Posted on Leave a comment

Oppo က F9 Pro ရဲ႕ဓါတ္ပံုကို ျပသ

ၿပီးခဲ့တဲ့ ရက္မ်ားက Oppo F9 လာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ အခုေတာ့ သူ႔ရဲ႕ Pro Version ကိုလည္း ထုတ္လုပ္ေရာင္းခ်မယ္လို႔ ကုမၸဏီက အတည္ျပဳလိုက္ပါတယ္။ သူ႔ရဲ႕ ဓါတ္ပံုကိုလည္း ျပသထားပါတယ္။ ဓါတ္ပံုမွာ လွ်င္ျမန္စြာ အားသြင္းနိုင္တဲ့ VOOC နည္းပညာပါလာမယ္လို႔ ေရးသားထားပါတယ္။ Notch ဟာလည္း ႀတိဂံပံုသ႑ာန္ ျဖစ္ေနတာကထူးျခားပါတယ္။

စကရင္ရဲ႕ အထက္၊ ဘယ္နဲ႔ ညာဘက္မွ ေဘာင္မ်ားဟာ မရွိသေလာက္ကို ပါးလႊာပါတယ္။ ေအာက္ဘက္မွာေတာ့ ပါးလႊာတဲ့ေဘာင္ေလး ပါပါတယ္။ အေနာက္ဘက္မွာ Fingerprint Sensor ထည့္သြင္းထားမယ္လို႔ ထင္ရပါတယ္။

Oppo ရဲ႕ VOOC နည္းပညာဟာ အလြန္ အစြမ္းထက္ပါတယ္။ မိနစ္ ၃၀ အတြင္းမွာ ဖုန္းတစ္လံုးကို ၅၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ ဒီနည္းပညာကို စြမ္းရည္သင့္ R Series နဲ႔ Find Series မ်ားမွာ ထည့္သြင္းေပးေလ့ရွိပါတယ္။ ဒါေပမယ့္ ေနာက္ပုိင္းမွာ F Series မ်ားမွာပါ ထည့္သြင္းေပးလာပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ေၾကညာခဲ့တဲ့ F3 Plus မွာ ဒီနည္းပညာ စတင္ ပါလာပါတယ္။

Oppo F9 Pro မွာ အေနာက္ကင္မရာ ႏွစ္လံုးကို အလ်ားလိုက္ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ အေနာက္ကာဗာရဲ႕ အေရာင္ဟာ အနီကေန ပန္းေရာင္၊ ပန္းေရာင္ကေန ခရမ္းေရာင္ ေျပာင္းလဲႏုိင္တာက ထူးျခားပါတယ္။ ပတ္၀န္းက်င္ အလင္းေရာင္ အေပၚ မူတည္၍ ေျပာင္းလဲတာလား၊ ပံုေသ ေျပာင္းလဲတာလား ဆိုတာကို မသိရေသးပါဘူး။

unicode

Oppo က F9 Pro ရဲ့ဓါတ်ပုံကို ပြသ

ပြီးခဲ့တဲ့ ရက်များက Oppo F9 လာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ အခုတော့ သူ့ရဲ့ Pro Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ သူ့ရဲ့ ဓါတ်ပုံကိုလည်း ပြသထားပါတယ်။ ဓါတ်ပုံမှာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC နည်းပညာပါလာမယ်လို့ ရေးသားထားပါတယ်။ Notch ဟာလည်း တြိဂံပုံသဏ္ဍာန် ဖြစ်နေတာကထူးခြားပါတယ်။

စကရင်ရဲ့ အထက်၊ ဘယ်နဲ့ ညာဘက်မှ ဘောင်များဟာ မရှိသလောက်ကို ပါးလွှာပါတယ်။ အောက်ဘက်မှာတော့ ပါးလွှာတဲ့ဘောင်လေး ပါပါတယ်။ အနောက်ဘက်မှာ Fingerprint Sensor ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။

Oppo ရဲ့ VOOC နည်းပညာဟာ အလွန် အစွမ်းထက်ပါတယ်။ မိနစ် ၃၀ အတွင်းမှာ ဖုန်းတစ်လုံးကို ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ ဒီနည်းပညာကို စွမ်းရည်သင့် R Series နဲ့ Find Series များမှာ ထည့်သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ F Series များမှာပါ ထည့်သွင်းပေးလာပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့တဲ့ F3 Plus မှာ ဒီနည်းပညာ စတင် ပါလာပါတယ်။

Oppo F9 Pro မှာ အနောက်ကင်မရာ နှစ်လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကာဗာရဲ့ အရောင်ဟာ အနီကနေ ပန်းရောင်၊ ပန်းရောင်ကနေ ခရမ်းရောင် ပြောင်းလဲနိုင်တာက ထူးခြားပါတယ်။ ပတ်ဝန်းကျင် အလင်းရောင် အပေါ် မူတည်၍ ပြောင်းလဲတာလား၊ ပုံသေ ပြောင်းလဲတာလား ဆိုတာကို မသိရသေးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.