Galaxy unpacked 2018 မွာဘာေတြမိတ္ဆက္လာမလဲ ?

0
2178

ကိုရီးယား စမတ္ဖုန္း ထုတ္လုပ္သူ Samsung အေနနဲ႔ ၾသဂုတ္လ ၉ရက္ေန႔ နယူးေယာက္မွာ ျပဳလုပ္မယ့္ Galaxy unpacked  2018 ပြဲမွာ Galaxy Note 9 ၊ Galaxy Watch တို႔နဲ႔အတူ  Wireless Charger Duo ကိုပါပြဲထုတ္မိတ္ဆက္လာႏုိင္ ေျခရွိပါတယ္။ ထုတ္ကုန္သစ္ေတြမွာ ဘယ္လိုစြမ္းေဆာင္ခ်က္ ေတြပါမလဲ

Galaxy Note 9

သူ႕မွာ screen ကို  6.3 inches မွာ Super AMOLED 2K display  နည္းပညာသုံးလာမွာျဖစ္ၿပီး  18.5: 9 အခ်ိဳးနဲ႔ျဖစ္မွာပါ။ ဒါ့အျပင္ Samsung အေနနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာ 4000mAh ကိုသုံးလာမွာျဖစ္ၿပီး S Pen ဟာ Bluetooth-controller စြမ္းေဆာင္ခ်က္ ေထာက္ပံ့လာမွာျဖစ္ပါတယ္။ ကင္မရာပိုင္းအတြက္ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ၿပီး 12MP အဓိကကင္မရာကို သုံးလာမွာျဖစ္ၿပီး ဒုတိယကင္မရာရဲ႕ အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ အေရွ႕ဘက္မွာေတာ့ 8MP ကင္မရာကို သုံးထားမွာပါ။

Image result for galaxy note 9

ပရိုဆက္ဆာပိုင္းမွာေတာ့ Exynos 9810 နဲ႔ Qualcomm Snapdragon 845 ဆိုၿပီးခြဲျခား ထြက္ရွိလာမွာပါ။ Galaxy Note 9 ကို 6GB RAM နဲ႔အတူ 64GB, 128 (သုိ႔) 256GB  နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး အထူးဗားရွင္း အေနနဲ႔ 8GBRAM /512GB သိုေလွာင္မႈနဲ႔ပါ ထုတ္လုပ္လာပါလိမ့္မယ္။ ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ Note 8 နဲ႔အဓိက ကြာျခားခ်က္အေနနဲ႔ fingerprint scanner ကို dual ကင္မရာရဲ႕ေအာက္ဘက္မွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

Image result for galaxy note 9

ေစ်းႏႈန္းေတြကေတာ့ 128GB ေမာ္ဒယ္ကို ယူရို 1050 (ေဒၚလာ 1230) နဲ႔ 512GB ကို  ယူရို 1250 (ေဒၚလာ1460) ျဖစ္လာမယ္လုိ႔ သိရပါတယ္။ Samsung အေနနဲ႔  Galaxy Note9 ဖုန္းကို အေရာင္ ၅မ်ိဳးနဲ႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး Galaxy Note9 ရဲ႕အေရာင္ေတြကေတာ့ Black, Silver, Lilac Purple, Brown နဲ႔ Coral Blue တုိ႔ပဲျဖစ္ပါတယ္။

Image result for Galaxy Watch\

Galaxy Watch

Samsung Galaxy Watch ကို အရြယ္အစား ၂မ်ဳိးနဲ႔ထုတ္လာႏိုင္ပါတယ္။ စမတ္နာရီ၂မ်ိဳးမွာ 1.19-inch round display  နဲ႔ 1.3-inch round display သုံးလာမယ္လို႔ သိရပါတယ္။ ေမာ္ဒယ္၂ခုလံုးမွာ LTE ကြန္ရက္ခိ်တ္ဆက္မႈနဲ႔ Wi-Fi 2.4GHz b/g/n ေထာက္ပံ့ေပးထားမွာပါ။ ၾကီးမားတဲ့နာရီကို SM-R805 နာမည္နဲ႔ ေသးငယ္တဲ့ အရြယ္ကိုေတာ့ SM-R815 ဆိုၿပီး model number ေပးထားပါတယ္။

