဆိုပေမယ့်လည်း problem တွေအများကြီးဖြစ်စေပါတယ်။
Heart Rate Monitor
အလုပ်လုပ်ပုံကတော့ pulse oximetry လို့ခေါ်တဲ့နည်းပညာကိုအသုံးပြုထားတဲ့အတွက် အနီအောက်ရောင်ခြည်နဲ့ အရေပြားကိုဖောက်ထွင်း သွေးရဲ့အရောင်ပြောင်းလဲမှုကို စစ်ဆေးပါတယ်။ အရောင်တွေကတော့ နှလုံးတစ်ချက်ခုန်လိုက်တိုင်းမှာ oxygenation ဖြစ်မှုကို ကိုယ်စားပြုနေပါတယ်။
ဒီနည်းပညာကလည်း ပြီးပြည့်စုံတဲ့အနေအထားကို မရောက်သေးပါဘူး။ အခြားအရာတွေက oxygenation ကို အကျိုးသက်ရောက်နိုင်လို့ပါပဲ။ ဥပမာ အလေးမနေတဲ့အချိန်မှာ လက်တွေနဲ့ အခြားနေရာတွေရဲ့ oxygenation က တူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခါးမှာဝတ်ဆင်ထားတဲ့ ကိရိယာက လက်မှာဝတ်ဆင်ထားတဲ့ ကိရိယာထက် ပိုကောင်း ပိုတိကျတယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဒီထက်ကောင်းတဲ့ ကိရိယာတွေကတော့ သင်လုပ်ဆောင်နေတဲ့ဖြစ်ရပ်ကို ခန့်မှန်းပြီး (ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ အလေးမခြင်း) သွေးခုန်နှုန်းကို အလိုအလျောက်ချိန်ညှိပေးနိုင်ပါတယ်။ ဒီတော့ တွက်ချက်ခန့်မှန်းတဲ့အဆင့်မဟုတ်တော့ဘဲ ခန့်မှန်းတယ်ဆိုတဲ့အဆင့်ကို ပြန်ရောက်သွားပါတယ်။
ဒါတင်မကသေးပါဘူး။ Heart rate တစ်ခုတည်းက ကယ်လိုရီလောင်ကျွမ်းမှုအတွက် တစ်ခုတည်းသော ညွှန်ကိန်းမဟုတ်ပါဘူး။ နှလုံးကမြန်မြန်ညှစ်လေ အောက်ဆီဂျင်များများလိုအပ်လေဖြစ်ပြီးတော့ စွမ်းအင်ကိုလည်း များများသုံးစွဲရပါတယ်။ ဒီတော့ စွမ်းအင်ပိုင်းအရ ပိုမိုသုံးစွဲတယ်လို့ ပြောနိုင်ပါတယ်။
လက်တွေ့မှာတော့ Heart Rate ကို နည်းလမ်းပေါင်းစုံက တိုးစေနိုင်ပါတယ်။ နှလုံးခုန်းနှုန်းက အားကောင်းတဲ့အတွက်ကြောင့် အကြိမ်ရေနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ သွေးဖိအား၊ လေဖိအား၊ ဘေးပတ်ဝန်းကျင်အပူချိန်၊ စိတ်ခံစားမှု၊ ဒါတွေအားလုံးက သက်ရောက်မှုတွေရှိနေနိုင်ပါတယ်။
ဒါပေမယ့်လည်း Fitness Tracker ကောင်းတစ်ခုဆိုတာ Heart Rate တစ်ခုတည်းကို မူတည်နေတာမဟုတ်ပါဘူး။ လှုပ်ရှားမှုတွေ၊ အရင်တုန်းကဖြစ်ခဲ့တဲ့ ပုံစံတွေကို machine learning နဲ့ အသုံးပြုပြီးတော့ တွက်ချက်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိကျတဲ့ဖြစ်စဉ်တော့ မဟုတ်သေးပါဘူး။
