7 လက္မမ်က္ႏွာျပင္ 5,000 mAh ဘက္ထရီနဲ႔ထြက္လာတဲ့ Huawei Honor Note 10

0
1206

Huawei ရဲ႕ Honor Note 10 မထြက္ခင္အခ်ိန္မွာ ခန္႔မွန္းခ်က္ေပါင္း မ်ားစြာထြက္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ အဲ့ဒီခန္႔မွန္း ခ်က္ေတြအားလုံးအဆုံးသတ္သြား ၿပီလို႔ဆိုႏုိင္ပါတယ္။ ဖုန္းမွာပါဝင္တဲ့ အခ်ိဳ႕အခ်က္အလက္ေတြဟာ ခန္႔မွန္းခ်က္ေတြ အတိုင္းမွန္ကန္ခဲ့ေပမယ့္ မေမွ်ာ္လင့္ထားတဲ့ လုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္လာခဲ့ပါတယ္။ Honor Note 10 မွာ 6.95-inch Full HD+ မ်က္ႏွာျပင္ (1080 x 2220 pixels) AMOLED display နဲ႔ျဖစ္ၿပီး Notch လုံးဝမပါဝင္လာပါဘူး။ ဒါ့အျပင္ display ေထာက္ပ့ံမႈအေနနဲ႔ HDR10 စံႏႈန္းနဲ႔ 115% NTSC ကိုထည့္ေပးထားပါတယ္။ ဂိမ္းနဲ႔ ေဖ်ာ္ေျဖေရးဆိုင္ရာ သုံးစြဲသူေတြအတြက္ေတာ့ လုံးဝ ျမင္ကြင္းအလန္းကို ခံစားရမွာပါ။

Note 10 မွာ Huawei ရဲ႕ကိုယ္ပိုင္ Kirin 970 chipset နဲ႔အတူ 6GB (သို႔) 8GBRAM ကိုေရြးခ်ယ္ႏိုင္မွာပါ။ အခ်က္အလက္သိုေလွာင္ ႏုိင္စြမ္းမွာေတာ့ 6GB model အတြက္ 64GB (သို႕) 128GB ျဖစ္ၿပီး 8GBRAM ဗားရွင္းဆိုရင္ေတာ့ 128GB နဲ႔ရႏုိင္မွာပါ။ GPU Turbo နည္းပညာနဲ႔အတူ CPU Turbo လုပ္ေဆာင္ခ်က္ အသစ္ကိုပါ ထည့္သြင္းေပးလုိက္ပါတယ္။ Double Turbo mode ေၾကာင့္ဂိမ္းနဲ႔ အျခားလုပ္ငန္းေဆာင္တာ ေတြေနရာမွာ ပိုမိုသြက္လက္ျမန္ဆန္စြာ လုပ္ႏုိင္လာပါလိမ့္မယ္။ Double Turbo mode အတြက္လည္း ဖုန္းရဲ႕ထိပ္ဘက္မွာ ခလုတ္ငယ္ေလးတစ္ခုကို ထည့္ေပးထားပါတယ္။

Honor Note 10 ရဲ႕ကင္မရာပိုင္းမွာေတာ့ 24MP (f/1.8) အဓိကကင္မရာနဲ႔အတူ 16MP (f/1.8) ဒုတိယကင္မရာငယ္ကို ေပါင္းထည့္ေပးထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 13MP f/2.0 aperture နဲ႔ျဖစ္ပါတယ္။
ကင္မရာေတြမွာ AI စြမ္းေဆာင္ခ်က္ကို ထည့္သြင္းေပးထားၿပီး Double Turbo အတြက္ထည့္ေပးထားတဲ့ ခလုတ္ေလးဟာ camera app အတြက္ပါ shutter ခလုတ္လုိ သုံးလို႔ရႏိုင္ပါလိမ့္မယ္။ Android 8.1 Oreo ကိုတပါတည္း ထည့္သြင္းေပးထားၿပီး EMUI 8.2 UI အျပင္အဆင္နဲ႔ပါ။

ဘက္ထရီစြမ္းအားကေတာ့ အေစာပိုင္းထြက္ထားသလို 4900mAh မဟုတ္ဘဲ 5,000 mAh ျဖစ္သြားပါတယ္။
ဘက္ထရီအားသြင္းတာ ပိုမိုျမန္ဆန္ဖုိ႔အတြက္လည္း Super Charge စနစ္ကို ထည့္ေပးထားပါတယ္။ ေစ်းႏႈန္းေတြကေတာ့ 6GB/64GB model ကို ယြမ္ 2,799 ($409)၊ 6GB/128GB model ကိုယြမ္ 3,199 ($468) နဲ႔ျဖစ္ၿပီး
စြမ္းရည္ျမင့္ 8GB RAM ေထာက္ပံ့တဲ့ 128GB storage ေမာ္ဒယ္ကိုေတာ့ ယြမ္ 3,599 ($527) သတ္မွတ္ထားပါတယ္။ Note 10 ကို Midnight Black နဲ႔ Phantom Blue အေရာင္ေတြ ထုတ္ေပးထားၿပီး၊ ၾသဂုတ္လ ၃၁ရက္ေန႔မွသာ တရားဝင္ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

