Apple ဟာ ပထမဆုံး ဒေါ်လာ၁ထရီလီယံတန်ကြေးရှိ ယူအက်စ် company ဖြစ်လာ
0
1189
Zawgyi Version
Unicode Version
Apple ဟာ ဒေါ်လာ၁ထရီလီယံံတန်ကြေးရှိတဲ့ ပထမဆုံးသော လုပ်ငန်းတစ်ခုဖြစ်လာပါတယ်။ ဒါကတော့ တတိယကွာတားအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။
ကြာသပတေးနေ့ သြဂုတ်လ၂ရက်နေ့မှာ ဒေါ်လာ၁ထရီလီယံကို ရောက်သွားခဲ့တာပါ။ ရှယ်ယာတစ်ခုကို ဒေါ်လာ ၂၀၇.၀၅ ပေါက်နေပါတယ်။
ခန့်မှန်းချက်တွေအရ ဇန်နဝါရီလမှာ ရောက်လိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။ ၂၀၁၇တုန်းက ပုံစံအတိုင်း ဆက်တက်မယ်ဆိုရင်တော့ ထိပ်တန်းနေရာကိုရောက်လာမှာ မလွဲပါဘူး။ ဒီအချိန်မှာ တန်ကြေးက ဒေါ်လာ၈၆၉ဘီလျံဖြစ်ပြီး Google ရဲ့ Alphabet ကို ဒေါ်လာ၁၄၀ဘီလျံ၊ Microsoft ကို ဒေါ်လာ၂၀၀ အသာစီးရထားပါတယ်။
ကယ်လ်ဖိုးနီးယား ကူပါတီနိုမှာတော့ ဒေါ်လာ၁ထရီလီယံကိုပထမဆုံးအကြိမ်အဖြစ်နဲ့ရောက်သွားခဲ့ပါတယ်။ Amazon ကလည်း သူ့နောက်မှာလိုက်နေပါတယ်။ ဂျူလိုင်အကုန်မှာ တန်ကြေးက ဒေါ်လာ၉၀၀ ဘီလျံရှိနေပါပြီ။
Apple အတွက်တော့ နောက်ကွာတားအတွက်မျှော်မှန်းဝင်ငွေက ဒေါ်လာ၆၀ဘီလျံနဲ့ ၆၂ဘီလျံကြား ဖြစ်ပါတယ်။ Wall Street ကတော့ ဒေါ်လာ၅၈.၄၇ဘီလျံဖြစ်ပါတယ်။ Apple ကတော့ ၁၅% တိုးတက်မှုကို မြင်ချင်တာပါ။
တိုးတက်လာတဲ့အထင်ရှားဆုံးအပိုင်းကတော့ ဝန်ဆောင်မှုပါပဲ။ Apple Music, Apple Pay, iTunes, iCloud အများကြီးပါပဲ။ Apple က အဲဒီအပိုင်းကနေ ဒေါ်လာ၉.၅၅ဘီလျံရခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ကွာတားထက် ၂၈% တက်စေခဲ့ပါတယ်။ ဒါဟာ Apple Payအသုံးများမှု၊ App Store ရဲ့ paid subscriber ဦးရေတိုးလာမှုကြောင့်လို့ ပြောထားပါတယ်။
လက်တွေ့အလုံးရေအပိုင်းမှာတော့ ၄၁.၃မီလျံရောင်းထားပါတယ်။ မနှစ်ကနဲ့ အတူတူလောက်ပါပဲ။ wearables market မှာလည်း Apple Watch, AirPods နဲ့ Beats headphone တွေကြောင့် ၆၀% တိုးတက်လာခဲ့ပါတယ်။
နောင်အနာဂတ်မှာလည်း တိုးတက်လာဖို့ မြင်ရနိုင်ပါတယ်။ မကြာခင်မှာလည်း iPhone အသစ်လေးတွေကို မိတ်ဆက်တော့မှာဆိုတော့ ရင်ခုန်ရဦးမှာပါ။
Leave a Reply