0
1032
unicode
OnePlus က 3 နဲ့ 3T တို့အတွက် Android P ကို ဖြန့်ချီပေးမယ်လို့ အတည်ပြု
OnePlus 3 နဲ့ 3T တို့ကိုထုတ်လုပ်ရောင်းချထားတာ ၂ နှစ်ကြာပါပြီ။ ဖုန်းကုမ္ပဏီ အများစုဟာ ဖုန်း အဟောင်းများအတွက် Android OS အသစ်များကို ဖန်တီးပေးခြင်း မရှိပါဘူး။ ဒါပေမယ့် OnePlus ကတော့ သူ့ရဲ့ ဖုန်း အဟောင်းများ ဖြစ်တဲ့ 3 / 3T တို့အတွက် Android P ကို ဖန်တီးပေးမယ်လို့ ဖိုရမ်မှာ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက 3/3T တို့အတွက် Android P ကို အဓိက ပြုလုပ်ပေးမှာ ဖြစ်ပြီး Android 8.1 Update ကိုတော့ မဖြန့်ချီပေးတော့ဘူးလို့ ပြောပါတယ်။
OnePlus က “ကုမ္ပဏီမှာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက်မှာ 3/3T တို့အတွက် Android P ကို ဖြန့်ချီပေးဖို့ သဘောတူညီလိုက်ပါတယ်။ Customer များရဲ့ တောင်းဆိုမှုကြောင့် ဒီလိုပြုလုပ်ပေးလိုက်တာပါ။ Android 8.1 ကိုတော့ မထုတ်လုပ်ပေးတော့ပါဘူး။ “ လို့ ပြောပါတယ်။
လက်ရှိမှာ 3/3T တို့ဟာ Android 8.0 ကို ရရှိထားပြီးပါပြီ။ Android P ကို OnePlus 6 , OnePlus 5 , OnePlus 5T တို့အတွက် အရင်ဆုံး ဖြန့်ချီပေးမှာ ဖြစ်ပြီး အဲဒီနောက်မှာ 3/3T တို့မှာ ရရှိမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက 3/3T တို့အတွက် ဖြန့်ချီပေးမယ့် အချိန်အတိအကျကိုတော့ မပြောသေးပါဘူး။ ယခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဖြန့်ချီပေးမယ်လို့ မျှော်လင့်ရပါတယ်။
လက်ရှိမှာ OnePlus က 6 အတွက် Android P Beta ကိုဖြန့်ချီပေးဖို့ Google နဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ အဲဒီအတွက် 3/3T တို့ဟာ Android P ကို ရရှိဖို့ အချိန်ကြာမြင့်ဦးမှာပါ။
Leave a Reply