unicode

Huawei ရဲ့ Honor Note 10 မထွက်ခင်အချိန်မှာ ခန့်မှန်းချက်ပေါင်း များစွာထွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီခန့်မှန်း ချက်တွေအားလုံးအဆုံးသတ်သွား ပြီလို့ဆိုနိုင်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ အချို့အချက်အလက်တွေဟာ ခန့်မှန်းချက်တွေ အတိုင်းမှန်ကန်ခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာခဲ့ပါတယ်။ Honor Note 10 မှာ 6.95-inch Full HD+ မျက်နှာပြင် (1080 x 2220 pixels) AMOLED display နဲ့ဖြစ်ပြီး Notch လုံးဝမပါဝင်လာပါဘူး။ ဒါ့အပြင် display ထောက်ပံ့မှုအနေနဲ့ HDR10 စံနှုန်းနဲ့ 115% NTSC ကိုထည့်ပေးထားပါတယ်။ ဂိမ်းနဲ့ ဖျော်ဖြေရေးဆိုင်ရာ သုံးစွဲသူတွေအတွက်တော့ လုံးဝ မြင်ကွင်းအလန်းကို ခံစားရမှာပါ။

Note 10 မှာ Huawei ရဲ့ကိုယ်ပိုင် Kirin 970 chipset နဲ့အတူ 6GB (သို့) 8GBRAM ကိုရွေးချယ်နိုင်မှာပါ။ အချက်အလက်သိုလှောင် နိုင်စွမ်းမှာတော့ 6GB model အတွက် 64GB (သို့) 128GB ဖြစ်ပြီး 8GBRAM ဗားရှင်းဆိုရင်တော့ 128GB နဲ့ရနိုင်မှာပါ။ GPU Turbo နည်းပညာနဲ့အတူ CPU Turbo လုပ်ဆောင်ချက် အသစ်ကိုပါ ထည့်သွင်းပေးလိုက်ပါတယ်။ Double Turbo mode ကြောင့်ဂိမ်းနဲ့ အခြားလုပ်ငန်းဆောင်တာ တွေနေရာမှာ ပိုမိုသွက်လက်မြန်ဆန်စွာ လုပ်နိုင်လာပါလိမ့်မယ်။ Double Turbo mode အတွက်လည်း ဖုန်းရဲ့ထိပ်ဘက်မှာ ခလုတ်ငယ်လေးတစ်ခုကို ထည့်ပေးထားပါတယ်။

Honor Note 10 ရဲ့ကင်မရာပိုင်းမှာတော့ 24MP (f/1.8) အဓိကကင်မရာနဲ့အတူ 16MP (f/1.8) ဒုတိယကင်မရာငယ်ကို ပေါင်းထည့်ပေးထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာကတော့ 13MP f/2.0 aperture နဲ့ဖြစ်ပါတယ်။
ကင်မရာတွေမှာ AI စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပြီး Double Turbo အတွက်ထည့်ပေးထားတဲ့ ခလုတ်လေးဟာ camera app အတွက်ပါ shutter ခလုတ်လို သုံးလို့ရနိုင်ပါလိမ့်မယ်။ Android 8.1 Oreo ကိုတပါတည်း ထည့်သွင်းပေးထားပြီး EMUI 8.2 UI အပြင်အဆင်နဲ့ပါ။

ဘက်ထရီစွမ်းအားကတော့ အစောပိုင်းထွက်ထားသလို 4900mAh မဟုတ်ဘဲ 5,000 mAh ဖြစ်သွားပါတယ်။
ဘက်ထရီအားသွင်းတာ ပိုမိုမြန်ဆန်ဖို့အတွက်လည်း Super Charge စနစ်ကို ထည့်ပေးထားပါတယ်။ ဈေးနှုန်းတွေကတော့ 6GB/64GB model ကို ယွမ် 2,799 ($409)၊ 6GB/128GB model ကိုယွမ် 3,199 ($468) နဲ့ဖြစ်ပြီး
စွမ်းရည်မြင့် 8GB RAM ထောက်ပံ့တဲ့ 128GB storage မော်ဒယ်ကိုတော့ ယွမ် 3,599 ($527) သတ်မှတ်ထားပါတယ်။ Note 10 ကို Midnight Black နဲ့ Phantom Blue အရောင်တွေ ထုတ်ပေးထားပြီး၊ သြဂုတ်လ ၃၁ရက်နေ့မှသာ တရားဝင်ရောင်းချပေးမှာ ဖြစ်ပါတယ်။

Leave a Reply