ေရွ႕ဘက္မ်က္ႏွာျပင္မွာ Notch အေသးစားေလးပါဝင္လာမယ့္ Oppo F9

0
850

ၿပီးခဲ့တဲ့ ဇြန္လက  Oppo အေနနဲ႔သူတုိ႔ရဲ႕ high-end စမတ္ဖုန္းျဖစ္တဲ့  Find X ဖုန္းကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အခုေတာ့ တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ F စီးရီးဖုန္းေတြရဲ႕ ေနာက္ထပ္စမတ္ဖုန္း တစ္လုံးကို ထုတ္ဖို႔ျပင္ဆင္ေနပါၿပီ။ Oppo အေနနဲ႔ စမတ္ဖုန္းသစ္ျဖစ္တဲ့ Oppo F9 မိတ္ဆက္မယ့္ အခ်ိန္ကို တိက်စြာမေျပားေသးေပမယ့္ ထြက္ဖုိ႔ အခ်ိန္ကေတာ့ သိပ္မၾကာေတာ့ပါဘူး။ Oppo ရဲ႕ F series ဖုန္းေတြဟာ selfie ရိုက္ကူးမႈ အပိုင္းကို ဦးစားေပးတဲ့ ဖုန္းအမ်ိဳးအစားေတြ ျဖစ္ပါတယ္။

F5 မွာတုန္းက 20MP အေရွ႕ဘက္ကင္မရာနဲ႔ ျဖစ္ၿပီး F7 ေရာက္တဲ့အခ်ိန္မွာေတာ့ 25MP အေရွ႕ဘက္ကင္မရာကို အဆင့္ျမင့္ လာခဲ့ပါတယ္။ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္ၿပီး ဒီေန႔ထြက္လာတဲ့ ဓာတ္ပုံတစ္ခုမွာေတာ့ Oppo F9 ရဲ႕ထိပ္ဘက္မွာ Essential Phone ပုံစံ Notch ေသးေသးေလး ထည့္ထားတာကို ေတြ႕ရပါတယ္။

တရုတ္ကုမၸဏီဟာ ဖုန္းသစ္ကို ဗားရွင္း ၂မ်ိဳးနဲ႔ ထုတ္လုပ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ OPPO F9, OPPO F9 Pro ဖုန္းေတြဟာ Bluetooth အသိအမွတ္ျပဳမႈကိုလည္း ရရွိထားၿပီ ျဖစ္တာေၾကာင့္ပါ။ စမတ္ဖုန္း၂လုံးထဲက OPPO F9 မွာပရိုဆက္ဆာ အေနနဲ႔ MediaTek P60 ကိုအသုံးျပဳလာႏုိင္ေျခရွိပါတယ္။ ဒီေန႔ထိေတာ့ ဖုန္းအသစ္ေတြနဲ႔ပတ္သတ္လို႔ အရမ္းတိက်တဲ့ အခ်က္အလက္ေတြကို မသိရွိရေသးပါဘူး။ Bluetooth 4.2 အတြက္တင္ထားတာျဖစ္ၿပီး ေမာ္ဒယ္နံပါတ္ေတြကေတာ့ CPH 1823, CPH 1825, CPH 1881 ဆိုၿပီးျဖစ္ပါတယ္။

unicode

ပြီးခဲ့တဲ့ ဇွန်လက  Oppo အနေနဲ့သူတို့ရဲ့ high-end စမတ်ဖုန်းဖြစ်တဲ့  Find X ဖုန်းကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အခုတော့ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ F စီးရီးဖုန်းတွေရဲ့ နောက်ထပ်စမတ်ဖုန်း တစ်လုံးကို ထုတ်ဖို့ပြင်ဆင်နေပါပြီ။ Oppo အနေနဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ Oppo F9 မိတ်ဆက်မယ့် အချိန်ကို တိကျစွာမပြေားသေးပေမယ့် ထွက်ဖို့ အချိန်ကတော့ သိပ်မကြာတော့ပါဘူး။ Oppo ရဲ့ F series ဖုန်းတွေဟာ selfie ရိုက်ကူးမှု အပိုင်းကို ဦးစားပေးတဲ့ ဖုန်းအမျိုးအစားတွေ ဖြစ်ပါတယ်။

F5 မှာတုန်းက 20MP အရှေ့ဘက်ကင်မရာနဲ့ ဖြစ်ပြီး F7 ရောက်တဲ့အချိန်မှာတော့ 25MP အရှေ့ဘက်ကင်မရာကို အဆင့်မြင့် လာခဲ့ပါတယ်။ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်ပြီး ဒီနေ့ထွက်လာတဲ့ ဓာတ်ပုံတစ်ခုမှာတော့ Oppo F9 ရဲ့ထိပ်ဘက်မှာ Essential Phone ပုံစံ Notch သေးသေးလေး ထည့်ထားတာကို တွေ့ရပါတယ်။

တရုတ်ကုမ္ပဏီဟာ ဖုန်းသစ်ကို ဗားရှင်း ၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် OPPO F9, OPPO F9 Pro ဖုန်းတွေဟာ Bluetooth အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီ ဖြစ်တာကြောင့်ပါ။ စမတ်ဖုန်း၂လုံးထဲက OPPO F9 မှာပရိုဆက်ဆာ အနေနဲ့ MediaTek P60 ကိုအသုံးပြုလာနိုင်ခြေရှိပါတယ်။ ဒီနေ့ထိတော့ ဖုန်းအသစ်တွေနဲ့ပတ်သတ်လို့ အရမ်းတိကျတဲ့ အချက်အလက်တွေကို မသိရှိရသေးပါဘူး။ Bluetooth 4.2 အတွက်တင်ထားတာဖြစ်ပြီး မော်ဒယ်နံပါတ်တွေကတော့ CPH 1823, CPH 1825, CPH 1881 ဆိုပြီးဖြစ်ပါတယ်။

 

Leave a Reply