Smartwatch တွေရဲ့အားနည်းချက်ကတော့ heart rate ကို တစ်မိနစ်မှာ တစ်ကြိမ်လောက်သာ တိုင်းတာတဲ့ဖြစ်စဉ်ကို အသုံးပြုထားခြင်းပါပဲ။ ဒီတော့ သာမန်အချိန်နဲ့ အမြင့်ဆုံး Heart Rate ကို အချိုးချလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် Gym မှာ အားကစားလုပ်ရင်းလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက သင့်အတွက် အကျိုးနည်းစေနိုင်ပါတယ်။ ဒါ့အပြင် မီးဖိုချောင်ထဲမှာ ခဏတာ ကခုန်လိုက်တဲ့ဖြစ်ရပ်ကို smartwatch က သိချင်မှသိမှာပါ။ သင့်ကို စောစောထ လမ်းလျှောက်ဖို့လောက်လည်း ပြောနေနိုင်ပါတယ်။
ဒီတော့ Fitness Tracker လေးက ဒီလိုအရာတွေကို ခြေရာခံတာအဆင်မပြေတဲ့အတွက်ကြောင့် ကြိုးစားပမ်းစားလေ့ကျင့်ခန်းလုပ်ရမှာပါ။ ဘယ်လိုအချိန်မှာ အသုံးပြုသင့်လဲဆိုတော့ အပြေးသမားတစ်ယောက်၊ အလေးမသူတစ်ယောက်၊ တစ်နေ့ကို အလေးချိန်ဘယ်လောက်ရှိလဲဆိုတာကြည့်မယ်ဆိုတာလောက်ပေါ့။
တကယ်ရော အလုပ်ဖြစ်ရဲ့လား
Smartwatch တွေ တွက်ချက်တဲ့ညီမျှခြင်းကတော့ ကယ်လိုရီအဝင်နဲ့အထွက်ပါပဲ။ ဒါကိုလည်း fitness expert, bodybuilder, nutritionist အများစုက လက်ခံထားပါတယ်။ အားလုံးတော့မဟုတ်ပါဘူး။
ကယ်လိုရီအပြင် အခြားအရာတွေဖြစ်တဲ့ ဇီဝဖြစ်စဉ်၊ ဟော်မနု်း၊ အင်ဆူလင်ပမာဏ၊ အူဘတ်တီးရီးယား၊ အာဟာရပါဝင်မှုနှုန်းတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ လူအချို့ကယုံကြည်ကြပါတယ်။ သူတို့တွေကတော့ အစားအသောက်နဲ့ နေထိုင်မှုစနစ်ကို ပြုပြင်ကြပါတယ်။ သူတို့အတွက်ကတော့ Fitness Tracker တွေက အလုပ်လုပ်ပုံတစ်မျိုးပါ။
စားသုံးလိုက်တဲ့ကယ်လိုရီထက်လောင်ကျွမ်းရင် အလေးချိန်လျော့ကျမယ်ဆိုပဲ။ ဒီတော့ တစ်နေ့တာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းပါသလဲ။
သူတို့တွေကတော့ Active Metabolic Rate (AMR) ကို အသုံးပြုပြီးတော့ တွက်ချက်ကြပါတယ်။ ဒါဟာ တစ်နေ့တာအတွက် ဇီဝဖြစ်စဉ်ကိုအထောက်အကူပြုရမယ့် ကယ်လိုရီပမာဏကို တွက်ချက်တာဖြစ်ပါတယ်။ Basal Metabolic Rate (BMR) အသက်ရှုချိန်နဲ့ စဉ်းစားတဲ့အချိန်မှာသုံးလိုက်တဲ့ ကယ်လိုရီပမာဏကိုတွက်ချက်တာလည်း အသုံးပြုကြပါတယ်။
BMR, AMR ရဖို့အတွက်ဆိုရင်တော့ အလေးချိန်၊ အရပ်၊ လိင် စတာတွေလိုအပ်ပါတယ်။ အရပ်ရှည်တဲ့သူက ကယ်လိုရီပိုလိုအပ်ပါတယ်။ ဒါကြောင့် တောင့်တောင့်တင်းတင်းတွေက အစာပိုစားကြတာပေါ့။ အမျိုးသားနဲ့ အမျိုးသမီးမှာလည်း ကယ်လိုရီလောင်ကျွမ်းမှုခြင်း မတူညီကြပါဘူး။
