
0
1127




unicode

Panasonic က အကြမ်းခံတဲ့ Toughbook Device များကို ပြသ

Panasonic က Toughbook Device အသစ်များကို ပြသလိုက်ပါတယ်။ FZ-T1 Phone နဲ့ FZ-L1 Tablet များ ဖြစ်ပြီး အကြမ်းခံအောင် ပြုလုပ်ထားပါတယ်။ ဒီဇိုင်းများက လှပပါတယ်။ FZ-T1 မှာ ၅ လက်မ မျက်နှာပြင်၊ Android 8.0 Oreo များထည့်ထားပါတယ်။ သူဟာ အလုပ်ကြမ်း လုပ်သူများအတွက် သင့်တော်ပြီး ကုန်ပစ္စည်းများရဲ့ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိနိုင်ဖို့ Barcode Scanner ထည့်ထားပါတယ်။ တစ်နေ့တာလုံး ဖုန်းသုံးလို့ ရအောင် ဘက်ထရီကို လျှင်မြန်စွာ လဲလှယ်နိုင်အောင် ဖန်တီးထားပါတယ်။ IP6668 စံနှုန်းရှိပြီး ဖုန်၊ ရေနဲ့အပူဒဏ်များကို ခံနိုင်ပါတယ်။

FZ-L1 ကို ကားများမှာ တပ်ဆင်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ၇ လက်မ မျက်နှာပြင်၊ Android 8.1 Oreo ၊ Quad-Core Snapdragon CPU များ ထည့်သွင်းထားပါတယ်။ ငါးပေ အမြင့်ကနေပြုတ်ကျတာကိုခံနိုင်ပါတယ်။ သူ့မှာလည်း Barcode Scanner ပါပါတယ်။ WiFi နဲ့ Nano-SIM Card များ ထည့်ထားပါတယ်။

Device ၂ ခုစလုံးကို ဒေါ်လာ ၁၅၀ သတ်မှတ်ထားပါတယ်။ ၁ နှစ်ကြာ Warranty ကို ရရှိမှာပါ။ “ ဒီနေ့ မိတ်ဆက်လိုက်တဲ့ Device များဟာ လုပ်ငန်းခွင်ထဲမှာတောင် သုံးနိုင်ပါတယ်။ အသုံးပြုရတာ လွယ်ကူပါတယ်။ အဆင့်မြင့် Barcode Scanning ၊ သက်တမ်းကြာရှည်တဲ့ ဘက်ထရီ၊ မြန်နှုန်းမြင့် ဆက်သွယ်မှုများ ပါပါတယ်။ လုပ်ငန်းခွင်များမှာ သူတို့ကို သုံးရင် စမတ်ကျ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ “ လို့ Panasonic ရဲ့ ဈေးကွက်နဲ့ ထုတ်ကုန် စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Brian Rowley က ပြောပါတယ်။

Leave a Reply