IFA 2018 မွာ SONY XPERIA XA3 ဖုန္းကိုပါ မိတ္ဆက္လာႏုိင္

0
920

Sony အေနနဲ႔  IFA 2018 ပြဲမွာ စမတ္ဖုန္းသစ္ ျဖစ္တဲ့ Sony Xperia XZ3 ကိုမိတ္ဆက္သြားမယ္လို႔  သတင္းျဖန္႔ေဝထားပါတယ္။ ဒီေန႔မွာေတာ့ Sony ရဲ႕ေနာက္ထပ္ စမတ္ဖုန္းသစ္တစ္လုံးကို တရုတ္ႏုိင္ငံ TENAA မွာမွတ္ပုံတင္ထားတဲ့ အခ်က္အလက္ေတြ ထြက္လာပါတယ္။ ေမာ္ဒယ္နံပါတ္ H4413 နဲ႔ျဖစ္ၿပီး Xperia XA3 ဖုန္းအသစ္ ျဖစ္လာႏိုင္ပါတယ္။  သူ႕ကိုလည္း IFA 2018 ပြဲမွာ Xperia XZ3 နဲ႔အတူပြဲထုတ္လာႏုိင္ပါတယ္။

ဖုန္းနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပထားျခင္း မရွိေပမယ့္ သူ႕မွာ Android OS အသစ္နဲ႔ LTE ေထာက္ပံ့မႈ သုံးလာဖုိ႔ မ်ားပါတယ္။ Sony အေနနဲ႔ ၿပီးခဲ့တဲ့လအနည္းငယ္က Xperia XA2 ဖုန္းကို မိတ္ဆက္ေပးခဲ့ၿပီး သူ႕မွာပုံမွန္ 16:9 full HD display သာသုံးခဲ့ပါတယ္။ အခုဖုန္းမွာေတာ့ ထပ္မံတိုးျမင့္မႈေတြ ပါဝင္ဖုိ႔မ်ားၿပီး edge-to-edge 18:9 အခ်ိဳးနဲ႔ Full HD+ (2160 x 1080) display သုံးလာႏုိင္ပါတယ္။

Sony Xperia XZ3 ကေတာ့ ထြက္လာဖို႔ေသခ်ာေနၿပီး သူ႕မွာ  47MP resolution ကင္မရာတပ္ဆင္လာမယ္လို႔ သိရပါတယ္။ Sony Xperia XZ3 ရဲ႕အခ်က္အလက္ေတြလည္း GFXBench မွာထြက္ရွိၿပီး သူ႕မွာ 1440 x 2880 (QHD+) resolution နဲ႔အတူ Adreno 630 GPU သုံးလာမယ္လို႔ ဆိုပါတယ္။ ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ XZ2 ရဲ႕ 3,180mAh ထက္ပိုႀကီးတဲ့ 3,240mAh ကိုထည့္သြင္းလာမွာျဖစ္ၿပီး Quick Charge 3.0 ကိုေထာက္ပ့ံလာႏုိင္ေျခရွိပါတယ္။ dual SIM သုံးႏုိင္မွာျဖစ္ၿပီး 4G VoLTE ေထာက္ပံ့မႈ ပါဝင္လာမွာပါ။ Snapdragon 845 သာသံုးလာမွာျဖစ္ၿပီး အခ်က္အလက္သိုေလွာင္မႈပိုင္းအတြက္ 6GB RAM မွာ 128GB သုံးလာမယ္လို႔ သိရပါတယ္။

unicode

Sony အနေနဲ့  IFA 2018 ပွဲမှာ စမတ်ဖုန်းသစ် ဖြစ်တဲ့ Sony Xperia XZ3 ကိုမိတ်ဆက်သွားမယ်လို့  သတင်းဖြန့်ဝေထားပါတယ်။ ဒီနေ့မှာတော့ Sony ရဲ့နောက်ထပ် စမတ်ဖုန်းသစ်တစ်လုံးကို တရုတ်နိုင်ငံ TENAA မှာမှတ်ပုံတင်ထားတဲ့ အချက်အလက်တွေ ထွက်လာပါတယ်။ မော်ဒယ်နံပါတ် H4413 နဲ့ဖြစ်ပြီး Xperia XA3 ဖုန်းအသစ် ဖြစ်လာနိုင်ပါတယ်။  သူ့ကိုလည်း IFA 2018 ပွဲမှာ Xperia XZ3 နဲ့အတူပွဲထုတ်လာနိုင်ပါတယ်။

ဖုန်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိပေမယ့် သူ့မှာ Android OS အသစ်နဲ့ LTE ထောက်ပံ့မှု သုံးလာဖို့ များပါတယ်။ Sony အနေနဲ့ ပြီးခဲ့တဲ့လအနည်းငယ်က Xperia XA2 ဖုန်းကို မိတ်ဆက်ပေးခဲ့ပြီး သူ့မှာပုံမှန် 16:9 full HD display သာသုံးခဲ့ပါတယ်။ အခုဖုန်းမှာတော့ ထပ်မံတိုးမြင့်မှုတွေ ပါဝင်ဖို့များပြီး edge-to-edge 18:9 အချိုးနဲ့ Full HD+ (2160 x 1080) display သုံးလာနိုင်ပါတယ်။

Sony Xperia XZ3 ကတော့ ထွက်လာဖို့သေချာနေပြီး သူ့မှာ  47MP resolution ကင်မရာတပ်ဆင်လာမယ်လို့ သိရပါတယ်။ Sony Xperia XZ3 ရဲ့အချက်အလက်တွေလည်း GFXBench မှာထွက်ရှိပြီး သူ့မှာ 1440 x 2880 (QHD+) resolution နဲ့အတူ Adreno 630 GPU သုံးလာမယ်လို့ ဆိုပါတယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ XZ2 ရဲ့ 3,180mAh ထက်ပိုကြီးတဲ့ 3,240mAh ကိုထည့်သွင်းလာမှာဖြစ်ပြီး Quick Charge 3.0 ကိုထောက်ပံ့လာနိုင်ခြေရှိပါတယ်။ dual SIM သုံးနိုင်မှာဖြစ်ပြီး 4G VoLTE ထောက်ပံ့မှု ပါဝင်လာမှာပါ။ Snapdragon 845 သာသုံးလာမှာဖြစ်ပြီး အချက်အလက်သိုလှောင်မှုပိုင်းအတွက် 6GB RAM မှာ 128GB သုံးလာမယ်လို့ သိရပါတယ်။

Leave a Reply