ၾသဂုတ္ ၁ရက္ေန႔မွာေရာင္းခ်သြားမယ့္ Honor Play Special Edition စမတ္ဖုန္း

0
1286

တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ Huawei ဟာကုမၸဏီရဲ႕  sub-brand လို႔ဆိုႏိုင္တဲ့  Honor Play အထူးဗားရွင္းဖုန္းကို ေနာက္လအစပိုင္းမွာ ေရာင္းခ်ဖုိ႔ ျပင္ဆင္ေနပါတယ္။  အဲ့ဒါကေတာ့ ေနာက္ေက်ာဘက္မွာ ေလဆာေရာင္ျခည္ထြင္းလိုင္းထည့္ထားတဲ့ Honor Play ဖုန္းျဖစ္ၿပီး  ၾသဂုတ္ ၁ရက္ေန႔ ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

၆.၃ လက္မ 1080x2280p Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 19:9 ျဖစ္ပါတယ္။ 3D Game Sound မ်ားနဲ႔ 7.1 Channel Virtualization ကို ေထာက္ပံ့တဲ့ Huawei Histen အသံနည္းပညာ ထည့္သြင္းထားပါတယ္။ အရြယ္ႀကီးမားတဲ့ 3750mAh ဘက္ထရီတပ္ဆင္ေပးထားၿပီး  Android 8.1 Oreo အေျချပဳ EMUI 8.2 ကို ထည့္သြင္းထားတဲ့ ပထမဆံုး Honor Phone ျဖစ္ပါတယ္။ အဓိကကင္မရာကေတာ့ 16MP+2MP Dual Rear တပ္ဆင္ထားၿပီး ရႈခင္းေပါင္း ၅၀၀ ေက်ာ္ကို အာရံုခံႏိုင္ပါတယ္။

ကင္မရာေတြမွာ Kirin က ေထာက္ပံ့တဲ့ ဥာဏ္ရည္တု နည္းပညာ ပါပါတယ္။ အေရွ႕ဘက္မွာ 16MP ကင္မရာ ပါၿပီး Apple ရဲ႕ iPhone မွာလို 3D Portrait Lighting ကို ေထာက္ပံ့ပါတယ္။ စြမ္းေဆာင္ရည္ျမင့္တဲ့ ဂိမ္းေတြကိုေဆာ့ကစားႏိုင္ဖုိ႔ GPU Turbo ကိုလည္း ထည့္ေပးထားပါတယ္။ စမတ္ဖုန္းသစ္ကို အနက္ေရာင္နဲ႔ အနီေရာင္ အေရာင္ ၂မ်ိဳးနဲ႔သာ ထုတ္လုပ္သြားမွာျဖစ္ပါတယ္။ Honor Play Special Edition ရဲ႕ေစ်းႏႈန္းကေတာ့  ယြမ္ 2,499 (ေဒၚလာ366 )သတ္မွတ္ထားၿပီး ၁ရက္ေန႔ မနက္၁၀နာရီမွာ စတင္ေရာင္းခ်သြား မွာျဖစ္ပါတယ္။ မူရင္းဖုန္းေတြရဲ႕ ေစ်းႏႈန္းကေတာ့ 4GB RAM/64GB Storage ပါတဲ့ အေျခခံ ေမာ္ဒယ္ကို ၃၁၀ ေဒၚလာနဲ႔ 6GB RAM ေမာ္ဒယ္ကို ၃၇၅ ေဒၚလာ ျဖစ္ပါတယ္။

unicode

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Huawei ဟာကုမ္ပဏီရဲ့  sub-brand လို့ဆိုနိုင်တဲ့  Honor Play အထူးဗားရှင်းဖုန်းကို နောက်လအစပိုင်းမှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။  အဲ့ဒါကတော့ နောက်ကျောဘက်မှာ လေဆာရောင်ခြည်ထွင်းလိုင်းထည့်ထားတဲ့ Honor Play ဖုန်းဖြစ်ပြီး  သြဂုတ် ၁ရက်နေ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၆.၃ လက်မ 1080x2280p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ 3D Game Sound များနဲ့ 7.1 Channel Virtualization ကို ထောက်ပံ့တဲ့ Huawei Histen အသံနည်းပညာ ထည့်သွင်းထားပါတယ်။ အရွယ်ကြီးမားတဲ့ 3750mAh ဘက်ထရီတပ်ဆင်ပေးထားပြီး  Android 8.1 Oreo အခြေပြု EMUI 8.2 ကို ထည့်သွင်းထားတဲ့ ပထမဆုံး Honor Phone ဖြစ်ပါတယ်။ အဓိကကင်မရာကတော့ 16MP+2MP Dual Rear တပ်ဆင်ထားပြီး ရှုခင်းပေါင်း ၅၀၀ ကျော်ကို အာရုံခံနိုင်ပါတယ်။

ကင်မရာမှာ Kirin က ထောက်ပံ့တဲ့ ဉာဏ်ရည်တု နည်းပညာ ပါပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ပါပြီး Apple ရဲ့ iPhone မှာလို 3D Portrait Lighting ကို ထောက်ပံ့ပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ ဂိမ်းတွေကိုဆော့ကစားနိုင်ဖို့ GPU Turbo ကိုလည်း ထည့်ပေးထားပါတယ်။ စမတ်ဖုန်းသစ်ကို အနက်ရောင်နဲ့ အနီရောင် အရောင် ၂မျိုးနဲ့သာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Honor Play Special Edition ရဲ့ဈေးနှုန်းကတော့  ယွမ် 2,499 (ဒေါ်လာ366 )သတ်မှတ်ထားပြီး ၁ရက်နေ့ မနက်၁၀နာရီမှာ စတင်ရောင်းချသွား မှာဖြစ်ပါတယ်။ မူရင်းဖုန်းတွေရဲ့ ဈေးနှုန်းကတော့ 4GB RAM/64GB Storage ပါတဲ့ အခြေခံ မော်ဒယ်ကို ၃၁၀ ဒေါ်လာနဲ့ 6GB RAM မော်ဒယ်ကို ၃၇၅ ဒေါ်လာ ဖြစ်ပါတယ်။

Leave a Reply