ကမာၻေပၚမွာ ဒုတိယအၾကီးဆံုး OEM ျဖစ္လာတဲ့ Huawei

0
1691

Zawgyi Version

2016တုန္းက Huawei ဟာ ကမာၻ႕နံပါတ္ႏွစ္ စမတ္ဖုန္းထုတ္လုပ္သူအျဖစ္ကို ႏွစ္ႏွစ္အတြင္း ေရာက္ရွိခဲ့ပါတယ္။ Counterpoint Research ၊ IDC ဆိုတဲ့ ေစာင့္ၾကည့္ေရးအဖြဲ႕ေတြရဲ႕ေျခရာခံမႈအရ သူတို႕ဟာ ပန္းတုိင္ေရာက္ဖုိ႕အတြက္ လအနည္းငယ္သာေစာင့္ဆုိင္းခဲ့ရပါတယ္။ ျပီးေတာ့ ကမာၻ႕ေစ်းကြက္ရွယ္ယာမွာလည္း Apple ကို ယွဥ္ျပိဳင္ျပီးယူထားႏုိင္ပါတယ္။ ဒီသတင္းကေတာ့ ၂၀၁၈ ကြာတားႏွစ္မွာ သူတို႕ပန္းတုိင္ေရာက္ႏုိင္လိမ့္မယ္လို႕ ကၽြန္ေတာ္တို႕သံုးသပ္အျပီးမွာ ထြက္ေပၚလာခဲ့တာပါ။ ဒုတိယကြာတားကေတာ့ Huawei နဲ႕ Apple တို႕ရဲ႕ျဖန္႕ခ်ိမႈေတြကြာျခားခ်က္ကို ေစ့ေပးႏိုင္တဲ့အခ်ိန္ ျဖစ္ပါတယ္။ Huawei ျဖန္႕ခ်ိမႈကေတာ့ ျဖည္းျဖည္းခ်င္းတက္ေနပါတယ္။

Counterpoint ရဲ႕ တင္ျပခ်က္အရ Huawei ျဖန္႕ခ်ိမႈေတြဟာ ၃၈.၅မီလ်ံကေန ၅၄.၂မီလ်ံအထိ တိုးတက္လာခဲ့ပါတယ္။ ဒါေၾကာင့္ တစ္ႏွစ္အတြင္း ၄၁% တုိးတက္လာခဲ့တာပါ။

Marketshare for Q2 2018.

Apple ကေတာ့ မေျပာင္းလဲသလိုပါပဲ။ ၄၁မီလ်ံကေန ၄၁.၃မီလ်ံ ေရာင္းခ်ထားပါတယ္။ ရလဒ္ကေတာ့ ၁% ပဲ တက္လာတာပါ။

ေစ်းကြက္ရွယ္ယာနဲ႕ေျပာမယ္ဆုိရင္ေတာ့ Samsung က ၂၀% ၊ Huawei က ၁၅% ၊ Apple က ၁၁%ျဖစ္ၾကပါတယ္။ Xiaomi နဲ႕ Oppo တို႕ကလည္း ေစ်းကြက္ရွယ္ယာအရ ၉% ၊ ၈% နဲ႕ ထိပ္တန္းငါးခုစာရင္းထဲမွာ ပါ၀င္ေနၾကပါတယ္။

Huawei ဟာ ဥေရာပမွာဆိုရင္ေတာ့ ၇၅%၊ အာဖရိကမွာ ၆၇%၊ အိႏၵိယမွာ ၁၈၈% တိုးတက္လာခဲ့တယ္လို႕ ေလ့လာသူေတြက ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

IDC ေျပာျပတဲ့ ေစ်းကြက္ေျပာင္းလဲမႈ

Huawei marketshare according to IDC.