Image result for Galaxy Wireless Charger Duo

Wireless Charger Duo

Wireless Charger Duo ဟာ  25W  output ျဖစ္ၿပီး ေမာ္ဒယ္နံပါတ္  EP-N6100 လို႔ေပးထားပါတယ္။ ဝုိင္ယာလက္အားသြင္းစက္ေလးအတြက္ အေကာင္း၊အဆိုး၂ခု ဒြန္တြဲလ်က္ရွိေနပါတယ္။ ေကာင္းကြက္ကေတာ့ ဒီစက္ေလးကို Note9 နဲ႔အတူ တြဲဖက္ မိတ္ဆက္လာမွာျဖစ္ၿပီး Note9 နဲ႔ Galaxy Watch ၂ခုလုံးကို တစ္ၿပိဳင္တည္း အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။ ဆိုးကြက္ကေတာ့ ႀကိဳးမဲ့အားသြင္းျမန္ဆန္တဲ့ စနစ္ကိုေထာက္ပံ့လာမွာ မဟုတ္ပါဘူး။

unicode

Galaxy unpacked 2018 မှာဘာတွေမိတ်ဆက်လာမလဲ ?
ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူ Samsung အနေနဲ့ သြဂုတ်လ ၉ရက်နေ့ နယူးယောက်မှာ ပြုလုပ်မယ့် Galaxy unpacked 2018 ပွဲမှာ Galaxy Note 9 ၊ Galaxy Watch တို့နဲ့အတူ Wireless Charger Duo ကိုပါပွဲထုတ်မိတ်ဆက်လာနိုင် ခြေရှိပါတယ်။ ထုတ်ကုန်သစ်တွေမှာ ဘယ်လိုစွမ်းဆောင်ချက် တွေပါမလဲ
Galaxy Note 9
သူ့မှာ screen ကို 6.3 inches မှာ Super AMOLED 2K display နည်းပညာသုံးလာမှာဖြစ်ပြီး 18.5: 9 အချိုးနဲ့ဖြစ်မှာပါ။ ဒါ့အပြင် Samsung အနေနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာ 4000mAh ကိုသုံးလာမှာဖြစ်ပြီး S Pen ဟာ Bluetooth-controller စွမ်းဆောင်ချက် ထောက်ပံ့လာမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအတွက် နောက်ကျောဘက်မှာ Dual ဖြစ်ပြီး 12MP အဓိကကင်မရာကို သုံးလာမှာဖြစ်ပြီး ဒုတိယကင်မရာရဲ့ အရည်အသွေးကိုတော့ မသိရသေးပါဘူး။ အရှေ့ဘက်မှာတော့ 8MP ကင်မရာကို သုံးထားမှာပါ။
ပရိုဆက်ဆာပိုင်းမှာတော့ Exynos 9810 နဲ့ Qualcomm Snapdragon 845 ဆိုပြီးခွဲခြား ထွက်ရှိလာမှာပါ။ Galaxy Note 9 ကို 6GB RAM နဲ့အတူ 64GB, 128 (သို့) 256GB နဲ့ထွက်ရှိလာမှာဖြစ်ပြီး အထူးဗားရှင်း အနေနဲ့ 8GBRAM /512GB သိုလှောင်မှုနဲ့ပါ ထုတ်လုပ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ Note 8 နဲ့အဓိက ကွာခြားချက်အနေနဲ့ fingerprint scanner ကို dual ကင်မရာရဲ့အောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းတွေကတော့ 128GB မော်ဒယ်ကို ယူရို 1050 (ဒေါ်လာ 1230) နဲ့ 512GB ကို ယူရို 1250 (ဒေါ်လာ1460) ဖြစ်လာမယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Galaxy Note9 ဖုန်းကို အရောင် ၅မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး Galaxy Note9 ရဲ့အရောင်တွေကတော့ Black, Silver, Lilac Purple, Brown နဲ့ Coral Blue တို့ပဲဖြစ်ပါတယ်။
Galaxy Watch
Samsung Galaxy Watch ကို အရွယ်အစား ၂မျိုးနဲ့ထုတ်လာနိုင်ပါတယ်။ စမတ်နာရီ၂မျိုးမှာ 1.19-inch round display နဲ့ 1.3-inch round display သုံးလာမယ်လို့ သိရပါတယ်။ မော်ဒယ်၂ခုလုံးမှာ LTE ကွန်ရက်ချိတ်ဆက်မှုနဲ့ Wi-Fi 2.4GHz b/g/n ထောက်ပံ့ပေးထားမှာပါ။ ကြီးမားတဲ့နာရီကို SM-R805 နာမည်နဲ့ သေးငယ်တဲ့ အရွယ်ကိုတော့ SM-R815 ဆိုပြီး model number ပေးထားပါတယ်။
Wireless Charger Duo
Wireless Charger Duo ဟာ 25W output ဖြစ်ပြီး မော်ဒယ်နံပါတ် EP-N6100 လို့ပေးထားပါတယ်။ ဝိုင်ယာလက်အားသွင်းစက်လေးအတွက် အကောင်း၊အဆိုး၂ခု ဒွန်တွဲလျက်ရှိနေပါတယ်။ ကောင်းကွက်ကတော့ ဒီစက်လေးကို Note9 နဲ့အတူ တွဲဖက် မိတ်ဆက်လာမှာဖြစ်ပြီး Note9 နဲ့ Galaxy Watch ၂ခုလုံးကို တစ်ပြိုင်တည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဆိုးကွက်ကတော့ ကြိုးမဲ့အားသွင်းမြန်ဆန်တဲ့ စနစ်ကိုထောက်ပံ့လာမှာ မဟုတ်ပါဘူး။

Leave a Reply