စမတ်ဖုန်းလုပ်ငန်းမှာ ဆိုနီကျရှုံးနေတယ်ဆိုတာ အံ့သြစရာမဟုတ်ပေ
0
1646
Zawgyi Version
Image result for price
Image result for hope
Unicode Version
Samsung ဟာ Galaxy S9s ကို ထင်သလောက်မရောင်းရဘူးဆိုပေမယ့်လည်း ဆိုနီကတော့ တော်တော်လေးအခြေအနေဆိုးနေတာကို သိရဲ့လား။ ဆိုနီဟာ ဝင်ငွေအစီရင်ခံစာကိုထုတ်ပြန်လိုက်တဲ့အခါမှာတော့ စမတ်ဖုန်းဈေးကွက်မှာ ဘယ်လိုတွေဆက်လုပ်ရမလဲဆိုတာကို မသိတဲ့ပုံပေါက်နေပါတယ်။
ဆိုနီဟာ ၂၀၁၈ ဂျူလိုင်လကနု်မှာ စမတ်ဖုန်းအလုံးရေ ၂မီလျံသာ ရောင်းထားပါတယ်။ ၂၀၁၇နဲ့ယှဉ်လိုက်ရင် ၁.၄မီလျံကျဆင်းသွားတာပါ။ တစ်နှစ်အတွင်းမှာ ဆိုနီရဲ့စမတ်ဖုန်းလုပ်ငန်းဟာ တစ်ဝက်လောက်ပြုတ်သွားပါပြီ။
ရောင်းအားကျဆင်းလာတဲ့အတွက်ကြောင့် ၂၀၁၈ စမတ်ဖုန်းရောင်းချမှုကို ၁၀မီလျံကနေ ၉မီလျံအထိ တားဂတ်ပြောင်းထားပါတယ်။ ဒါပေမယ့်လည်း Samsung တောင်မှ Galaxy S9 ကို ၉မီလျံပဲရောင်းရပါတယ်။ ဒါတောင် ကွာတားတစ်ခုပဲရှိသေးတာပါ။ တစ်နှစ်မဟုတ်သလို ဖုန်းတစ်လုံးတည်းအတွက်နဲ့ အဲလောက်ရတာပါ။
ဆိုနီကတော့ ဖုန်းအမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းတယ်ဆိုပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ သူတို့ဘာလုပ်ကြမလဲ။ နောက်ပြန်ဆုတ်ကြတော့မလား ဒါမှမဟုတ် မျှော်လင့်ချက်ရှိသေးရဲ့လား။
ဈေးနှုန်းနဲ့ တိုးတက်မှုနှေးကွေးခြင်း
ဆိုနီရဲ့ စမတ်ဖုန်းလုပ်ငန်းဟာ ၂၀၁၈ခုနှစ်တည်းက အလုပ်ရှုပ်နေခဲ့တာပါ။ CES 2018 မှာလည်း mid-ranger အသစ်တွေဖြစ်တဲ့ Xperia XA2, XA2 Ultra နဲ့ Xperia L2 တို့ကို ပြသခဲ့ပါတယ်။ ဖုန်းတွေကို သုံးသပ်ကြည့်တဲ့အချိန်မှာ အဆင်ပြေချောမွေ့တာကို တွေ့မြင်ရပါတယ။်
ဒီတော့ ဘာများဖြစ်လို့လဲ။ အဖြေရှာကြည့်ရအောင်။ မေလတုန်းက စမတ်ဖုန်းရောင်းအားတွေက ဆန်းသစ်မှုအားနည်းလို့ဆိုတာ ဝန်ခံထားပါတယ်။ တိတိကျကျပြောရမယ်ဆိုရင်တော့ လုပ်ငန်းရေစီးကြောင်းကို မလိုက်နိုင်တာပါ။ အထင်ရှားဆုံးပြောရမယ်ဆိုရင်တော့ ဖုန်းတိုင်းလိုလိုမှာရနေတဲ့ 18:9 display ကို ကြည့်လိုက်ပါ။ အထက်တန်းစားစမတ်ဖုန်းတွေလား၊ ဘတ်ဂျက်လား အကုန်မြင်နေရပြီ။ 18:9 screen ဆိုတာလည်း တစ်နှစ်လောက်ကြာပြီးမှ ရောက်လာခဲ့တာပါ။
နောက်တစ်ခုကတော့ သုံးစွဲသူတွေက ဘယ်လိုအရာမျိုးလိုချင်လဲဆိုတာကို ရှင်းလင်းစွာမမြင်နိုင်တာလို့ ပြောရမလား။ ပထမဆုံးကတော့ ဈေးနှုန်းပါပဲ။ ဆိုနီဟာ 4K display နဲ့ ဒေါ်လာ၁၀၀၀တန် စမတ်ဖုန်းကို ပြထားပါတယ်။ ဒါပေမယ့်လည်း ပရီမီယမ်ဈေးကွက်ထဲမှာ ထွန်းပေါက်မနေပါပဘူး။ 16:9 screen ၊ နားကြပ်ပေါက်မပါ၊ ဘောင်တွေလည်းပါနေတော့ စဉ်းစားကြည့်လိုက်ပါတော့ ဆိုနီဟာ 4K screen ဆိုတာနဲ့ ဝင်ချင်ပေမယ့်လည်း ဈေးနှုန်းကအဆမတန်ကြီးနေပါတယ်။ ဒီတော့ လုပ်ပုံကမဟုတ်သေးဘူးလို့ပြောချင်ပါတယ်။
