Oppo Find X ကကွေးညွှတ်မှုစမ်းသပ်နေချိန်မှာကျရှုံးခဲ့တာတောင်မှ ကင်မရာကတော့ ဆက်လက်လုပ်ဆောင်နေဆဲ

0
1317

Zawgyi version

Oppo Find X ကတော့ ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ဆုံးထိပ်ဘောင် အနားသတ်အထိ screen အပြည့်ဖြစ်ပြီး ဖုန်းရဲ့ ရှေ့ Selfie camera နဲ့ အခြား Sensor တွေဟာလည်း ဖုန်းရဲ့ Screen ထိပ်မှာ မပါဝင်တော့ပါဘူး။ ဒါ့အပြင် ဖုန်းရဲ့ နောက်ဘက်ခြမ်းဒီဇိုင်း အနေအထား မှာလည်း Camera တွေမပါဝင်တော့ပါဘူး။ Oppo Find X စမတ်ဖုန်းမှာ Slider Mechanism ကိုအသုံးပြုပြီး Camera Module တစ်ခုလုံးကို ဖုန်းရဲ့ ရှေ့ Display အခြမ်းနဲ့ ဖုန်းရဲ့ နောက်ဖုံးအကြားအလယ် Middle Frame ထဲမှာ Slider Module ရှေ့ဘက်မျက်နှာပြင်မှာတော့ Selfie Camera, Earpiece Speaker နဲ့ အခြား sensorတစ်ချို့ပါဝင်ပြီး နောက်ဘက် မျက်နှာပြင်မှာတော့ Dual Camera တွေနဲ့ Flash တွေပါဝင်ပါတယ်။

Camera app ကိုဖွင့်လိုက်တာနဲ့ ထို Slider Module ကဖုန်းရဲ့ အပေါ်ကို ထွက်လာမှာပါ။ Vivo Nex မှာတုန်းကလည်း Selfie Camera ကို ဖုန်းရဲ့ ထိပ်ဘောင်ထဲကနေ ထွက်လာမယ့် Pop-up Camera ပုံစံလေးဖန်တီးထားခဲ့ပြီး ယခု Oppo Find X မှာတော့ ဖုန်းရဲက ရှေ့/ နောက် Camera အကုန်လုံးကို ဖုန်းကိုယ်ထည်အတွင်းထဲ မြှုပ်ထားတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးထားတာ တွေ့ရမှာပါ။ သူက Fingerprint Scanner လုံးဝမပါဝင်တော့ဘဲ iPhone X မှာကဲ့သို့မျက်နှာနဲ့ Lock ဖွင့်ရမယ့် 3D Face Scanning feature ကိုပဲ ထည့်သွင်းထားပါတယ်။ မျက်နှာနဲ့ Lock ဖွင့်ဖို့လိုအပ်တဲ့အခါမှာလည်း Camera Module ကဖုန်းကိုယ်ထည်ထဲကနေ အပေါ်ကိုတက်လာမှာပါ။

သူ့ကို ထုတ်လုပ်ပြီးတဲ့အချိန်မှာ ဘယ်လောက်အကြမ်းခံပြီး ရေရှည်မှာ ဘယ်လောက်အသုံးခံတယ်ဆိုတာကိုစမ်းသပ်ထားတဲ့ ဗွီဒီယိုဖိုင်လေး ထွက်ရှိလာပါတယ်။ ဒီဗွီဒီယိုကိုကြည့်ပြီး Oppo က ပုံမှန် ဖုန်းတွေမှာ ကင်မရာထားရှိသလို  မဟုတ်ဘဲကိုယ်ထည်မှာ မြှုပ်ထားတဲ့အတွက် ကင်မရာပိုင်းမှာတော်တော်အကုန်ကျခံထားတယ်ဆိုတာသိသာပါတယ်။ Nelson က Find X ကိုဘယ်အတိုင်းအတာထိ ကွေးညွှတ်နိုင်လဲဆိုတာကို စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်နေဆဲမှာပဲ display နဲ့ glass ကအက်ပြီး ကွဲထွက်သွားပါတယ်။ flagship အလုံးတွေအနေနဲ့ ဒီလိုဖြစ်စဉ်ကတော့ တော်တော်ရှားပါတယ်။

