Pixel 3 မှာပါဝင်မယ့် Gmail, photos နဲ့ drive ပုံစံဒီဇိုင်းသစ်များ ပေါက်ကြားလာ

0
1066

Zawgyi version







Unicode version

Google က Android app တွေကို ဒီဇိုင်းတွေပြောင်းတော့မှာပဲ ဖြစ်ပါတယ်။
အသစ်ထွက်ရှိမယ့် Pixel 3 series မှာ Android P နဲ့ ကိုက်ညီမယ့် ဒီဇိုင်းအဆန်းလေးတွေကို ထည့်သွင်းအသုံးပြုမှာပဲ ဖြစ်ပါတယ်။ Google apps တွေဖြစ်တဲ့ Gmail, Google Photos, Google Drive, and Google Trips တွေကို လှပတဲ့ Material Design တွေအဖြစ်ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။
အောက်မှာပြထားတဲ့ ပုံတွေအတိုင်း ခုလက်ရှိသုံးနေတဲ့ app ရဲ့ current version နဲ့ Material Design ကိုယှဉ်ပြထားတာပဲ ဖြစ်ပါတယ်။ Google ကတော့ ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းသစ်ဘက်ကို ဦးစားပေးထားပါတယ်။ ဒီဇိုင်းကာလာတွေနဲ့ UI တွေကို ပြောင်းလဲထားတာပဲ ဖြစ်ပါတယ်။


ပြောရမယ်ဆိုရင်တော့ Gmail app က သူ့ရဲ့ ဘေးအနားသတ်က အနီရောင်တွေအစား အဖြူရောင်ကို သုံးထားပါတယ်။ ထိပ်မှာတော့
Gmail experience တွေကို ထားရှိပေးထားပြီး ပိုပြီးအဆင်ပြေအောင် လုပ်ပေးထားပါတယ်။ သိသိသာသာပြောင်းလဲထားတာကတော့ menu နဲ့ search icon ကို အရင်တုန်းက ထိပ်မှာထားပေမဲ့ ခုအသစ်မှာတော့ အောက်ဘက်ကို ပြောင်းလိုက်တာပါ။ အဲ့လိုပြောင်းလိုက်တာက သုံးရတာ ပိုလွယ်ကူစေမှာဖြစ်ပြီး one-handed mode သုံးတဲ့သူတွေအတွက်လဲ သုံးရတာ အဆင်ပြေစေမှာပါ။ Android P မှာတော့ အရင်တုန်းက သုံးလာတာကြာတဲ့ Android version တုန်းက iconic navigation တွေကို ဖယ်ရှားပြစ်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အောက်ဘက်ကို ပြောင်းလိုက်တဲ့ menu က သုံးရတာ အဆင်ပြေစေမှာ ဖြစ်ပြီး သင်ရောက်ရှိနေတဲ့ page ပေါ်မူတည်ပြီး additional element တွေကိုလဲ တွေ့ရဦးမှာ ဖြစ်ပါတယ်။

Google Photos မှာတော့ အရင်တုန်းကလို အရောင်စုံတွေမဟုတ်တော့ဘဲ အဖြူရောင်ပြောင်းပေးထားပါတယ်။ အရောင်တွေကို ရွေးချယ်ချင်ရင်လဲ ရွေးချယ်စရာ အရောင်တွေပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ခုလိုပြောင်းလိုက်ခြင်းအားဖြင့် ကြည့်ရတာ ပိုပြီး ရှင်းလင်းပြီး အမြင်အေးစေမှာပဲ ဖြစ်ပါတယ်။

Google Drive မှာတော့ အရင်တုန်းက tab bar ကို အောက်ခြေမှာ ထားရှိပြီးတော့ ခုတော့ ဆန်းသစ်သွားအောင် ထိပ်ဘက်မှာ ပြောင်းလိုက်ပါတယ်။
Google Trips မှာလဲ အဖြူရောင်ကို အဓိကထားသုံးထားပြီး search bar ကိုထိပ်မှာ ထားရှိပေးထားပါတယ်။ ခုလိုဒီဇိုင်းပြောင်းထားတာတွေကို user တွေထဲဘယ်ချိန်ရောက်မယ် ဆိုတာကိုတော့ သေသေချာချာပြောပြ ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ Google ကတော့ သူ့ရဲ့ ဒီဇိုင်းအသစ်တွေကို နောက်ထွက်ရှိမဲ့ Android P မှာ အသုံးပြုဖို့အတွက် ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထွက်ရှိမဲ့ Google Pixel 3 မှာစတင်ထည့်သွင်းအသုံးပြုမှာပဲ ဖြစ်ပါတယ်။

Leave a Reply