Huawei ဟာ ၅၄.၂မီလ်ံေရာင္းခ်ျပီးေတာ့ ေစ်းကြက္ရွယ္ယာ ၁၅.၈% ရွယ္ယာရထားတယ္လို႕ ဆိုထားပါတယ္။ ယွဥ္လိုက္မယ္ဆိုရင္ေတာ့ ျပီးခဲ့တဲ့ႏွစ္က ၃၈.၅မီလ်ံ ျဖန္႕ခ်ိထားျပီး ၁၁% သာ ရခဲ့တာပါ။ ဒါေၾကာင့္ တစ္ႏွစ္အတြင္း တိုးတက္မႈက ၄၀.၉% ရွိေနပါတယ္။

Apple ကေတာ့ ၄၁.၃မီလ်ံ ျဖန္႕ခ်ိထားျပီး ၁၂.၁% ပိုင္ဆုိင္ထားပါတယ္။ ျပီးခဲ့တဲ့ႏွစ္ကေတာ့ ၄၁မီလ်ံျဖန္႕ခ်ိျပီး ေစ်းကြက္ရွယ္ယာ ၁၁.၈% ဆိုေတာ့ တိုးတက္လာမႈက ၀.၇% ပဲ ရွိပါတယ္။

သံုးသပ္ခ်က္ေတြအရ Apple ဟာ ၂၀၁၀ ဒုတိယကြာတားမွအစျပဳျပီး ပထမ၊ ဒုတိယေနရာေတြကို မရေတာ့ပါဘူး။

Huawei ဘယ္လိုေတြလုပ္လုိက္တာလဲ

Apple ကို ေက်ာ္တက္ေအာင္ ဘယ္လိုအစြမ္းေတြမ်ား ထုတ္သံုးလုိက္တာလဲ။

စမတ္ဖုန္းေတြကို ပရီမီယမ္နဲ႕ အလတ္တန္းစားဆိုျပီးေတာ့ ခြဲျခားထားပါတယ္။ အလတ္တန္းစားကေတာ့ Honor ဆိုတဲ့နာမည္အသံုးျပဳျပီး အရွိန္အဟုန္ျမွင့္တင္ခဲ့တာပါ။ Honor ကလည္း e-commerce ေနရာကို အားယူထားျပီးေတာ့ အခုဆိုရင္ offline ဘက္ကိုပါ လွည့္ေနပါျပီ။ Honor ဟာ ေအာင္ျမင္မႈရေအာင္ အေတာ္ေလး အေထာက္အကူျပဳေပးႏုိင္တယ္လို႕ သံုးသပ္ထားၾကပါတယ္။

၆၁၈ ပရိုမိုးရွင္းေတြက Honor ေမာ္ဒယ္လ္ေတြရဲ႕ေရာင္းအားကို အြန္လိုင္းမွာ ျမွင့္တင္ေပးႏုိင္ပါတယ္။ Honor ဟာ Huawei တိုးတက္ဖို႕အတြက္ အဓိကေမာင္းႏွင္အားတစ္ခုပါပဲ။

P20 နဲ႕ P20 Pro ကလည္း ၀ယ္လိုအားအရမ္းေကာင္းခဲ့ပါတယ္။ ဒါေၾကာင့္ ပရီမီယမ္ေစ်းကြက္မွာလည္း ေနရာတစ္ခုရခဲ့ပါတယ္။

ဒီေကာင္ႏွစ္လံုးနဲ႕ တရုတ္ႏုိင္ငံရဲ႕ ေစ်းကြက္ကိုလည္း ျပန္လည္သိမ္းပိုက္ႏုိင္ခဲ့ပါတယ္။ Huawei ဟာ ၂၀၁၁ခုႏွစ္ကတည္းက တရုတ္ႏုိင္ငံမွာ ေစ်းကြက္ရွယ္ယာအျမင့္ဆံုးျဖစ္ခဲ့ပါတယ္။ ၂၇%နဲ႕ပါ။ ကြာတားတစ္ခုအတြင္းမွာ အလံုးေရ ၂၈.၅မီလ်ံျဖန္႕ခ်ိျပီး စံခ်ိန္ခ်ိဳးထားပါေသးတယ္။

Image result for honor

စိတ္၀င္စားစရာေကာင္းတာကေတာ့ Honor ဟာ တရုတ္ႏုိင္ငံမွာ အေရာင္းရဆံုးျဖစ္ပါတယ္။ Honor ဟာ တရုတ္ေစ်းကြက္မွာ Xiaomi ထက္ ၁% ပိုသာပါတယ္။

