Samsung Galaxy Note 9ရဲ႕ ေစ်းႏႈန္းအတိအက်ထြက္ေပၚလာ

0
1366

Samsung ဟာ  Galaxy Note9 စမတ္ဖုန္းကို ၾသဂုတ္လ ၉ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ ဖုန္းအသစ္နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ ေန႔စဥ္လိုလိုထြက္ရွိလ်က္ရွိၿပီး ဒီေန႔မွာေတာ့အင္ဒိုနီးရွားစမတ္ဖုန္းေစ်းကြက္အတြင္းကေန  Galaxy Note9 ရဲ႕ေစ်းႏႈန္းေတြ ေပါက္ၾကားထြက္ရွိလာပါတယ္။ ထြက္ရွိလာတဲ့ ေစ်းႏႈန္းေတြမွာေတာ့  128 GB  ဗားရွင္းကို ေဒၚလာ 940 နဲ႔ 512 GB ကိုေတာ့ ေဒၚလာ 1,215 သတ္မွတ္ထားပါတယ္။ Samsung Galaxy Note9 ကိုအာရွပစိဖိတ္ေစ်းကြက္အတြက္ Black, Blue နဲ႔ Copper အေရာင္ေတြ ေရာင္းခ်သြားမွာျဖစ္ပါတယ္။

သူ႕မွာ screen ကို  6.3 inches မွာ Super AMOLED 2K display  နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ၿပီး 12MP အဓိကကင္မရာကို သုံးလာမွာျဖစ္ၿပီး ဒုတိယကင္မရာရဲ႕ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာကို သုံးထားမွာပါ။

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ အင္ဒုိနီးရွားမွာ August 1 ရက္ကေန 9 ရက္ေန႕အထိ Pre-order မွာယူတဲ့သူတုိင္းကုိ လက္ေဆာင္အမ်ားအျပား ေပးသြားဖြယ္ရွိပါတယ္။

unicode

Samsung ဟာ  Galaxy Note9 စမတ်ဖုန်းကို သြဂုတ်လ ၉ရက်နေ့မှာ မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ ဖုန်းအသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာ နေ့စဉ်လိုလိုထွက်ရှိလျက်ရှိပြီး ဒီနေ့မှာတော့အင်ဒိုနီးရှားစမတ်ဖုန်းဈေးကွက်အတွင်းကနေ  Galaxy Note9 ရဲ့ဈေးနှုန်းတွေ ပေါက်ကြားထွက်ရှိလာပါတယ်။ ထွက်ရှိလာတဲ့ ဈေးနှုန်းတွေမှာတော့  128 GB  ဗားရှင်းကို ဒေါ်လာ 940 နဲ့ 512 GB ကိုတော့ ဒေါ်လာ 1,215 သတ်မှတ်ထားပါတယ်။ Samsung Galaxy Note9 ကိုအာရှပစိဖိတ်ဈေးကွက်အတွက် Black, Blue နဲ့ Copper အရောင်တွေ ရောင်းချသွားမှာဖြစ်ပါတယ်။

သူ့မှာ screen ကို  6.3 inches မှာ Super AMOLED 2K display  နည်းပညာသုံးလာမှာဖြစ်ပြီး  18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ Dual ဖြစ်ပြီး 12MP အဓိကကင်မရာကို သုံးလာမှာဖြစ်ပြီး ဒုတိယကင်မရာရဲ့ အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့ 8MP ကင်မရာကို သုံးထားမှာပါ။

ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB  နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ August 1 ရက်ကနေ 9 ရက်နေ့အထိ Pre-order မှာယူတဲ့သူတိုင်းကို လက်ဆောင်အများအပြား ပေးသွားဖွယ်ရှိပါတယ်။

Leave a Reply