ေဒၚလာ ၁၈၀၀ တန္ LG V35 ThinQ Signature Edition

0
785

LG က V35 ThinQ ရဲ႕ အထူးထုတ္ ေမာ္ဒယ္ကို ေတာင္ကိုရီးယားမွာ ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ LG V35 ThinQ Signature Edition ျဖစ္ပါတယ္။ ဘူးထဲမွာ Bang & Olufsen Headphone လည္း ပါပါတယ္။ ေတာက္ေျပာင္တဲ အေနာက္ကာဗာ တပ္ဆင္ထားၿပီး အျဖဴနဲ႔ အနက္ေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အေနာက္ကာဗာဟာ ျခစ္ရာမ်ားကို ခံႏုိင္ပါတယ္။ အထူးထုတ္ သားေရ Case လည္း ပါပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္မွာ သင့္အမည္ကို ေရးထြင္းႏုိင္ပါတယ္။ ေဒၚလာ ၁၈၀၀ သတ္မွတ္ထားၿပီး ႀကိဳတင္မွာယူႏုိင္ပါၿပီ။ အလံုးေရ ၃၀၀ သာ ထုတ္လုပ္ထားၿပီး ၾသဂုတ္လ ၁၃ ရက္မွာ ေရာင္းမွာပါ။

Specs မ်ားက မူလေမာ္ဒယ္နဲ႔ တူညီပါတယ္။ ကင္မရာ အပိုင္းမွာ LG G7 ThinQ ရဲ႕ 16MP Dual Camera ကို သံုးထားပါတယ္။ အေရွ႕ဘက္မွာ 8MP Camera ကို သံုးထားပါတယ္။ HDR 10 ကို ေထာက္ပံ့တဲ့ ၆ လက္မ FullVision Display ထည့္သြင္းထားပါတယ္။ Snapdragon 845 , 6GB RAM မ်ား ထည့္သြင္းထားပါတယ္။ 256GB Storage ပါပါတယ္။ microSD Card စိုက္ႏိုင္ပါတယ္။ 3300mAh Battery ထည့္သြင္းထားၿပီး G7 ရဲ႕ ဘက္ထရီထက္ ၁၀ ရာခိုင္ႏႈန္း ပိုမိုႀကီးမားပါတယ္။ ႀကိဳးမဲ့ အားသြင္း စနစ္ ပါသလို Quick Charge 3.0 လည္း ထည့္သြင္းထားပါတယ္။

Android 8.0 Oreo နဲ႔အတူ ThinQ ဥာဏ္ရည္တု နည္းပညာကို ထည့္ေပးထားပါတယ္။ LG ရဲ႕ Signature ျဖစ္တဲ့ Quad DAC အသံစြမ္းရည္ပါလာပါတယ္။ IP68 စံႏႈန္း ရွိပါတယ္။ သူ႔မွာ Notch မပါပါဘူး။

unicode

ဒေါ်လာ ၁၈၀၀ တန် LG V35 ThinQ Signature Edition

LG က V35 ThinQ ရဲ့ အထူးထုတ် မော်ဒယ်ကို တောင်ကိုရီးယားမှာ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ LG V35 ThinQ Signature Edition ဖြစ်ပါတယ်။ ဘူးထဲမှာ Bang & Olufsen Headphone လည်း ပါပါတယ်။ တောက်ပြောင်တဲ အနောက်ကာဗာ တပ်ဆင်ထားပြီး အဖြူနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ အနောက်ကာဗာဟာ ခြစ်ရာများကို ခံနိုင်ပါတယ်။ အထူးထုတ် သားရေ Case လည်း ပါပါတယ်။ ဖုန်းရဲ့ အနောက်ဘက်မှာ သင့်အမည်ကို ရေးထွင်းနိုင်ပါတယ်။ ဒေါ်လာ ၁၈၀၀ သတ်မှတ်ထားပြီး ကြိုတင်မှာယူနိုင်ပါပြီ။ အလုံးရေ ၃၀၀ သာ ထုတ်လုပ်ထားပြီး သြဂုတ်လ ၁၃ ရက်မှာ ရောင်းမှာပါ။

Specs များက မူလမော်ဒယ်နဲ့ တူညီပါတယ်။ ကင်မရာ အပိုင်းမှာ LG G7 ThinQ ရဲ့ 16MP Dual Camera ကို သုံးထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ကို သုံးထားပါတယ်။ HDR 10 ကို ထောက်ပံ့တဲ့ ၆ လက်မ FullVision Display ထည့်သွင်းထားပါတယ်။ Snapdragon 845 , 6GB RAM များ ထည့်သွင်းထားပါတယ်။ 256GB Storage ပါပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ 3300mAh Battery ထည့်သွင်းထားပြီး G7 ရဲ့ ဘက်ထရီထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပါတယ်။ ကြိုးမဲ့ အားသွင်း စနစ် ပါသလို Quick Charge 3.0 လည်း ထည့်သွင်းထားပါတယ်။

Android 8.0 Oreo နဲ့အတူ ThinQ ဉာဏ်ရည်တု နည်းပညာကို ထည့်ပေးထားပါတယ်။ LG ရဲ့ Signature ဖြစ်တဲ့ Quad DAC အသံစွမ်းရည်ပါလာပါတယ်။ IP68 စံနှုန်း ရှိပါတယ်။ သူ့မှာ Notch မပါပါဘူး။

Leave a Reply