Huawei ဟာ ယူအက္စ္ရဲ႕အကူညီရမွ သူ႕ပန္းတုိင္ကိုရမယ္ဆိုတာ မျဖစ္ေစခဲ့ပါဘူး။ ယူအက္စ္ carrier ေတြနဲ႕ ခ်ိတ္ဆက္မယ္လို႕ CES 2018 မွာ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆံုးမွာေတာ့ ေၾကညာခ်က္ကို ဖ်က္သိမ္းလိုက္ပါတယ္။ ယူအက္စ္အစိုးရရဲ႕ ဖိအားေပးမႈေၾကာင့္လည္း ပါ၀င္မွာပါ။ ဒါေၾကာင့္ သင္မရႏုိင္ဘူးလို႕ထင္ထားတဲ့ Huawei က ဒီလိုေနရာကို ရသြားတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။

Unicode Version

2016တုန်းက Huawei ဟာ ကမ္ဘာ့နံပါတ်နှစ် စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ကို နှစ်နှစ်အတွင်း ရောက်ရှိခဲ့ပါတယ်။ Counterpoint Research ၊ IDC ဆိုတဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ခြေရာခံမှုအရ သူတို့ဟာ ပန်းတိုင်ရောက်ဖို့အတွက် လအနည်းငယ်သာစောင့်ဆိုင်းခဲ့ရပါတယ်။ ပြီးတော့ ကမ္ဘာ့ဈေးကွက်ရှယ်ယာမှာလည်း Apple ကို ယှဉ်ပြိုင်ပြီးယူထားနိုင်ပါတယ်။ ဒီသတင်းကတော့ ၂၀၁၈ ကွာတားနှစ်မှာ သူတို့ပန်းတိုင်ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့သုံးသပ်အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။ ဒုတိယကွာတားကတော့ Huawei နဲ့ Apple တို့ရဲ့ဖြန့်ချိမှုတွေကွာခြားချက်ကို စေ့ပေးနိုင်တဲ့အချိန် ဖြစ်ပါတယ်။ Huawei ဖြန့်ချိမှုကတော့ ဖြည်းဖြည်းချင်းတက်နေပါတယ်။
Counterpoint ရဲ့ တင်ပြချက်အရ Huawei ဖြန့်ချိမှုတွေဟာ ၃၈.၅မီလျံကနေ ၅၄.၂မီလျံအထိ တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်အတွင်း ၄၁% တိုးတက်လာခဲ့တာပါ။
Apple ကတော့ မပြောင်းလဲသလိုပါပဲ။ ၄၁မီလျံကနေ ၄၁.၃မီလျံ ရောင်းချထားပါတယ်။ ရလဒ်ကတော့ ၁% ပဲ တက်လာတာပါ။
ဈေးကွက်ရှယ်ယာနဲ့ပြောမယ်ဆိုရင်တော့ Samsung က ၂၀% ၊ Huawei က ၁၅% ၊ Apple က ၁၁%ဖြစ်ကြပါတယ်။ Xiaomi နဲ့ Oppo တို့ကလည်း ဈေးကွက်ရှယ်ယာအရ ၉% ၊ ၈% နဲ့ ထိပ်တန်းငါးခုစာရင်းထဲမှာ ပါဝင်နေကြပါတယ်။
Huawei ဟာ ဥရောပမှာဆိုရင်တော့ ၇၅%၊ အာဖရိကမှာ ၆၇%၊ အိန္ဒိယမှာ ၁၈၈% တိုးတက်လာခဲ့တယ်လို့ လေ့လာသူတွေက ထုတ်ဖော်ပြောကြားထားပါတယ်။
IDC ပြောပြတဲ့ ဈေးကွက်ပြောင်းလဲမှု
Huawei ဟာ ၅၄.၂မီလျံရောင်းချပြီးတော့ ဈေးကွက်ရှယ်ယာ ၁၅.၈% ရှယ်ယာရထားတယ်လို့ ဆိုထားပါတယ်။ ယှဉ်လိုက်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်က ၃၈.၅မီလျံ ဖြန့်ချိထားပြီး ၁၁% သာ ရခဲ့တာပါ။ ဒါကြောင့် တစ်နှစ်အတွင်း တိုးတက်မှုက ၄၀.၉% ရှိနေပါတယ်။
