Apple ကို ဒုတိယနေရာရောက်သွားစေတဲ့ Huawei

0
1531

Zawgyi Version





Unicode Version

Samsung ရဲ့ဖြန့်ချိမှုတွေက မနှစ်ကနဲ့ယှဉ်လိုက်ရင် ၁၀% လျော့ကျနေပါတယ်။
Huawei ကတော့ စမတ်ဖုန်း giant ကြီးတစ်ဦးဖြစ်နေပြီးတော့ ဒီနေ့ရဲ့လေ့လာချက်တွေအရ သူဟာ Samsung ထက် စမတ်ဖုန်းအတော်များများကို ဖြန့်ဖြူးထားပါတယ်။ IDC နဲ့ Strategy Analytics တို့ကတော့ စမတ်ဖုန်းရောင်းအားတွေက ခြုံကြည့်လိုက်ရင် နှေးနေပြီးတော့ Samsung ကတော့ ၁၀% လောက်ကို ကျဆင်းသွားပါတယ်။ Galaxy S9 ရောင်းအားကျဆင်းနေတဲ့အတွက်ကြောင့် Galaxy Note 9 launch ကို အားခဲထားတယ်လို့ပြောနေပါတယ်။ သူဟာ ကွေးညွတ်နိုင်တဲ့စမတ်ဖုန်းကို OLED နည်းပညာနဲ့ စမ်းသပ်နေပါတယ်။
Huawei အတွက်ကတော့ P20 Series နဲ့ အတော်လေးကောင်းမွန်နေခဲ့ပြီးတော့ စွမ်းဆောင်ရည်သင့် Nova တွေကလည်း ၅၄.၂မီလျံလောက်အထိ ဖြန့်ထားပါတယ်။ Apple ကတော့ ၁၀မီလျံဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကို ၁၅% ဖမ်းစားထားပါတယ်။
Apple ရဲ့ စမတ်ဖုန်းဖြန့်ဖြူးမှုက တက်နေပေမယ့်လည်း Huawei နဲ့ Xiaomi လောက်တော့ မမြန်ပါဘူး။ iPhone အသစ်လည်း ထွက်တော့မယ်ဆိုတော့ နိုင်ငံတကာဈေးကွက်ကို dual sim နဲ့ထိုးဖောက်မလား စောင့်ကြည့်ရဦးမှာပါ။

Leave a Reply