အနောက်မှန်ကိုခွာပြီးကြည့်လိုက်တဲ့အချိန်မှာ သူက ဘေးဘောင်တွေ အနည်းငယ်ထိခိုက်ပေမယ့် ကင်မရာအထုတ်အသွင်း ကတော့ လုပ်ဆောင် နေဆဲပါပဲ။ ဖုန်းရဲ့အတွင်းကိုယ်ထည်ထဲမှာ သတ္ထု ထည့်မထားတာကြောင့် အလွယ်တကူကွေးနိုင်တာပဲဖြစ်ပါတယ်။

အဆိုးထဲကအကောင်းကိုပြောရမယ်ဆိုရင်တော့ Nelson ကကွဲအက်သွားတဲ့ မှန်ကို ဖယ်ရှားလိုက်ပြီး ကင်မရာအထုတ်အသွင်းရဲ့ လုပ်ဆောင်ပုံကို သေချာပြသခဲ့ပါတယ်။ Vivo Nex ဖုန်းလိုမျိုးကြားထဲမှာ motor နဲ့ကင်မရာအထုတ်အသွင်းပြုလုပ်ထားတာပါ။ Vivo ဖုန်းရဲ့ဒီဇိုင်းကတော့ selfie ရိုက်ဖို့အတွက်အားစိုက်စရာမလိုဘဲကင်မရာအထုတ်အသွင်းက auto လုပ်ဆောင်ပေးမှာပါ။

ကင်မရာထွက်လာတဲ့အချိန်မှာအခန်းငယ်အပေါက်များစွာကိုတွေ့ရမှာပါ။ အဲ့အရာတွေကကင်မရာအထုတ်အသွင်းလုပ်လို့ကြာတဲ့အချိန်မှာပျက်စီးနိုင်ပြီးအပေါက်တွေကတစ်ဆင့် system ထဲကိုအပိုင်းအစတွေဝင်နိုင်တဲ့အတွက် ရေရှည်မှာသိပ်တော့ အဆင်မပြေလှပါဘူး။ တစ်ကယ်လို့ ကင်မရာပိုင်း အထုတ်အသွင်းမှာထိခိုက်မှုရှိသွားရင် တစ်ခြား sensor တွေကိုလဲ ထိခိုက် စေနိုင်တဲ့အတွက် user တွေအတွက်တော့ အသုံးပြုဖို့ အခက်တွေ့စေနိုင် ပါတယ်။ ဘာလို့လဲဆိုတော့ သူကကင်မရာ module ထဲမှာ sensor တွေရော ပေါင်းပြီးထည့်သွင်းထားလို့ပဲဖြစ်ပါတယ်။

တစ်ကယ်လို့မင်းက Find X ကိုဝယ်ဖို့စိတ်ဆန္ဒပြင်းပြနေတယ် ဆိုရင်တော့ ဖုန်းအတွက် case ကောင်းကောင်းလေး လိုအပ်ပါတယ်။ ဒါ့အပြင် ဖုန်းကို ဘောင်းဘီ နောက်အိတ်ထောင် ထဲထည့်ထားခြင်းမလုပ်ပါနဲ့။ အဓိက က ကင်မရာ အထုတ်အသွင်းလုပ်တဲ့နေရာကို ဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ သူကပြောထားတာတော့ကင်မရာအထုတ်အသွင်းကိုအကြိမ်များစွာလုပ်နိုင်တယ်ဆိုပေမဲ့အချိန်ဘယ်လောက်ထိသုံးနိုင်လဲဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ အံသြစရာကောင်းတာကတော့ ဖုန်းမျက်နှာပြင် ပျက်စီးကြေမွသွားတာကိုတောင် ကင်မရာက သူ့လုပ်ဆောင်ချက်ကို မပျက်ကွက်ဘဲလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

 

Leave a Reply