ေကြးညႊတ္ စမတ္ဖုန္း ထုတ္မယ့္ Xiaomi နဲ႔ Oppo

0
1213

လာမယ့္ႏွစ္မွာ ေကြးညႊတ္ေပ်ာ့ေျပာင္းတဲ့ စမတ္ဖုန္းမ်ားကို ျမင္ေတြ႕ရႏုိင္ပါတယ္။ Samsung က Galaxy X လို႔ အမည္ေပးထားတဲ့ ေကြးညႊတ္ေပ်ာ့ေျပာင္းတဲ့ စမတ္ဖုန္းကို ဖန္တီးေနတာၾကာၿပီ ျဖစ္ၿပီး လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္လို႔ သတင္း ထြက္ေနပါတယ္။ ဟြာေ၀းကလည္း ဒီလို စမတ္ဖုန္းမ်ိဳးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္လာပါတယ္။

အခုေတာ့ Xiaomi နဲ႔ Oppo တို႔ကလည္း ဒီလို စမတ္ဖုန္းမ်ိဳးကို ဖန္တီးေနတယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ဖုန္းမ်ားမွာထည့္သြင္းမယ့္ ေကြးညႊတ္ေပ်ာ့ေျပာင္းတဲ့ မ်က္ႏွာျပင္ကို ထုတ္လုပ္ေပးမယ့္ ကုမၸဏီမ်ားကို ကုမၸဏီ ႏွစ္ခုက ရွာေဖြေနတယ္လို႔ သတင္းထြက္ေနပါတယ္။ ေကြးညႊတ္ မ်က္ႏွာျပင္မ်ားကို ဖန္တီးေနတဲ့ ကုမၸဏီမ်ားကေတာ့ LG Display , BOE , Visionox တို႔ ျဖစ္ပါတယ္။

ေရွာင္မီက သူ႔ရဲ႕ ထံုးစံအတိုင္းပဲ ေကြးညႊတ္ စမတ္ဖုန္းရဲ႕ ေစ်းကို ၿပိဳင္ဖက္မ်ားထက္ သက္သာေအာင္ ျပဳလုပ္မယ္လို႔ သိရပါတယ္။ ဆမ္ေဆာင္းရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ ၁၇၈၈ နဲ႔ ၂၆၅၂ ေဒၚလာအၾကားမွာရွိမယ္လို႔ သတင္းထြက္ေနပါတယ္။ ေရွာင္မီကေတာ့ ၈၉၆ နဲ႔ ၁၃၄၄ ေဒၚလာအၾကားမွာသာ ေရာင္းခ်ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

ေရွာင္မီက အေစာပိုင္းမွာ အဲဒီ စမတ္ဖုန္းကို တရုတ္မွာသာ ေရာင္းခ်ဖို႔ ရည္ရြယ္ထားတယ္လို႔ သတင္းထြက္ေနပါတယ္။ ေကြးညႊတ္ စမတ္ဖုန္းကို ပထမဆံုး ေရာင္းခ်တဲ့ကုမၸဏီ ျဖစ္ဖို႔ ေရွာင္မီက ႀကိဳးစားေနပါတယ္။ ေရွာင္မီဟာ အဲဒီ ဖုန္းကို မိတ္ဆက္ၿပီးတာနဲ႔ အေျမာက္အမ်ား ထုတ္လုပ္ေရာင္းခ်ႏုိင္ေအာင္ ျပင္ဆင္ေနပါတယ္။

unicode

ကွေးညွှတ် စမတ်ဖုန်း ထုတ်မယ့် Xiaomi နဲ့ Oppo

လာမယ့်နှစ်မှာ ကွေးညွှတ်ပျော့ပြောင်းတဲ့ စမတ်ဖုန်းများကို မြင်တွေ့ရနိုင်ပါတယ်။ Samsung က Galaxy X လို့ အမည်ပေးထားတဲ့ ကွေးညွှတ်ပျော့ပြောင်းတဲ့ စမတ်ဖုန်းကို ဖန်တီးနေတာကြာပြီ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမယ်လို့ သတင်း ထွက်နေပါတယ်။ ဟွာဝေးကလည်း ဒီလို စမတ်ဖုန်းမျိုးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်လာပါတယ်။

အခုတော့ Xiaomi နဲ့ Oppo တို့ကလည်း ဒီလို စမတ်ဖုန်းမျိုးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းများမှာထည့်သွင်းမယ့် ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်ကို ထုတ်လုပ်ပေးမယ့် ကုမ္ပဏီများကို ကုမ္ပဏီ နှစ်ခုက ရှာဖွေနေတယ်လို့ သတင်းထွက်နေပါတယ်။ ကွေးညွှတ် မျက်နှာပြင်များကို ဖန်တီးနေတဲ့ ကုမ္ပဏီများကတော့ LG Display , BOE , Visionox တို့ ဖြစ်ပါတယ်။

ရှောင်မီက သူ့ရဲ့ ထုံးစံအတိုင်းပဲ ကွေးညွှတ် စမတ်ဖုန်းရဲ့ ဈေးကို ပြိုင်ဖက်များထက် သက်သာအောင် ပြုလုပ်မယ်လို့ သိရပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ၁၇၈၈ နဲ့ ၂၆၅၂ ဒေါ်လာအကြားမှာရှိမယ်လို့ သတင်းထွက်နေပါတယ်။ ရှောင်မီကတော့ ၈၉၆ နဲ့ ၁၃၄၄ ဒေါ်လာအကြားမှာသာ ရောင်းချဖို့ မျှော်မှန်းထားပါတယ်။

ရှောင်မီက အစောပိုင်းမှာ အဲဒီ စမတ်ဖုန်းကို တရုတ်မှာသာ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ ကွေးညွှတ် စမတ်ဖုန်းကို ပထမဆုံး ရောင်းချတဲ့ကုမ္ပဏီ ဖြစ်ဖို့ ရှောင်မီက ကြိုးစားနေပါတယ်။ ရှောင်မီဟာ အဲဒီ ဖုန်းကို မိတ်ဆက်ပြီးတာနဲ့ အမြောက်အများ ထုတ်လုပ်ရောင်းချနိုင်အောင် ပြင်ဆင်နေပါတယ်။

Leave a Reply