Uncategorized

Walmart က Online Video Streaming နယ္ပယ္ကို ၀င္ေရာက္ေတာ့မည္

Walmart ဟာ ၂၀၁၀ ခုႏွစ္မွာ Online Film Streaming Service တစ္ခု ျဖစ္တဲ့ Vudu ကို ၀ယ္ယူထားပါတယ္။ အခုေတာ့ ကုမၸဏီက Online Video Streaming Service အသစ္တစ္ခုကို ျပဳလုပ္ဖို႔ အတြက္ ပိုမို အားထည့္လာပါတယ္။ သူက အဲဒီ နယ္ပယ္မွာ ကာလရွည္ၾကာ အေတြ႕အၾကဳံရွိတဲ့ Mark Greenberg ကို အလုပ္ခန္႔အပ္လိုက္ပါတယ္။

Greenberg ဟာ ယခင္ႏွစ္က Epix ရဲ႕ အရာရွိခ်ဳပ္ ရာထူးကေန ထြက္ခဲ့တာ ျဖစ္ပါတယ္္။ သူဟာ HBO နဲ႔ Showtime တို႔မွာလည္း အရာရွိ ရာထူးမ်ားကို ထမ္းေဆာင္ခဲ့ပါေသးတယ္။ Walmart ဟာ ဒီနယ္ပယ္မွာ ေနရာရေနၿပီ ျဖစ္တဲ့ Netflix , Hulu , AT&T , Amazon တို႔နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ အတြင္း သတင္းမ်ားအရ Walmart ဟ ၿမိဳ႕ငယ္မ်ားမွ လူမ်ားကို အထူးျပဳတဲ့အေနနဲ႔ ေစ်းႏႈန္းခ်ိဳသာတဲ့ ၀န္ေဆာင္မႈကိုျပဳလုပ္ေပးမယ္လို႔ သိရပါတယ္။

Walmart ဟာ သူကိုယ္တုိင္ ရိုက္ကူးတဲ့ ရုပ္ရွင္၊ စီးရီးမ်ားကို ျပသမလား၊ အျခား ကုမၸဏီမ်ားရဲ႕ Content မ်ားကို လိုင္စင္ယူၿပီး ျပသမလားဆိုတာ မသိရေသးပါဘူး။ ၂ ခုစလံုးကိုလည္း ျပဳလုပ္နုိင္ပါတယ္။ Walmart က ၀န္ေဆာင္မႈကို ခ်က္ခ်င္း စတင္ဦးမွာ မဟုတ္ဘူးလို႔ သတင္းမ်ားက ဆိုပါတယ္။ Walmart က အေမရိကန္မွာ ေႏြရာသီ ေႏွာင္းပိုင္း သို႔မဟုတ္ ေဆာင္းရာသီ အေစာပိုင္းက်မွသာ ဒီ၀န္ေဆာင္မႈကို ျပဳလုပ္မယ္လို႔ ထင္ရပါတယ္။

သူ႔ရဲ႕ ၀န္ေဆာင္မႈ အသစ္ဟာ Vudu နဲ႔ ကြဲျပားမွာပါ။ Vudu ဟာ လက္ရွိမွာ သူ႔ရဲ႕ နယ္ပယ္တြင္ သိပ္ၿပီး ေအာင္ျမင္မႈ မရထားပါဘူး။

unicode

Walmart က Online Video Streaming နယ်ပယ်ကို ဝင်ရောက်တော့မည်

Walmart ဟာ ၂၀၁၀ ခုနှစ်မှာ Online Film Streaming Service တစ်ခု ဖြစ်တဲ့ Vudu ကို ဝယ်ယူထားပါတယ်။ အခုတော့ ကုမ္ပဏီက Online Video Streaming Service အသစ်တစ်ခုကို ပြုလုပ်ဖို့ အတွက် ပိုမို အားထည့်လာပါတယ်။ သူက အဲဒီ နယ်ပယ်မှာ ကာလရှည်ကြာ အတွေ့အကြုံရှိတဲ့ Mark Greenberg ကို အလုပ်ခန့်အပ်လိုက်ပါတယ်။

Greenberg ဟာ ယခင်နှစ်က Epix ရဲ့ အရာရှိချုပ် ရာထူးကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ HBO နဲ့ Showtime တို့မှာလည်း အရာရှိ ရာထူးများကို ထမ်းဆောင်ခဲ့ပါသေးတယ်။ Walmart ဟာ ဒီနယ်ပယ်မှာ နေရာရနေပြီ ဖြစ်တဲ့ Netflix , Hulu , AT&T , Amazon တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်း သတင်းများအရ Walmart ဟ မြို့ငယ်များမှ လူများကို အထူးပြုတဲ့အနေနဲ့ ဈေးနှုန်းချိုသာတဲ့ ဝန်ဆောင်မှုကိုပြုလုပ်ပေးမယ်လို့ သိရပါတယ်။

Walmart ဟာ သူကိုယ်တိုင် ရိုက်ကူးတဲ့ ရုပ်ရှင်၊ စီးရီးများကို ပြသမလား၊ အခြား ကုမ္ပဏီများရဲ့ Content များကို လိုင်စင်ယူပြီး ပြသမလားဆိုတာ မသိရသေးပါဘူး။ ၂ ခုစလုံးကိုလည်း ပြုလုပ်နိုင်ပါတယ်။ Walmart က ဝန်ဆောင်မှုကို ချက်ချင်း စတင်ဦးမှာ မဟုတ်ဘူးလို့ သတင်းများက ဆိုပါတယ်။ Walmart က အမေရိကန်မှာ နွေရာသီ နှောင်းပိုင်း သို့မဟုတ် ဆောင်းရာသီ အစောပိုင်းကျမှသာ ဒီဝန်ဆောင်မှုကို ပြုလုပ်မယ်လို့ ထင်ရပါတယ်။

သူ့ရဲ့ ဝန်ဆောင်မှု အသစ်ဟာ Vudu နဲ့ ကွဲပြားမှာပါ။ Vudu ဟာ လက်ရှိမှာ သူ့ရဲ့ နယ်ပယ်တွင် သိပ်ပြီး အောင်မြင်မှု မရထားပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.