ေနာက္ထြက္မယ့္ ၆.၅ လက္မ iPhone X Plus မွာ iPad မွာလို Landscape Mode ပါမည္

0
1147

ေနာက္ဆံုးထြက္ iOS 12 Beta မွာ ပါတဲ့ သတင္းအခ်က္အလက္မ်ားအရ ေနာက္ထြက္မယ့္ ၆.၅ လက္မ iPhone X Plus မွာ Landscape Mode ပါလာမွာပါ။ အိုင္ဖုန္း အသစ္မွာ 1242×2688 Pixels Resolution ရွိမယ္လို႔ Update မွာ ေတြ႕ရပါတယ္။ Calendar, Contacts နဲ႔ Messages မ်ား အပါအ၀င္ Resolution အသစ္ကို ေထာက္ပံ့တဲ့ App မ်ားပါလာပါတယ္။ App မ်ားကို Landscape Mode နဲ႔ သံုးႏုိင္မွာပါ။

ဒီသတင္းဟာ မွန္မယ္လို႔ ထင္ရပါတယ္။ ၅.၈ လက္မ iPhone X မွာ အိုင္ပတ္လို Landscape Mode ကို မေထာက္ပံ့ပါဘူး။ App အနည္းငယ္မွာသာ အဲဒီ မုဒ္ကို သံုးႏုိင္ပါတယ္။ တနလၤာေန႔က ထြက္ခဲ့တဲ့ iOS 12 Developer Beta မွာ အရိပ္အျမြက္မ်ားစြာကို ေတြ႕ရပါတယ္။ HomePod Smart Speaker မွာ ဖုန္းေခၚဆိုတဲ့ စြမ္းရည္ပါလာမွာပါ။ iPhone X Plus မွာ Dual-SIM ပါလာမွာပါ။ ကာလရွည္ၾကာ သတင္းထြက္ေနတဲ့ AirPods အတြက္ ႀကိဳးမဲ့အားသြင္း Case ရဲ႕ ဓါတ္ပံုမ်ားလည္း ပါလာပါတယ္။

Apple ဟာ ဒီ စက္တင္ဘာလမွာ အိုင္ဖုန္း အသစ္သံုးလံုးကို မိတ္ဆက္ႏုိင္ပါတယ္။ OLED iPhone X Plus အျပင္ ဒုတိယမ်ိဳးဆက္ OLED iPhone X နဲ႔ ၆.၁ လက္မ အိုင္ဖုန္းကိုပါ ေၾကညာမွာပါ။ iPad Pro အသစ္ ႏွစ္လံုးကိုပါ ျမင္ရႏုိင္ပါတယ္။

unicode

နောက်ထွက်မယ့် ၆.၅ လက်မ iPhone X Plus မှာ iPad မှာလို Landscape Mode ပါမည်

နောက်ဆုံးထွက် iOS 12 Beta မှာ ပါတဲ့ သတင်းအချက်အလက်များအရ နောက်ထွက်မယ့် ၆.၅ လက်မ iPhone X Plus မှာ Landscape Mode ပါလာမှာပါ။ အိုင်ဖုန်း အသစ်မှာ 1242×2688 Pixels Resolution ရှိမယ်လို့ Update မှာ တွေ့ရပါတယ်။ Calendar, Contacts နဲ့ Messages များ အပါအဝင် Resolution အသစ်ကို ထောက်ပံ့တဲ့ App များပါလာပါတယ်။ App များကို Landscape Mode နဲ့ သုံးနိုင်မှာပါ။

ဒီသတင်းဟာ မှန်မယ်လို့ ထင်ရပါတယ်။ ၅.၈ လက်မ iPhone X မှာ အိုင်ပတ်လို Landscape Mode ကို မထောက်ပံ့ပါဘူး။ App အနည်းငယ်မှာသာ အဲဒီ မုဒ်ကို သုံးနိုင်ပါတယ်။ တနင်္လာနေ့က ထွက်ခဲ့တဲ့ iOS 12 Developer Beta မှာ အရိပ်အမြွက်များစွာကို တွေ့ရပါတယ်။ HomePod Smart Speaker မှာ ဖုန်းခေါ်ဆိုတဲ့ စွမ်းရည်ပါလာမှာပါ။ iPhone X Plus မှာ Dual-SIM ပါလာမှာပါ။ ကာလရှည်ကြာ သတင်းထွက်နေတဲ့ AirPods အတွက် ကြိုးမဲ့အားသွင်း Case ရဲ့ ဓါတ်ပုံများလည်း ပါလာပါတယ်။

Apple ဟာ ဒီ စက်တင်ဘာလမှာ အိုင်ဖုန်း အသစ်သုံးလုံးကို မိတ်ဆက်နိုင်ပါတယ်။ OLED iPhone X Plus အပြင် ဒုတိယမျိုးဆက် OLED iPhone X နဲ့ ၆.၁ လက်မ အိုင်ဖုန်းကိုပါ ကြေညာမှာပါ။ iPad Pro အသစ် နှစ်လုံးကိုပါ မြင်ရနိုင်ပါတယ်။

Leave a Reply