ဖုန်းဘတ္ထရီကို ကြာကြာ အသုံးခံအောင် လုပ်နည်း
0
1407
Zawgyi version
၈။ screen time out ထားပါ
၁၀။ မလိုအပ်ရင် power ပိတ်ထားပါ
Image result for power off
Unicode version
ခုခေတ်မှာ ဖုန်းတစ်လုံးကတော့ လူတိုင်းနီးပါးထံမှာ ရှိကြတာပဲ ဖြစ်ပါတယ်။
ဖုန်းဆိုတာကတော့ သတင်းတွေ ၊စာအုပ်တွေ၊ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဂိမ်းဆော့ဖို့အတွက်နဲ့ အင်တာနက်လဲသုံးလို့ရတဲ့ အဆင်ပြေတဲ့ ဆက်သွယ်ရေး ပစ္စည်းလေးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အဲ့ဒါတွေ အသုံးများပြီး ဖုန်းဘတ္ထရီက အားသွင်းမလောက်ဖြစ်နေတတ်ပါတယ်။
အဲ့ဒါကြောင့် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
၁။ အားသွင်းတဲ့ အပေါက်ကို မကြာခဏ သန့်ရှင်းပေးပါ
မင်းရဲ့ ဖုန်းလေးကို အမြဲတမ်းသန့်ရှင်းအောင်ဖို့က အရေးကြီးပါတယ်။ ဖုန်း screen ကိုသုတ်ရုံတင်မရပါဘူး။ ဖုန်းအားသွင်းတဲ့ အပေါက်ကိုလဲ သန့်ရှင်းအောင်ထားရမှာ ဖြစ်ပါတယ်။ အဲ့လိုသန့်ရှင်းဖို့ဆိုရင် နားကြပ်တံချွန်ချွန်လေး ဒါမှမဟုတ် သွားကြားထိုးတံလေးနဲ့ အပေါက်ထဲကိုထိုးပြီး သန့်ရှင်းပေးလို့ရပါတယ်။
၂။ အရောင်တောက်တောက် Wallpaper တွေကို ရှောင်ကြဉ်ပါ
ဖုန်းမှာ wallpaper အရောင်တောက်တောက်တွေက ဘတ္ထရီ အကုန်မြန်ပါတယ်။ အဲ့ဒါကြောင့် ခပ်ဖျော့ဖျော့အရောင်လေးတွေ ဒါမှမဟုတ် black-and-white wallpaper ဘတ္ထရီစား သက်သာစေမှာပါ။
၃။ ဖုန်းကို လက်ထဲမှာပဲ အမြဲကိုင်မထားပါနဲ့
မင်းဟာ ဖုန်းကို အမြဲတမ်းနီးပါး လက်ထဲမှာ ကိုင်ထားတတ်ပါသလား။ အဲ့အချက်ကိုတော့ ရှောင်ကြဉ်ရပါလိမ့်မယ်။ ရာသီဥတုကလဲ ပူတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က အပူတွေနဲ့ ပေါင်းပြီး ဖုန်းက ပူလာတတ်ပါတယ်။ ဘတ္ထရီကလဲ ပူလာပြီး အချိန်အကြာကြီး အလုပ်မလုပ်တော့ပါဘူး။
၄။ auto-rotate screen function ကိုလဲ မလိုရင်ပိတ်ထားပါ
auto-rotate screen function ကိုတတ်နိုင်သလောက် မသုံးမိပါစေနဲ့။ အဲ့လို special sensor တွေကို အားကို မြန်မြန်ကုန်စေပါတယ်။
၅။ နောက်ကွယ်က run နေတဲ့ background program တွေကို ပိတ်ပစ်ပါ
Instagram, messengers, တို့ တစ်ခြား applications တွေသုံးပြီးရင် ပိတ်ဖို့ မေ့နေတတ်ပါတယ်။ မပိတ်မိဘူးဆိုရင် အဲ့ဒါတွေက နောက်ကွယ်ကနေ run နေပြီး ဘတ္ထရီ မြန်မြန်ကုန်စေပါတယ်။
Window အကုန်လုံးကို သုံးပြီးရင် ပိတ်တတ်တဲ့ အကျင့်လုပ်ထားပါ။
၆။ brightness အများကြီး မသုံးပါနဲ့
လူတော်တော်များများက brightness အများကြီးတင်ပြီး သုံးတတ်ကြပါတယ်။ အဲ့ဒါက မျက်လုံးအတွက်လဲမကောင်းသလို ဖုန်းဘတ္ထရီလဲ မခံနိုင်ပါဘူး။ အဲ့ဒါကြောင့် auto-brightness function လေးကို အသုံးပြုတာက ပိုအဆင်ပြေပါတယ်။
၇။ Vibrate mode လုပ်မထားပါနဲ့
Vibrate function ကလဲ ဘတ္ထရီ မခံနိုင်ပါဘူး။ အဲ့ကြောင့်မလို့ လိုအပ်မှသာ အသုံးပြုတာ ကောင်းပါတယ်။ silent mode ဒါမှမဟုတ် sound mode လုပ်ထားပါ။
၈။ screen time out ထားပါ
ဖုန်းကို Auto time out လုပ်ထားပါ။ အချိန်နဲလေ ကောင်းလေပါပဲ။ အဲ့လိုလုပ်ထားခြင်းက မင်းက screen ကိုမပိတ်မိရင်တောင်မှ ဖုန်းက auto ပိတ်သွားမှာ ဖြစ်ပါတယ်။
၉။ GPS, Bluetooth, နဲ့ Wi-Fi တွေကို ပိတ်ထားပါ
GPS, Bluetooth, နဲ့ Wi-Fi တွေကို ဖွင့်ထားတာက ဖုန်းဘတ္ထရီ မြန်မြန် ကုန်စေပါတယ်။ မလိုအပ်ရင် အဲ့ဒါတွေကို မဖွင့်တာ အကောင်းဆုံးပါပဲ။
၁၀။ လိုအပ်ရင် power ပိတ်ထားပါ
ညပိုင်းတွေ ဘာတွေ အိပ်ချိန်ဆိုရင် ဖုန်းကို power ပိတ်တာက ပိုကောင်းပါတယ်။ အဲ့ဒါက ဖုန်းကိုလဲ အနားပေးတာ ဖြစ်သလို ဘတ္ထရီလဲ မကုန်တော့ပါဘူး။
Leave a Reply