စမတ္ဖုန္းေရာင္းအားမွာ Apple ရဲ႕ ဒုတိယေနရာကို လုယူလိုက္တဲ့ Huawei

0
1159

ကမာၻ႕စမတ္ဖုန္း ေရာင္းအား အေကာင္းဆံုး စာရင္းမွာ Samsung က ပထမနဲ႔ Apple က ဒုတိယ ေနရာကို ရယူထားတာ ႏွစ္မ်ားစြာ ၾကာပါၿပီ။ Apple ဟာ ကမာၻ႕ ဖုန္း ေရာင္းအား အေကာင္းဆံုး စာရင္းမွာ ဒုတိယေနရာကို သိမ္းပိုက္ထားတာ ၈ ႏွစ္ရွိပါၿပီ။ အတိအက်ေျပာရရင္ ၂၀၁၀ ခုႏွစ္ရဲ႕ ဒုတိယ ကြာတား ကတည္းက ျဖစ္ပါတယ္။ အခုေတာ့ ဟြာေ၀းက ယခုႏွစ္ ဒုတိယကြာတား ျဖစ္တဲ့ ဧၿပီလကေန ဇြန္လအတြင္းမွာ Apple ထက္ ေရာင္းအား ေကာင္းသြားပါတယ္။

ဒုတိယကြာတားမွာ ဟြာေ၀းဟာ ဖုန္း အလံုးေရ ၅၄.၂ သန္း ေရာင္းခ်ခဲ့ရပါတယ္။ သူဟာ တရုတ္မွာလည္း ေစ်းကြက္ေ၀စု ၂၇ ရာခုိင္ႏႈန္းကို ပိုင္ဆိုင္ထားၿပီး ေရာင္းအား အေကာင္းဆံုး ျဖစ္ေနပါတယ္။ အေရာင္းသြက္ေနတဲ့ ဖုန္းမ်ားကေတာ့ P20 Series မ်ား ျဖစ္ပါတယ္။ P20 Series ထဲမွ ႏွစ္လံုးဟာ DxoMark ရဲ႕ ကင္မရာ အေကာင္းဆံုး ဖုန္း စာရင္းမွာ ပထမနဲ႔ တတိယေနရာမ်ားကို ရယူထားပါတယ္။ iPhone X က အဲဒီစာရင္းမွာ နံပါတ္ ၇ ေနရာမွာသာ ရွိပါတယ္။

ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ဟြာေ၀းရဲ႕ တန္ဖိုးသင့္ ဖုန္းမ်ား ျဖစ္တဲ့ Honor Series မ်ားက အေရာင္းသြက္ေနပါတယ္။ Samsung ကေတာ့ ကမာၻ႕ ေရာင္းအား အေကာင္းဆံုး စာရင္းမွာ နံပါတ္ ၁ ေနရာကေန မဆင္းေပးေသးပါဘူး။ ဆမ္ေဆာင္းဟာ စမတ္ဖုန္း အလံုးေရ ၇၁.၅ သန္းကို ဒုတိယ ကြာတားမွာ ေရာင္းခ်ထားပါတယ္။

unicode

စမတ်ဖုန်းရောင်းအားမှာ Apple ရဲ့ ဒုတိယနေရာကို လုယူလိုက်တဲ့ Huawei

ကမ္ဘာ့စမတ်ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းမှာ Samsung က ပထမနဲ့ Apple က ဒုတိယ နေရာကို ရယူထားတာ နှစ်များစွာ ကြာပါပြီ။ Apple ဟာ ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းမှာ ဒုတိယနေရာကို သိမ်းပိုက်ထားတာ ၈ နှစ်ရှိပါပြီ။ အတိအကျပြောရရင် ၂၀၁၀ ခုနှစ်ရဲ့ ဒုတိယ ကွာတား ကတည်းက ဖြစ်ပါတယ်။ အခုတော့ ဟွာဝေးက ယခုနှစ် ဒုတိယကွာတား ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်းမှာ Apple ထက် ရောင်းအား ကောင်းသွားပါတယ်။

ဒုတိယကွာတားမှာ ဟွာဝေးဟာ ဖုန်း အလုံးရေ ၅၄.၂ သန်း ရောင်းချခဲ့ရပါတယ်။ သူဟာ တရုတ်မှာလည်း ဈေးကွက်ဝေစု ၂၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ အရောင်းသွက်နေတဲ့ ဖုန်းများကတော့ P20 Series များ ဖြစ်ပါတယ်။ P20 Series ထဲမှ နှစ်လုံးဟာ DxoMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ ပထမနဲ့ တတိယနေရာများကို ရယူထားပါတယ်။ iPhone X က အဲဒီစာရင်းမှာ နံပါတ် ၇ နေရာမှာသာ ရှိပါတယ်။

နိုင်ငံတော်တော်များများမှာ ဟွာဝေးရဲ့ တန်ဖိုးသင့် ဖုန်းများ ဖြစ်တဲ့ Honor Series များက အရောင်းသွက်နေပါတယ်။ Samsung ကတော့ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စာရင်းမှာ နံပါတ် ၁ နေရာကနေ မဆင်းပေးသေးပါဘူး။ ဆမ်ဆောင်းဟာ စမတ်ဖုန်း အလုံးရေ ၇၁.၅ သန်းကို ဒုတိယ ကွာတားမှာ ရောင်းချထားပါတယ်။

Leave a Reply