10.5-inch display နဲ႔ Snapdragon 450 သုံးလာမယ့္ Galaxy Tab A2 XL

0
869

ဒီေန႔မွာေတာ့ SamMobile ကေန Samsung ရဲ႕တက္ဘလက္သစ္ျဖစ္တဲ့ Tab A တက္ဘလက္နဲ႔ ေမာ္ဒယ္နံပါတ္နဲ႔ အခ်က္အလက္ေတြ ေပါက္ၾကားထြက္ရွိလာပါတယ္။ SamMobile ထြက္လာတဲ့ ဓာတ္ပုံေတြအရ Galaxy Tab A2 XL လို႔နာမည္ေပးထားၿပီး သူ႔မွာ Snapdragon 450 ပရိုဆက္ဆာသုံးလာမယ္လို႔ ဆိုပါတယ္။ လက္ရွိခန္႔မွန္းခ်က္ေတြအရေတာ့ Tab A2 XL ကို Samsung ရဲ႕ Galaxy Tab S4 နဲ႔အတူ တခ်ိန္တည္းမိတ္ဆက္လာ ႏုိင္ပါတယ္။ Samsung Galaxy Tab S4 ကိုေတာ့ ၾသဂုတ္လ၁ရက္ေန႕မွာ မိတ္ဆက္ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Galaxy Tab A2 XL ဟာ mid-range တက္ဘလက္ အမ်ိဳးအစားျဖစ္ၿပီး သူ႕မွာ 10.5-inch display နဲ႔အတူ 1920x1200px resolution သုံးထားပါတယ္။ ပါဝါစြမ္းအားပိုင္းအတြက္  7,300 mAh ဘက္ထရီကိုသုံးထားမွာ ျဖစ္ၿပီး ပရိုဆက္ဆာကိုေတာ့ Qualcomm ရဲ႕အလယ္အလတ္အဆင့္ရွိ Snapdragon 450 CPU နဲ႔ 3GB RAM ကိုသုံးလာမွာ ျဖစ္ပါတယ္။ ကင္မရာကိုေတာ့ ေနာက္ေက်ာဘက္မွာ 8MP နဲ႔ျဖစ္ၿပီး၊ အေရွ႕ဘက္မွာေတာ့ 5MP ကိုသာသုံးထားမွာ ျဖစ္ပါတယ္။ Tab A2 XL မွာ Android Oreo 8.1 ကိုတပါတည္း ထည့္သြင္းလာမွာပါ။

Samsung Galaxy Tab S4 ကိုလည္း မိတ္ဆက္သြားႏုိင္ၿပီး သူ႕မွာေတာ့ 10.5-inch screen နဲ႔အတူ  2560 x 1600 pixels ျဖစ္ၿပီး 16:10 အခ်ိဳးကိုသုံးထားပါတယ္။ ကိုယ္ထည္ကိုပိုမိုေကာင္းမြန္လာေစဖို႔ လက္ေဗြဖတ္စနစ္ကို ဖယ္ရွားၿပီး Face unlock စနစ္ကို သုံးလာႏုိင္ပါတယ္။  hardware စြမ္းေဆာင္ခ်က္ပိုင္းမွာေတာ့ Qualcomm ရဲ႕ Snapdragon 835 ပရိုဆက္ဆာ နဲ႔အတူ 4GB RAM ၊ 64GB storage ကိုသုံးလာဖို႔ မ်ားပါတယ္။

unicode

ဒီနေ့မှာတော့ SamMobile ကနေ Samsung ရဲ့တက်ဘလက်သစ်ဖြစ်တဲ့ Tab A တက်ဘလက်နဲ့ မော်ဒယ်နံပါတ်နဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ရှိလာပါတယ်။ SamMobile ထွက်လာတဲ့ ဓာတ်ပုံတွေအရ Galaxy Tab A2 XL လို့နာမည်ပေးထားပြီး သူ့မှာ Snapdragon 450 ပရိုဆက်ဆာသုံးလာမယ်လို့ ဆိုပါတယ်။ လက်ရှိခန့်မှန်းချက်တွေအရတော့ Tab A2 XL ကို Samsung ရဲ့ Galaxy Tab S4 နဲ့အတူ တချိန်တည်းမိတ်ဆက်လာ နိုင်ပါတယ်။ Samsung Galaxy Tab S4 ကိုတော့ သြဂုတ်လ၁ရက်နေ့မှာ မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Galaxy Tab A2 XL ဟာ mid-range တက်ဘလက် အမျိုးအစားဖြစ်ပြီး သူ့မှာ 10.5-inch display နဲ့အတူ 1920x1200px resolution သုံးထားပါတယ်။ ပါဝါစွမ်းအားပိုင်းအတွက်  7,300 mAh ဘက်ထရီကိုသုံးထားမှာ ဖြစ်ပြီး ပရိုဆက်ဆာကိုတော့ Qualcomm ရဲ့အလယ်အလတ်အဆင့်ရှိ Snapdragon 450 CPU နဲ့ 3GB RAM ကိုသုံးလာမှာ ဖြစ်ပါတယ်။ ကင်မရာကိုတော့ နောက်ကျောဘက်မှာ 8MP နဲ့ဖြစ်ပြီး၊ အရှေ့ဘက်မှာတော့ 5MP ကိုသာသုံးထားမှာ ဖြစ်ပါတယ်။ Tab A2 XL မှာ Android Oreo 8.1 ကိုတပါတည်း ထည့်သွင်းလာမှာပါ။

Samsung Galaxy Tab S4 ကိုလည်း မိတ်ဆက်သွားနိုင်ပြီး သူ့မှာတော့ 10.5-inch screen နဲ့အတူ  2560 x 1600 pixels ဖြစ်ပြီး 16:10 အချိုးကိုသုံးထားပါတယ်။ ကိုယ်ထည်ကိုပိုမိုကောင်းမွန်လာစေဖို့ လက်ဗွေဖတ်စနစ်ကို ဖယ်ရှားပြီး Face unlock စနစ်ကို သုံးလာနိုင်ပါတယ်။  hardware စွမ်းဆောင်ချက်ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 835 ပရိုဆက်ဆာ နဲ့အတူ 4GB RAM ၊ 64GB storage ကိုသုံးလာဖို့ များပါတယ်။

Leave a Reply