ေရာင္းအား က်ဆင္းေနတဲ့ Samsung Galaxy S9 Series

0
1450

Samsung Galaxy S9 Series မ်ားဟာ ဒုတိယကြာတားမွာ ေရာင္းအား က်ဆင္းေနပါတယ္။ သူတို႔ေရာင္းအား မေကာင္းမႈေၾကာင့္ ကုမၸဏီရဲ႕ အျမတ္ေငြဟာလညး္ ဒီကြာတားမွာ က်ဆင္းသြားပါတယ္။ အဲဒီ ကြာတားရဲ႕ ၀င္ေငြ၊ အျမတ္ေငြ စာရင္းမ်ားကို ကုမၸဏီက ထုတ္ျပန္လိုက္ပါတယ္။ ဆမ္ေဆာင္းဟာ အဲဒီကြာတားမွာ ကိုရီးယား ၀မ္ ၅၈.၄၈ ထရီလီယမ္ ( ေဒၚလာ ၅၂.၂ ဘီလီယမ္ ၀န္းက်င္) ေလာက္သာ ေရာင္းခ်ႏုိင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၁၂ လအတြင္း ေရာင္းအားအနည္းဆံုး ကြာတား ျဖစ္ခဲ့ပါတယ္။ အဲဒီ ေရာင္းအားဟာ စမတ္ဖုန္း အတြက္ သာမက ကုမၸဏီရဲ႕ ထုတ္ကုန္အားလံုးပါပါတယ္။

ကုမၸဏီက စမတ္ဖုန္းနဲ႔ Display မ်ား ေရာင္းအားနည္းခဲ့တဲ့အတြက္ အျမတ္ေငြ နည္းပါးသြားတယ္လို႔ ေျပာပါတယ္။ Galaxy Phones မ်ားကို ေရာင္းေနတဲ့ IT & Mobile Communications ဌာနဟာ ေရာင္းအား ၂၀ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး ပမာဏအားျဖင့္ ၀မ္ ၃၀ ထရီလီယမ္ ကေန ၀မ္ ၂၄ ထရီလီယမ္အထိ က်ဆင္းသြားပါတယ္။

NAND နဲ႔ DRAM Memory Chips မ်ားကိုထုတ္လုပ္ေရာင္းခ်ေနတဲ့ ဌာနက ေရာင္းအား ေကာင္းေနပါတယ္။ အဲဒီ ဌာနရဲ႕ ဒုတိယ ကြာတား ေရာင္းအားဟာ ကုမၸဏီရဲ႕ ေရာင္းအား စုစုေပါင္းရဲ႕ ၃၇ ရာခုိင္ႏႈန္းနဲ႔ အျမတ္ေငြ စုစုေပါင္းရဲ႕ ၈၀ ရာခုိင္ႏႈန္း ရွိပါတယ္။

ယခုႏွစ္ ဒုတိယ ႏွစ္၀က္မွာေတာ့ေရာင္းအား ေကာင္းလာမယ္လို႔ ကုမၸဏီက ေမွ်ာ္လင့္ထားပါတယ္။ Flexible OLED Panels မ်ားရဲ႕ ေရာင္းအားဟာ ဒုတိယႏွစ္၀က္မွာ ေကာင္းလာမယ္လို႔ ဆမ္ေဆာင္းက ယူဆထားပါတယ္။

unicode

ရောင်းအား ကျဆင်းနေတဲ့ Samsung Galaxy S9 Series

Samsung Galaxy S9 Series များဟာ ဒုတိယကွာတားမှာ ရောင်းအား ကျဆင်းနေပါတယ်။ သူတို့ရောင်းအား မကောင်းမှုကြောင့် ကုမ္ပဏီရဲ့ အမြတ်ငွေဟာလည်း ဒီကွာတားမှာ ကျဆင်းသွားပါတယ်။ အဲဒီ ကွာတားရဲ့ ဝင်ငွေ၊ အမြတ်ငွေ စာရင်းများကို ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ ဆမ်ဆောင်းဟာ အဲဒီကွာတားမှာ ကိုရီးယား ဝမ် ၅၈.၄၈ ထရီလီယမ် ( ဒေါ်လာ ၅၂.၂ ဘီလီယမ် ဝန်းကျင်) လောက်သာ ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်း ရောင်းအားအနည်းဆုံး ကွာတား ဖြစ်ခဲ့ပါတယ်။ အဲဒီ ရောင်းအားဟာ စမတ်ဖုန်း အတွက် သာမက ကုမ္ပဏီရဲ့ ထုတ်ကုန်အားလုံးပါပါတယ်။

ကုမ္ပဏီက စမတ်ဖုန်းနဲ့ Display များ ရောင်းအားနည်းခဲ့တဲ့အတွက် အမြတ်ငွေ နည်းပါးသွားတယ်လို့ ပြောပါတယ်။ Galaxy Phones များကို ရောင်းနေတဲ့ IT & Mobile Communications ဌာနဟာ ရောင်းအား ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် ဝမ် ၃၀ ထရီလီယမ် ကနေ ဝမ် ၂၄ ထရီလီယမ်အထိ ကျဆင်းသွားပါတယ်။

NAND နဲ့ DRAM Memory Chips များကိုထုတ်လုပ်ရောင်းချနေတဲ့ ဌာနက ရောင်းအား ကောင်းနေပါတယ်။ အဲဒီ ဌာနရဲ့ ဒုတိယ ကွာတား ရောင်းအားဟာ ကုမ္ပဏီရဲ့ ရောင်းအား စုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်းနဲ့ အမြတ်ငွေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။

ယခုနှစ် ဒုတိယ နှစ်ဝက်မှာတော့ရောင်းအား ကောင်းလာမယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။ Flexible OLED Panels များရဲ့ ရောင်းအားဟာ ဒုတိယနှစ်ဝက်မှာ ကောင်းလာမယ်လို့ ဆမ်ဆောင်းက ယူဆထားပါတယ်။

Leave a Reply