နောက်တစ်ခုကတော့ Xperia XZ2 ပါပဲ။ သူ့ရဲ့ အသံအရည်အသွေးကြောင့် သုံးသပ်ချက်တွေထဲမှာ ချီးကျူးခဲ့ပါတယ်။ display လည်းမိုက်ပါတယ်။ ဒါပေမယ့်လည်း ဒေါ်လာ၈၀၀ဆိုတာက များနေလားလို့ အိန္ဒိယမှာဆိုရင် ဒေါ်လာ၁၀၆၂ နဲ့ ရောင်းသတဲ့။ နေပါဦး ဘာလို့များလဲ။
ပြီးတော့ Xperia XZ2 Compact ၊ နည်းနည်းလေးတော့ ဝေဖန်ချက်တွေကို သုံးသပ်ချက်ထဲမှာ တွေ့မြင်ရမှာပါ။ ဒေါ်လာ၆၀၀နဲ့ဆိုရင်တော့ ယှဉ်ပြိုင်မှုတွေထဲမှာရှင်သန်နိုင်ဖို့ မမြင်ပါဘူး။
Xperia XA2 Ultra ဆိုတာကတော့ XA2 Plus ကိုပြင်ဆင်ထားပြီး ဈေးနှုန်းက စွမ်းဆောင်ရည်မြင့်တဲ့ OnePlus 5T နဲ့ Honor View 10 လောက် မြင့်နေပါတယ်။
ဈေးနှုန်းဆိုတာ အတော်လေးထင်ရှားတဲ့ကိစ္စပါပဲ။ ဆိုနီဟာ ယူအက်စ်မှာ ကြော်ငြာနဲ့ carrier partnership တွေလည်း မရှိဘူး။ ဒါဟာ brand recognition အတွက် အဆင်မပြေပါဘူး။ သင်က စမတ်ဖုန်းရောင်းတယ်ဆိုတာ လူမသိရင် ဘယ်လိုလုပ်ရောင်းထွက်နိုင်မလဲ။
mobile strategy ပိုင်းမှာလည်း ထိုးဖောက်နိုင်လောက်အောင် အားမကောင်းသေးဘူးလို့ဆိုရမှာပါ။
မျှော်လင့်ချက်အားလုံးကင်းမဲ့နေတာတော့ မဟုတ်ပါဘူး။
ဆိုနီလုပ်ရမှာက အများကြီးဆိုပေမယ့်လည်း သူ့မှာမှန်ကန်သင့်လျော်တဲ့အရာတွေ ရှိနေပါသေးတယ်။
Flagship ရဲ့ ဒီဇိုင်းလေးကို ကြိုက်ပါတယ်။ ဈေးနှုန်းကိုသာဖယ်လိုက်မယ်ဆိုရင်တော့ ဆိုနီဖုန်းတွေဟာ ယှဉ်ပြိုင်မှုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းဓါတ်ပုံပိုင်းမှာလည်း ကောင်းမွန်ပါတယ်။ 48MP camera sensor ထုတ်လုပ်ထားတော့ ၂၀၁၉အတွက် အရမ်းမိုက်နေမှာပါ။
Software ကတော့ အထင်မသေးနဲ့နော်။ Xperia XZ2 မှာ Android P developer preview ကို ရနိုင်ပါတယ်။ ဒါကြောင့် software ပိုင်းကိုလည်း လုပ်ဆောင်နေတယ်ဆိုတာ ပြသနေပါတယ်။
ဆိုနီဟာ သူ့ရဲ့စမတ်ဖုန်းတွေကို ဈေးကွက်နဲ့ကိုက်ညီအောင်လုပ်နေတယ်လို့ မြင်ပါတယ်။လုပ်ငန်းအသစ်မဟုတ်တဲ့အတွက်ကြောင့် သူ့ရဲ့စမတ်ဖုန်းကိုပဲ ဝင်ငွေကရပ်တည်နေတာမဟုတ်တဲ့အတွက်ကြောင့် ဒီလိုဖြစ်နေတာလား မသိပါဘူး။ နည်းနည်းလေးကြိုးစားပြီးတော့ ကွဲလွဲအောင်လုပ်လိုက်မယ်ဆိုရင်။ သုံးစွဲသူတွေကို လိုချင်တာပေးပြီးဈေးများမလား။
PlayStation brand နဲ့ စမတ်ဖုန်းကို ပေါင်းစပ်ကြည့်မလား။ Xperia Play ပြန်လည်ရှင်သန်လာမလား။ PlayStation-branded phone တစ်လုံးဆိုရင်ရော။ ဂိမ်းမင်းဖုန်းဆိုရင်ရော။ မမိုက်နိုင်ဘူးလား။
ကျွန်တော်ဆိုနီကို မကြိုက်လို့မဟုတ်ပါဘူး။ ဒီအကြောင်းကိုရေးလိုက်လို့ မကောင်းမြင်ကွန်မန့်တွေလည်း ရလာနိုင်ပါတယ်။ အိုကေပါတယ်။ ဒါပေမယ့် သူတို့အောင်မြင်ဖို့အတွက် ဒီလိုပြောလိုက်ရလို့ ဘာမှမဖြစ်သွားပါဘူး။ တကယ်လို့ ဈေးနှုန်းတွေချလိုက်မယ်၊ ရေစီးကြောင်းနောက်ကိုလိုက်မယ်ဆိုရင်တော့ သူတို့လုပ်ငန်းကို ပြန်လည်ပုံဖော်နိုင်မှာပါ။
Leave a Reply