5G Smartphone ကို အရင္ဆံုး ထုတ္မယ္လို႔ ေျပာတဲ့ Lenovo

0
937

5G Smartphone , 5G Devices မ်ားကို ထုတ္လုပ္ေရာင္းခ်ဖို႔ ဖုန္းကုမၸဏီမ်ားစြာက အၿပိဳင္အဆိုင္ႀကိဳးစားေနၾကပါတယ္။ အခုေတာ့ လီႏိုဗိုက သူဟာ 5G Smartphone ကိုအေစာဆံုး ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေၾကညာလိုက္ပါတယ္။ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ကုမၸဏီရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Chang Cheng က ေရးသားထားတာ ျဖစ္ပါတယ္။ သူက အဲဒီ ဖုန္းရဲ႕ Specs မ်ားကိုေတာ့ မေျပာေသးပါဘူး။

ဒါေပမယ့္ သူ႔မွာ Snapdragon 855 Chipset ထည့္သြင္းထားမွာပါ။ ဒီဇင္ဘာလ ပထမအပတ္မွာ က်င္းပမယ့္ Snapdragon Summit မွာ အဲဒီ Chipset ကုိ ေၾကညာႏုိင္ပါတယ္။ အဲဒီအတြက္ လီႏိုဗိုရဲ႕ 5G Phone ကို လာမယ့္ႏွစ္အေစာပိုင္းက်မွသာ ေတြ႕ျမင္ရႏုိင္ပါတယ္။

ဟြာေ၀းက ဇြန္လအတြင္းတြင္ ၂၀၁၉ ခုႏွစ္ မတ္လမွာ 5G Chips နဲ ဇြန္လမွာ 5G Phone မ်ားကို မိတ္ဆက္မယ္လို႔ ေျပာပါတယ္။ Huawei က ဧၿပီလတုန္းကလည္း ရွန္ဇန္မွာ က်င္းပခဲ့တဲ့ Global Analyst Summit မွာ သူ႔ရဲ႕ ပထမဆံုး 5G Phone ကို ၂၀၁၉ ခုႏွစ္ ဒုတိယႏွစ္၀က္မွာ ေရာင္းခ်မယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ဟြာေ၀းက 5G Speed ကို ထုတ္လႊင့္ေပးတဲ့ Mobile WiFi Hotspot ကိုလည္း ထည့္သြင္းေပးမယ္လို႔ ေျပာခဲ့ပါတယ္။

ဟြာေ၀းရဲ႕ ပထမဆံုး 5G Phone ဟာ Mate 30 ျဖစ္ႏုိင္ပါတယ္။ ဟြာေ၀းရဲ႕ Mate Series မ်ားကို ေရာင္းခ်တဲ့ သမိုင္းကို ၾကည့္မယ္ဆိုရင္ ေနာက္ထြက္မယ့္ Mate Phone ကို ၂၀၁၉ ခုႏွစ္ တတိယ ကြာတားမွာ ေရာင္းခ်မွာပါ။ ဒါေပမယ့္ ပထမဆံုး 5G Phone ဟာ ဟြာေ၀းအတြက္ သမိုင္းမွတ္တိုင္တစ္ခု ျဖစ္တဲ့အတြက္ ကုမၸဏီက Series အသစ္ျဖင့္ သူ႔ကို မိတ္ဆက္ႏုိင္ပါတယ္။ ဒီလိုျဖစ္မယ္ဆိုရင္ အဲဒီ အခ်ိန္မွာ Mate 30 နဲ႔ 5G Phone ႏွစ္ခုစလံုးကို ေတြ႕ျမင္ရႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ရဲ႕ ပထမႏွစ္၀က္ဟာ ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ အျခား စမတ္ဖုန္း ထုတ္လုပ္သူမ်ားဟာလည္း သူတို႔ရဲ႕ 5G Phone နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ဟြာေ၀းနဲ႔ အခ်ိန္ အတူတူေလာက္မွာပဲ သူတိုု႔ရဲ႕ 5G Phone မ်ားကို ေရာင္းခ်ႏုိင္ပါတယ္။

unicode

5G Smartphone ကို အရင်ဆုံး ထုတ်မယ်လို့ ပြောတဲ့ Lenovo

5G Smartphone , 5G Devices များကို ထုတ်လုပ်ရောင်းချဖို့ ဖုန်းကုမ္ပဏီများစွာက အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ အခုတော့ လီနိုဗိုက သူဟာ 5G Smartphone ကိုအစောဆုံး ထုတ်လုပ်ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Chang Cheng က ရေးသားထားတာ ဖြစ်ပါတယ်။ သူက အဲဒီ ဖုန်းရဲ့ Specs များကိုတော့ မပြောသေးပါဘူး။

ဒါပေမယ့် သူ့မှာ Snapdragon 855 Chipset ထည့်သွင်းထားမှာပါ။ ဒီဇင်ဘာလ ပထမအပတ်မှာ ကျင်းပမယ့် Snapdragon Summit မှာ အဲဒီ Chipset ကို ကြေညာနိုင်ပါတယ်။ အဲဒီအတွက် လီနိုဗိုရဲ့ 5G Phone ကို လာမယ့်နှစ်အစောပိုင်းကျမှသာ တွေ့မြင်ရနိုင်ပါတယ်။

ဟွာဝေးက ဇွန်လအတွင်းတွင် ၂၀၁၉ ခုနှစ် မတ်လမှာ 5G Chips နဲ ဇွန်လမှာ 5G Phone များကို မိတ်ဆက်မယ်လို့ ပြောပါတယ်။ Huawei က ဧပြီလတုန်းကလည်း ရှန်ဇန်မှာ ကျင်းပခဲ့တဲ့ Global Analyst Summit မှာ သူ့ရဲ့ ပထမဆုံး 5G Phone ကို ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟွာဝေးက 5G Speed ကို ထုတ်လွှင့်ပေးတဲ့ Mobile WiFi Hotspot ကိုလည်း ထည့်သွင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

ဟွာဝေးရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်နိုင်ပါတယ်။ ဟွာဝေးရဲ့ Mate Series များကို ရောင်းချတဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ထွက်မယ့် Mate Phone ကို ၂၀၁၉ ခုနှစ် တတိယ ကွာတားမှာ ရောင်းချမှာပါ။ ဒါပေမယ့် ပထမဆုံး 5G Phone ဟာ ဟွာဝေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တဲ့အတွက် ကုမ္ပဏီက Series အသစ်ဖြင့် သူ့ကို မိတ်ဆက်နိုင်ပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် အဲဒီ အချိန်မှာ Mate 30 နဲ့ 5G Phone နှစ်ခုစလုံးကို တွေ့မြင်ရနိုင်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ပထမနှစ်ဝက်ဟာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အခြား စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သူတို့ရဲ့ 5G Phone နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အခြား ကုမ္ပဏီများကလည်း ဟွာဝေးနဲ့ အချိန် အတူတူလောက်မှာပဲ သူတို့ရဲ့ 5G Phone များကို ရောင်းချနိုင်ပါတယ်။

Leave a Reply