BMW က လာမယ့္ႏွစ္မွာ စမတ္နာရီကို ေရာင္းမည္

0
945

BMW က လာမယ့္နွစ္မွာ သူ႔ရဲ႕ပထမဆံုး စမတ္နာရီကို ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္တယ္လို႔ ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းနဲ႔ Specs မ်ားကိုေတာ့ လက္ရွိမွာမသိရေသးပါဘူး။ ဒါေပမယ့္ Concept Image ကိုေတာ့ ကုမၸဏီက ျပသထားပါတယ္။ BMW က စမတ္နာရီမ်ားကို ထုတ္လုပ္ေရာင္းခ်ဖို႔ Fossil Group နဲ႔ ပူးေပါင္းထားပါတယ္။

BMW နဲ႔ Fossil Group တို႔ဟာ ၂၀၂၃ ခုႏွစ္ မတိုင္ခင္အထိ ပူးေပါင္းဖို႔ သေဘာတူညီမႈ ရယူထားပါတယ္။ အဲဒီအတြက္လာမယ့္ ေလးႏွစ္အတြင္းမွာ BMW က စမတ္နာရီမ်ားစြာကို ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္ဆိုေပမယ့္ အခ်ိန္အတိအက်ကို BMW က ေျပာၾကားျခင္း မရွိေသးပါဘူး။

Fossil Group ဟာ Diesel, Emporio Armiani, Kate Spade နဲ႔ Michael Kors တို႔လို Brand မ်ားအတြက္ စမတ္နာရီမ်ားကို ဖန္တီးေပးေနပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာ Fossil Group က Puma အတြက္ စမတ္နာရီမ်ားကို ဖန္တီးေပးမွာ ျဖစ္ၿပီး လာမယ့္ႏွစ္မွာ ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။

အခုေတာ့ Fossil Group က BMW အတြက္ပါ ဖန္တီးေပးေတာ့မွာပါ။ “ BMW ဟာ ကမာၻ႕ အထင္ကရ Brand တစ္ခုပါ။ ကမာၻအ၀န္းမွ BMW Fans မ်ား စိတ္ေက်နပ္ေအာင္ အေကာင္းဆံုး ဖန္တီးေပးမွာပါ။ “ လို႔ Fossil Group ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ Kosta Kartsotis က ေျပာပါတယ္။

unicode

BMW က လာမယ့်နှစ်မှာ စမတ်နာရီကို ရောင်းမည်

BMW က လာမယ့်နှစ်မှာ သူ့ရဲ့ပထမဆုံး စမတ်နာရီကို ထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းနဲ့ Specs များကိုတော့ လက်ရှိမှာမသိရသေးပါဘူး။ ဒါပေမယ့် Concept Image ကိုတော့ ကုမ္ပဏီက ပြသထားပါတယ်။ BMW က စမတ်နာရီများကို ထုတ်လုပ်ရောင်းချဖို့ Fossil Group နဲ့ ပူးပေါင်းထားပါတယ်။

BMW နဲ့ Fossil Group တို့ဟာ ၂၀၂၃ ခုနှစ် မတိုင်ခင်အထိ ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။ အဲဒီအတွက်လာမယ့် လေးနှစ်အတွင်းမှာ BMW က စမတ်နာရီများစွာကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ်ဆိုပေမယ့် အချိန်အတိအကျကို BMW က ပြောကြားခြင်း မရှိသေးပါဘူး။

Fossil Group ဟာ Diesel, Emporio Armiani, Kate Spade နဲ့ Michael Kors တို့လို Brand များအတွက် စမတ်နာရီများကို ဖန်တီးပေးနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ Fossil Group က Puma အတွက် စမတ်နာရီများကို ဖန်တီးပေးမှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

အခုတော့ Fossil Group က BMW အတွက်ပါ ဖန်တီးပေးတော့မှာပါ။ “ BMW ဟာ ကမ္ဘာ့ အထင်ကရ Brand တစ်ခုပါ။ ကမ္ဘာအဝန်းမှ BMW Fans များ စိတ်ကျေနပ်အောင် အကောင်းဆုံး ဖန်တီးပေးမှာပါ။ “ လို့ Fossil Group ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Kosta Kartsotis က ပြောပါတယ်။

Leave a Reply