ဒါပေမယ့်လည်း ကိုယ်အလေးချိန်တူ၊ အရပ်တူတဲ့လူနှစ်ယောက်က ကယ်လိုရီလောင်ကျွမ်းမှု မတူနိုင်ပါဘူး။ ဒါက အဓိကအခက်အခဲတစ်ခုဖြစ်နေပါတယ်။
ဟော်မုန်းက ဒီနေရာမှာ အဓိကပါဝင်နေပါတယ်။ testosterone လယ်ဗယ်များလေလေ၊ ကယ်လိုရီလောင်ကျွမ်းလေလေ၊ ကြွက်သားပိုများလေလေပေါ့။ throid hormone, cortisol level, insulin တွေလည်း စဉ်းစားရမှာပါ။ ဟော်မုန်းက အရေးပါတယ်ဆိုတာ မယုံဘူးလား။ steroid သုံးတဲ့သူကို ကြည့်လိုက်လေ။ အခြားသူထက် fitness tracker လေးမှာ ကိန်းတွေက ပိုများလာနိုင်ပါတယ်။ ဒါကြောင့်သုံးပါလို့ပြောချင်တာမဟုတ်ပါဘူး။ ဟော်မုန်းရဲ့ အရေးပါမှုကို ပြောချင်တာပါ။
ဒီတော့ ကျွန်တော်ကိုင်နေတဲ့ Fitness Tracker ကို လွှင့်ပစ်ရမလား
ကယ်လိုရီအဝင်၊အထွက်ကို သေချာတွက်ချက်နိုင်မယ်ဆိုရင်တော့ အလေးချိန်တက်၊ကျကို ပိုမိုခန့်မှန်းနိုင်မှာပါ။ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အခြားအရာတွေကလည်း ကူညီပေးနိုင်ပါတယ်။ ပြီးတော့ သူတို့ကိုအသုံးပြုထားပြီးတော့ ကိုယ်အလေးချိန်ကျသွားတဲ့သူတွေလည်း ကျွန်တော်မြင်ဖူးပါတယ်။ ဒီတော့ အလုပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေ၊ ဘယ်လိုကောင်းမွန်အောင်လုပ်ဆောင်မလဲဆိုတာကို ပြန်ကြည့်နိုင်ပါတယ်။ Gym သွားပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုကို သိနေခြင်းကလည်း အားဖြစ်စေတယ်မဟုတ်လား။ သူတို့တွေက ကယ်လိုရီလောင်ကျွမ်းမှုတိုင်းတာခြင်းလောက်သာ မကပါဘူး။ အိပ်ချိန်၊ တရားထိုင်ခြင်းတွေကိုလည်း မှတ်သားပေးနိုင်ပါတယ်။ သူတို့တွေရဲ့အနာဂတ်ကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပရောဂျက်တွေလည်း လုပ်နေတယ်ဆိုတော့ ပိုကောင်းနိုင်ပါတယ်။
ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာက သူတို့တွေရဲ့လုပ်ဆောင်ချက်မှာ အကန့်အသတ်ရှိတယ်ဆိုတာ လက်ခံထားပါ။ သူတို့ရဲ့ရလဒ်ကို တရားသေမယူပါနဲ့။ ကျွန်တော်တို့ကို တိုင်းတာပေးနိုင်တာထက် ကျွန်တော်တို့ရဲ့ကိုယ်ထည်ကြီးက သာလွန်နေတယ်လို့ မှတ်ယူထားပါ။ သူတို့လုပ်နိုင်တာလောက် မရိုးရှင်းပါဘူး။ ဒီကိုယ်ထည်ကြီးက ရိုးရှင်းမတဲ့လား။