XIAOMI မှ MI 8 EXPLORER EDITION အားစတင်ရောင်းချ

0
1139




unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Xiaomi အနေနဲ့  Mi 8, Xiaomi Mi 8 SE ဖုန်းတွေကို ဈေးကွက်အတွင်း ကြိုတင်ရောင်းချခဲ့ပေမယ့် မနေ့ကအထိ XIAOMI MI 8 EXPLORER EDITION ကို ရောင်းချခဲ့ခြင်းမရှိပါဘူး။ ဒီနေ့မှာတော့  Mi 8 ဖုန်းရဲ့ အဆင့်မြင့်ဗားရှင်းဖြစ်တဲ့ Xiaomi Mi 8 Explorer Edition ကို တရုတ်မှာရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၃၆၀၀ (ဒေါ်လာ ၅၂၇)  ဖြစ်ပါတယ်။

Mi 8 Explorer Edition မှာ Mi 8 ထပ်ပိုထူးခြားလာ မှာတွေကတော့ In-display Fingerprint Sensor, 3D Face Recognition နဲ့ Transparent Back Cover တို့ပဲဖြစ်ပါတယ်။ Mi 8 နဲ့ Mi 8 Explorer Edition တွေမှာ ဖုန်းရဲ့ကျောဘက်ခြမ်းကို Glass Panel သုံးထားတာခြင်း တူပေမယ့် Mi 8 Explorer Edition စမတ်ဖုန်းမှာတော့ ဖုန်းရဲ့ကျောဘက်ခြမ်းအတွင်းအစိတ်အပိုင်းများကို လှပစွာ ဖောက်ထွင်း မြင်တွေ့နေရမယ့် Glass Panel ဒီဇိုင်းနဲ့တန်ဆာဆင်ထားတာပါ။

Mi 8 Explorer Edition ကိုတော့ 8GB RAM /128GB  တမျိုးတည်းသာ ထုတ်လုပ်ပေးထားပါတယ်။ သူ့မှာ မျက်နှာပြင် 6.21″ Full Screen Display နဲ့အတူ AMOLED Display ကို အသုံးပြုထားပါတယ်။ Notch လည်းပါဝင်လာခဲ့ပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး  (18.7:9 ratio)  ရှိပါတယ်။ ကျောဘက်ကင်မရာကတော့ dual-camera ဖြစ်ပြီး 1.4μm pixels, f/1.8 aperture နဲ့ Dual Pixel autofocus ရတဲ့ 12MP ကင်မရာနဲ့ aperture f/2.4, 2x optical zoom, 4-axis OIS ပါဝင်တဲ့ 12MP telephoto ကင်မရာတွေကိုသုံးထားပါတယ်။

Leave a Reply