Apple ကတော့ ၄၁.၃မီလျံ ဖြန့်ချိထားပြီး ၁၂.၁% ပိုင်ဆိုင်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၄၁မီလျံဖြန့်ချိပြီး ဈေးကွက်ရှယ်ယာ ၁၁.၈% ဆိုတော့ တိုးတက်လာမှုက ဝ.၇% ပဲ ရှိပါတယ်။
သုံးသပ်ချက်တွေအရ Apple ဟာ ၂၀၁၀ ဒုတိယကွာတားမှအစပြုပြီး ပထမ၊ ဒုတိယနေရာတွေကို မရတော့ပါဘူး။
Huawei ဘယ်လိုတွေလုပ်လိုက်တာလဲ
Apple ကို ကျော်တက်အောင် ဘယ်လိုအစွမ်းတွေများ ထုတ်သုံးလိုက်တာလဲ။
စမတ်ဖုန်းတွေကို ပရီမီယမ်နဲ့ အလတ်တန်းစားဆိုပြီးတော့ ခွဲခြားထားပါတယ်။ အလတ်တန်းစားကတော့ Honor ဆိုတဲ့နာမည်အသုံးပြုပြီး အရှိန်အဟုန်မြှင့်တင်ခဲ့တာပါ။ Honor ကလည်း e-commerce နေရာကို အားယူထားပြီးတော့ အခုဆိုရင် offline ဘက်ကိုပါ လှည့်နေပါပြီ။ Honor ဟာ အောင်မြင်မှုရအောင် အတော်လေး အထောက်အကူပြုပေးနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
၆၁၈ ပရိုမိုးရှင်းတွေက Honor မော်ဒယ်လ်တွေရဲ့ရောင်းအားကို အွန်လိုင်းမှာ မြှင့်တင်ပေးနိုင်ပါတယ်။ Honor ဟာ Huawei တိုးတက်ဖို့အတွက် အဓိကမောင်းနှင်အားတစ်ခုပါပဲ။
P20 နဲ့ P20 Pro ကလည်း ဝယ်လိုအားအရမ်းကောင်းခဲ့ပါတယ်။ ဒါကြောင့် ပရီမီယမ်ဈေးကွက်မှာလည်း နေရာတစ်ခုရခဲ့ပါတယ်။
ဒီကောင်နှစ်လုံးနဲ့ တရုတ်နိုင်ငံရဲ့ ဈေးကွက်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Huawei ဟာ ၂၀၁၁ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ ဈေးကွက်ရှယ်ယာအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ၂၇%နဲ့ပါ။ ကွာတားတစ်ခုအတွင်းမှာ အလုံးရေ ၂၈.၅မီလျံဖြန့်ချိပြီး စံချိန်ချိုးထားပါသေးတယ်။
စိတ်ဝင်စားစရာကောင်းတာကတော့ Honor ဟာ တရုတ်နိုင်ငံမှာ အရောင်းရဆုံးဖြစ်ပါတယ်။ Honor ဟာ တရုတ်ဈေးကွက်မှာ Xiaomi ထက် ၁% ပိုသာပါတယ်။
Huawei ဟာ ယူအက်စ်ရဲ့အကူညီရမှ သူ့ပန်းတိုင်ကိုရမယ်ဆိုတာ မဖြစ်စေခဲ့ပါဘူး။ ယူအက်စ် carrier တွေနဲ့ ချိတ်ဆက်မယ်လို့ CES 2018 မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ကြေညာချက်ကို ဖျက်သိမ်းလိုက်ပါတယ်။ ယူအက်စ်အစိုးရရဲ့ ဖိအားပေးမှုကြောင့်လည်း ပါဝင်မှာပါ။ ဒါကြောင့် သင်မရနိုင်ဘူးလို့ထင်ထားတဲ့ Huawei က ဒီလိုနေရာကို ရသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

Leave a Reply