Zawgyi version
Unicode version
Huawei က 5G-ready solutions နဲ့ chips တွေကို 2019 မတ်လမှာ ကြော်ငြာမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူက 5G-ready စမတ်ဖုန်းတွေကို 2019 ဇွန်လမှာ ကြော်ငြာဦး မှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ Huawei ကတော့ ဘယ်ဖုန်းအမျိုးအစားတွေကို 5G support ပေးမယ် ဆိုတာကိုတော့ ပြောပြမထားပါဘူး။ နောက်ထွက်ရှိမယ့် Mate စမတ်ဖုန်းတွေကတော့ ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်တဲ့။ Huawei ကတော့ MWC Shanghai 2018 ပွဲမှာတော့
commercial 5G solutions နဲ့ 5G chips စမတ်ဖုန်းတွေကို နောက်နှစ်ဆန်းပိုင်း လောက်မှာ ကြော်ငြာမယ်လို့ပြောသွားပါတယ်။ ကုမ္ပဏီက 5G networks နဲ့ services တွေကို စမ်းသပ်ပြီး ပိုပြီးကြီးမားကျယ်ပြန့်အောင် လုပ်ဆောင်သွားမယ်လို့လဲ ပြောသွားပါသေးတယ်။
Huawei က ဘယ်စမတ်ဖုန်းတွေက 5G-ready ဖြစ်ပြီးလဲဆိုတာတော့ ပြောမပြ သေးပါဘူး။ သူက 2019 ဇွန်မှာထွက်ရှိမယ့် P-series စမတ်ဖုန်းအတွက်တော့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ 2019 လကုန်လောက်မှာ ထွက်ရှိမယ့် Mate-series စမတ်ဖုန်းတွေမှာတော့ အသုံးပြုလို့ရနိုင်မယ်ဆိုပြီး ပြောထားပါတယ်။
User တွေအနေနဲ့ကတော့ 5G ကို ဘယ်ချိန်မျာရနိုင်မယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ T-Mobile ကတော့ 2018 လကုန်လောက်မှာ 5G network ကို မြို့ပေါင်း ၃၀ မှာ ရရှိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
AT&T ကလဲ 2018 ကုန်ခါနီးလောက်မှာ 5G ကို နေရာ ၁၂ ခုလောက်မှာ support ပေးဖို့ရှိပါတယ်။